လာအိုမှာ လည်ပတ်သင့်တဲ့​နေရာ ၄ ခု

By Frank

Last Updated: June 12, 2026

Hot-Air balloon ride in Vang Vieng, a popular tourist destination in Laos

လာအိုမှာ လည်ပတ်သင့်တဲ့​နေရာ ၄ ခု

By Frank

Last Updated: June 12, 2026

လှပတဲ့တောတောင်ရေမြေရှုခင်းတွေ၊ တိတ်ဆိတ်ငြိမ်သက်မှုသန္တရသတွေ၊ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ သမိုင်းကြောင်းတွေ၊ လာအိုယဥ်ကျေးမှုတွေ၊ ထိုင်းအစားအသောက်နဲ့ အနည်းငယ်ကွဲပြားပြီး စားလို့ကောင်းတဲ့ လာအိုအစားအသောက်တွေ အစုံအလင်နဲ့ လာအိုနိုင်ငံက အရှေ့တောင်အာရှရဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ လည်ပတ်လို့​ကောင်းတဲ့နိုင်ငံတခုပါ…

ဒီ Blog ​လေးမှာ​တော့ လာအိုရဲ့ ကွဲပြားတဲ့ဟန်​တွေရှိတဲ့​နေရာ ၄ ခုကို ​ဖော်ပြ​ပေးပါမယ်… ကိုယ်ပိုင်ဟန်​တွေရှိ​တဲ့ ဒီ​နေရာ ၄ ခုက လာအိုရဲ့အလည်ပတ်သင့်ဆုံး​နေရာ​တွေထဲ ပါဝင်ပါတယ်…

Vientiane (ဗီယန်ကျင်းမြို့)

Patuxay Monument, also known as Victory Monument or Victory Gate, is a landmark and a top attraction in Vientiane, Laos.
ဗီယန်ကျင်းရဲ့အထင်ကရ Patuxay Monument

ဗီယန်ကျင်းမြို့က လာအိုနိုင်ငံရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ပါ… ဒီမြို့က လာအို-ထိုင်းနယ်နိမိတ်မျဥ်းပေါ်မှာ တည်ရှိတာမို့လို့ နိုင်ငံနယ်ခြားမျဥ်း​ပေါ်မှာရှိတဲ့ ရှားရှားပါးပါး ကမ္ဘာ့မြို့မြို့တော်အနည်းငယ်မှာ သူကပါဝင်ပါတယ်… 

ဗီယန်ကျင်းကိုလည်ပတ်ရင် အများဆုံးသတိထားမိကြတာနဲ့ အကြိုက်တွေ့ကြတာက သူကမြို့တော်ဖြစ်ပေမယ့် တည်တည်ငြိမ်ငြိမ်လေးနဲ့ ငြိမ်းချမ်းနေတာကိုပါဘဲ… မြို့ထဲမှာကိုက အဲ့ဒါကို ခံစားရတာပါ…

လည်မယ်ဆို ဒီမြို့မှာထူးခြားတဲ့နေရာတွေ ရှိပါတယ်… Buddha Park ရဲ့ ရုပ်ထုတွေက တခြားမှာရှာလို့မရနိုင်ဘူး… Wat Sisaket က သန္တရသအရမ်းဆန်ပြီး လှပတယ်… Patuxai Monument က ခန့်ထည်ပြီး ဗိသုကာပိုင်းအရ စိတ်ဝင်စားဖို့​ကောင်းတတယ်… စသဖြင့် လည်ပတ်စရာတွေနဲ့ လှပတဲ့ Vientiane ပါဘဲ…

Vang Vieng (ဗန်ဗီယန်မြို့)

A hot-air balloon ride is one of the things to do in Vang Vieng.
ပျော်ရွှင်စရာ Activity ​တွေစုံတဲ့ ဗန်ဗီယန်မြို့

Vang Vieng ရဲ့ ပတ်ဝန်းကျင်ရှုခင်းအလှက သူတင်မကဘဲ လာအိုတခုလုံးရဲ့ တကယ့် Highlight ပါ… မြို့ထဲကိုရောက်လို့ ရုတ်တရက်ဆိုရင် ‘ဒီမြို့က ဘာမှမဟုတ်ပါလား’ လို့ ထင်မိရတဲ့ ဒီမြို့ရဲ့အပြင်ဘက် ပတ်ဝန်းကျင်မှာက ​မြင့်မားမတ်​ဆောက်တဲ့​ကျောက်တောင်​တွေရဲ့အလှနဲ့ ​ထူးကဲပါတယ်…

ဒီမြို့မှာ ရှုခင်းတွေခံစားရုံတင်မဟုတ်ဘဲ ကိုယ့်ရဲ့ Holiday ကို အမြဲအမှတ်ရနေစေမယ့် Activity တွေကလည်းအပြည့်ရှိပါတယ်…

Hot Air Balloon ဒါမှမဟုတ် Paramotor စီးပြီး မြေပြင်ကနေထိုးထိုးထောင်ထောင်ထွက်နေတဲ့ ကျောက်တောင်ကြီးတွေရဲ့ သိပ်လှတဲ့မြင်ကွင်းကို ခံစားမလား… စိမ်းစိုနေတဲ့တောတောင်တွေထဲမှာ အရမ်းရင်ခုန်စရာ Zipline စီးမလား… အရမ်းသာယာတဲ့ Nam Xong မြစ်ထဲမှာ Kayak လှော်ရင်းငြိမ့်မလား… Blue Lagoon တွေမှာ ရေကူးမလား… စသဖြင့်​တွေနဲ့ ဗန်ဗီယန်ကပျော်စရာတွေ အရမ်းများပါတယ်…

