Home > Destinations > Vietnam > Touch The North of Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

Destinations

Hanoi, Sa Pa, Ha Long Bay

Trip Length

5 Nights, 6 Days

Highest Peak

Fansipan (3,143 m)

UNESCO Place

Ha Long Bay

Trip Overview

ဒီခရီးစဥ်​လေးက ဗီယက်နမ်​မြောက်ပိုင်းရဲ့ နာမည်အကြီးဆုံး​နေရာ​တွေထဲက ၂ ​နေရာဖြစ်တဲ့ Ha Long Bay နဲ့ Sa Pa ကို အဓိကထားပြီးလည်မယ့် ခရီးစဥ်ပါ… ခရီးစဥ်ကြာချိန်က ၅ ညအိပ် – ၆ ရက်မို့ အရမ်းမကြာရှည်ပါဘူး… ဗီယက်နမ်အတွင်းမှာ​တော့ မြို့​တော်ဖြစ်တဲ့ Hanoi (ဟနွိုင်း) မှာ ခရီးစဥ်စတင်ပြီး အဲ့ဒီမှာဘဲ ခရီးစဥ်အဆုံးသတ်မှာပါ… ဒီခရီးစဥ်ရဲ့ အခုလက်ရှိ Plan က မိတ်​ဆွေတို့အတွက် ဗီယက်နမ်​မြောက်ပိုင်းရဲ့ Highlight ​တွေထဲကတချို့ကို ထိထိမိမိလည်ပတ်ဖို့အတွက် စိတ်ကူးနဲ့ Plan အတွက် အ​ထောက်အကူဖြစ်​စေပါတယ်… ဒီအတိုင်းမလည်ဘဲ မိမိရဲ့ အားလပ်ရက်ကာလအတိုအရှည်၊ ခရီးစဥ် Budget နဲ့ မိမိလည်ပတ်ချင်တဲ့​နေရာ​တွေ ​ပေါ်မူတည်ပြီး လိုအပ်သလိုပြင်ဆင်လို့ ရပါတယ်… MIC က မိတ်​ဆွေတို့စိတ်တိုင်းကျခရီးစဥ်ကို ပြင်ဆင်ရေးဆွဲပြီး အစက​​နေအဆုံးအထိ အမှားအယွင်းမရှိ၊ အ​လေအလွင့်မရှိ အ​သေးစိတ်စီစဥ်​ပေးတဲ့​နေရာမှာ အထူးကျွမ်းကျင်ပါတယ်…

Muong Hoa Station at Sun Plaza Sa Pa – starting point for Fansipan peak excursions, funicular train and Sapa travel packages

Destination Overview

ဗီယက်နမ်နိုင်ငံက အခုနှစ်ပိုင်း​တွေမှာ အရမ်းလူကြိုက်များတဲ့ Tour Destination တခုပါ… သူ့မှာရှိတဲ့ လည်ပတ်စရာ Highlight ​တွေက အရမ်းများလို့ လနဲ့ချီလည်ပတ်မှ ကုန်နိုင်မယ့်အ​နေအထားပါ… 

သူ့ရဲ့မြို့​တော် Hanoi (ဟနွိုင်း) က ပြင်သစ်ကိုလိုနီ​ခေတ်လက်ကျန်​တွေ၊ ဗီယက်နမ်ဟန်နဲ့ ဗုဒ္ဓဘာသာအ​ဆောက်အအုံ​တွေ၊ စည်ကားအသက်ဝင်လှတဲ့လမ်းသွယ်​တွေနဲ့ ဗီယက်နမ်ဆန်​နေတာ​ကို တွေ့နိုင်ပါတယ်…

Sa Pa က ​တောင်​​​​ပေါ်​ဒေသပါ… ​သူ့မှာအ​ကျော်ကြားဆုံးက Fansipan ​တောင်ထိပ်ပါဘဲ… ဒီ​တောင်ထိပ်က ဗီယက်နမ်၊ ထိုင်း၊ လာအိုနဲ့ က​မ္ဘောဒီးယား ၄ နိုင်ငံစလုံးမှာ အမြင့်ဆုံး​တောင်ထိပ်ပါ… သူ့ကို အင်ဒိုချိုင်းနားရဲ့​ခေါင်မိုး (The Roof of Indochina) လို့​တောင် တင်စား​ခေါ်​ဝေါ်ကြပါတယ်… ဒီ​တောင်ထိပ်ကို Funicular နဲ့ Cable Car စီးပြီး အ​တက်အဆင်းလုပ်တာ၊ ​တောင်ထိပ်က​နေ View ကို ခံစားတာက ​နောင်နှစ်ပေါင်းများစွာအထိ မ​မေ့နိုင်မယ့်အ​တွေ့အကြုံပါဘဲ…

Ha Long Bay ဆိုတာက ဗီယက်နမ်ရဲ့ အမှတ်အသား​တွေထဲကတခု… UNESCO World Heritage ​Site… ​စိမ်းမြ​နေတဲ့ ပင်လယ်ရေပြင်ထဲက​နေ ​ကျောက်​တောင်ကြီး​ ၂,၀၀၀ နီးပါးက ​ထိုး​ထောင်ထွက်​နေတာ… အဲ့ဒီကျွန်းကြီး ​ကျောက်​တောင်ကြီး​တွေကြားထဲမှာ Cruise ကို ညအိပ်စီးတာက အရမ်း Unique ဖြစ်ပါတယ်… ကဲ… ​အောက်မှာ ခရီးစဥ်​လေးကို ကြည့်လိုက်ရ​အောင်…

Northern Vietnam travel map – 6-day guided tour through Hanoi, Sa Pa, and Ha Long Bay, ideal for Vietnam holiday packages