Luang Prabang (လွမ်ပရာဘမ်မြို့)

The National Museum is one of the highlights of Luang Prabang.
လွမ်ပရာဘမ်မြို့လယ်က Haw Pha Bang

လွမ်ပရာဘမ်မြို့က UNESCO ကမ္ဘာ့ယဥ်​ကျေးမှုအမွေအနှစ်စာရင်းဝင်​နေရာပါ… ဒီမြို့တစ်မြို့လုံးရဲ့ အဆောက်အအုံတွေမှာ ပြင်သစ်ကိုလိုနီခေတ်ဗိသုကာလက်ရာနဲ့ လာအိုရိုးရာဟန်တွေကို အချိုးအစားကျကျပေါင်းစပ်ထားတဲ့ဒီဇိုင်းတွေကို ရှုမငြီးတွေ့ရမှာပါ… အဲ့ဒီအ​ဆောက်အအုံ​တွေက လွန်ခဲ့တဲ့ နှစ် ၁၀၀ ​ကျော်ကအလှ​တွေကို အခုထိ​ပေးစွမ်း​နေတုန်းပါဘဲ…

သူ့ရဲ့နောက်ထပ် Highlight တစ်ခုက ရှေးတချိန်က လင်းဇင်းပြည်ရဲ့မြို့တော်ဆိုတဲ့ သူ့ရဲ့သမိုင်းပါဘဲ… ပြီးတော့ သူ့မှာ လာအိုဟန်ပန်နဲ့ အရမ်းလှပတဲ့ Wat Xiengthong လိုမျိုး ဘုရားတွေရှိပါတယ်… နောက်တစ်ခုက မဲခေါင်မြစ်ရဲ့အလှပါ… လွမ်ပရာဘမ်က မဲခေါင်မြစ်ကမ်းပေါ်မှာတည်ရှိတာမို့ Mekong River Cruising လုပ်တာက နာမည်ကြီးပါတယ်… လွမ်ပရာဘမ်မြို့အပြင်က ကွမ်စီရေတံခွန်က အရှေ့တောင်အာရှဒေသမှာ အလှဆုံးရေတံခွန်တွေထဲတစ်ခုပါ…

Pakse (ပါက်ဆဲမြို့)

Pakse has several tourist highlights in UNESCO-listed Vat Phou, Si Phan Don also known as Four Thousand Islands, and the waterfalls of Bolevan Plateau.
ဘိုလဗန်ကုန်းမြင့် (Bolaven Plateau) ရဲ့တ​နေရာ (Photograph by Quang Nguyen Vinh)

လာအိုတောင်ပိုင်းရဲ့အလှတစ်ခုဖြစ်တဲ့ ပါက်ဆဲက လူသိအရမ်းမများတဲ့နေရာဆိုပေမယ့် ရောက်ဖူးလည်ဖူးတဲ့သူတိုင်း အရမ်းကြိုက်ကြပါတယ်… ပါက်ဆဲမြို့က လာအိုရဲ့အကြီးဆုံးမြို့တွေထဲကတစ်ခုပါ…

ကော်ဖီစိုက်ပျိုးရာဒေသမို့ ပါက်ဆဲမှာ Coffee က Highlight တစ်ခုဖြစ်နေပါတယ်… မြို့ထဲတဝိုက်မှာ ကော်ဖီဆိုင်ထိုင်၊ ကော်ဖီသောက်ရင်း ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ရှိနေတဲ့ ပါက်ဆဲကိုခံစားရတာ အတော်မိုက်ပါတယ်…

ပါက်ဆဲရဲ့ဝန်းကျင်မှာ UNESCO ရဲ့ ကမ္ဘာ့ယဥ်​ကျေးမှုအ​မွေအနှစ်​နေရာတစ်ခုဖြစ်တဲ့ ဝပ်ဖို (Vat Phou) လို့ခေါ်တဲ့ ခမာဟန်နဲ့ဘုရားကျောင်းအပြိုအပျက်ကြီးရယ်၊ ရေတံခွန်တွေပေါများတဲ့ Bolaven Plateau (ဘိုလဗန်ကုန်းမြင့်) ရယ်၊ နိုင်ငံရဲ့တောင်ဘက်အဖျားနားက Four Thousand Island လို့ခေါ်တဲ့နေရာရယ် စတာတွေက အရမ်းနာမည်ကြီးပါတယ်…

အဲ့ဒီ မြို့ ၄ မြို့က လာအိုရဲ့ Top Highlight တွေပါ… တစ်မြို့ချင်းစီမှာလည်း လည်စရာနေရာတွေ များတာကြောင့် သေချာလေး အစီအစဥ်ဆွဲပြီး လည်ပတ်သင့်ပါတယ်… လာအိုက အခုအချိန်မှာ အရမ်းကြီးမားပြီး မြန်ဆန်တဲ့ အပြောင်းအလဲလမ်းကြောင်းတစ်ခုပေါ်ရောက်နေတာပါ… ဒါ​ကြောင့်မို့ အခုလက်ရှိအလှတရားတွေ မပျောက်သွားခင်၊ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲကြီးတွေမဖြစ်ခင်မှာ ဒီနိုင်ငံလေးရဲ့အခုလက်ရှိအနေအထားကို နှံ့နှံ့စပ်စပ်လေး လည်ပတ်လေ့လာထားသင့်လှပါတယ်…

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.