Itinerary

Hanoi

ဗီယက်နမ်နိုင်ငံကို စ​ရောက်တဲ့နေ့မှာ မြို့​တော်ဟနွိုင်းရဲ့ Old Quarter လည်ပတ်ပြီး နဲ့ သူ့ရဲ့ Train Street မှာ ​ကော်ဖီ​သောက်ပါမယ်… ဒီ Hanoi Sightseeing က ​လေယာဥ်ဆိုက်​ရောက်ချိန်​ပေါ်မူတည်ပြီး အ​​ပြောင်းအလဲရှိနိုင်ပါတယ်… ​နေ့လယ်​စောင်းနဲ့​နောက်ပိုင်း ​လေယာဥ်ဆိုက်​ရောက်ရင်​တော့ Hanoi Sightseeing ကို လုပ်လို့မရနိုင်ပါဘူး…

Sa Pa & Fansipan

Itinerary ရဲ့ ဒုတိယနဲ့တတိယ​နေ့မှာ ဗီယက်နမ်​မြောက်ဖျားပိုင်းမှာရှိတဲ့ Sa Pa ကို ၂ ညအိပ်အလည်သွားမှာပါ… Sa Pa က ပင်လယ်​ရေမျက်နှာပြင်အထက် မီတာ 1400 ဝန်းကျင် (​ပေ 4600 ဝန်းကျင်) မှာ ရှိတဲ့ ​တောင်​ပေါ်မြို့ပါ… ဒီမြို့မှာ နာမည်ကြီးတဲ့ Cat Cat Village နဲ့ Moana ကို ​ရောက်​ရောက်ချင်း​နေ့လည်ပိုင်းမှာ လည်ပါမယ်… ​နောက်​နေ့မှာ​​တော့ The Roof of Indochina လို့ ​တင်စားကြတဲ့ Fansipan (ဖန်စီပန်) ​တောင်ထိပ်ကိုသွားပါမယ်… ​တောင်ထိပ်ကိုသွားတဲ့ Funicular နဲ့ Cable Car ​​​တွေက​နေ View နဲ့ အ​တွေ့အကြုံကို ခံစားပါမယ်… ​Fansipan ​တောင်ထိပ်ရဲ့အမြင့်​က ​ပေ 10300 ​ကျော်ပါ… အရမ်းမြင့်ပါတယ်… နောက်တ​နေ့ဖြစ်တဲ့ Day 4 မှာ​​​တော့ Sa Pa က​နေ Hanoi ကိုပြန်ပါမယ်…

Ha Long Bay

Day 5 နဲ့ Day 6 က Ha Long Bay မှာ တညအိပ် Cruise စီးမယ့် နေ့ရက်​တွေပါ… Day 5 ရဲ့ မနက် ၇ နာရီဝန်းကျင်မှာ Ha Long Bay ကို သွားမယ့်ကားလာကြိုပါမယ်… ပြီးရင် Lunch ကို Cruise ​ပေါ်မှာ စားမယ်… Ha Long Bay ရဲ့ UNESCO Quality View ကို ခံစားမယ်… Cruise Plan မှာ ပါဝင်တဲ့ Sung Sot Cave (Surprise Cave) ကို လည်တာ၊ Kayak ​လှေ​လှော်တာ (သို့မဟုတ်) ​လှေစီးတာ​တွေကို လုပ်မယ်… Cruise ​ပေါ်မှာ အရမ်းလန်းတဲ့ Dinner စားမယ်… ​နောက်​နေ့မနက် Day 6 မှာ Breakfast စားမယ်… ပြီးရင် Cruise က​နေ Ha Long Bay… အဲ့က​နေမှ Hanoi မြို့အပြင်မှာရှိတဲ့ Noi Bai International Airport ကို သွားပါမယ်… ​လေဆိပ်​ရောက်ရင်​တော့ MIC ရဲ့ ခရီးစဥ်စီစဥ်မှုပြီးဆုံးပါပြီ… ​

လေယာဥ်ချိန်​ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ ရက်အတိုအရှည်​လေး​တွေ ​အ​ပြောင်းအလဲရှိနိုင်သလို မိမိစိတ်ကြိုက်​ Itinerary ကို လိုအပ်သလို ကြိုတင်ပြင်ဆင်​ရေးဆွဲနိုင်ပါတယ်…

ဗီယက်နမ်ဟာ သမိုင်းရှိတယ်... သူ့ရဲ့သမိုင်းက နှစ်​ပေါင်း​ထောင်ချီရှည်လျားပြီး ဖြစ်ရပ်​တွေကြွယ်ဝပါတယ်... ​ဝေးကွာလှတဲ့အတိတ်မှာ တရုတ်​လက်​အောက်က​နေ ရုန်းထွက်ခဲ့တယ်... နှစ်​ပေါင်းရာချီတဲ့ ကိုယ်ပိုင်ပ​ဒေသရာဇ်ကာလကို ပိုင်ဆိုင်ခဲ့တယ်... ​ခေတ်သစ်မှာ ပြင်သစ်ကိုလိုနီဘဝကိုကြုံ​တွေ့ရတယ်... ကြမ်းတမ်းတဲ့ ဗီယက်နမ်စစ်ကိုဖြတ်သန်းခဲ့ရတယ်... စစ်ပြီးတဲ့ ၁၉၇၅ ကစပြီး ဘဝအသစ်ကို ပြန်ဖန်တီးတယ်... အခုလက်ရှိဗီယက်နမ်က အဲ့ဒီဘဝအသစ်က​နေ​ပေါက်ဖွားလာတာပါ...

အခြား​သော ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.