Culture Tour with Fun Activities
Phu Quoc: Grand World, Sunset Town
4 Nights, 5 Days
ဒီ ၄ညအိပ်-၅ရက်ခရီးစဥ်မှာ ဗီယက်နမ်ရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ Phu Quoc (ဖူဝက်) ကျွန်းရဲ့ Highlight တွေကို ထိတွေ့ခံစားမှာပါ… ကျွန်းတကျွန်းတည်းကိုလည်မှာဆိုပေမယ့် Top Highlight တွေ များပြားလှတဲ့ ဒီကျွန်းက ‘သွားမယ်… စားမယ်… တည်းမယ်… ပျော်မယ်… ဓါတ်ပုံလှလှတွေအများကြီးရိုက်မယ်’ ဆိုတဲ့ ပျော်စရာတွေတပုံတပင်နဲ့ပါ… ဒီခရီးစဥ်မှာ Phu Quoc ကျွန်းရဲ့ အလှနေရာတွေဖြစ်ကြတဲ့ Grand World နဲ့ Sunset Town တို့မှာ ၂ ညစီအိပ်မယ်… လည်ပတ်ပျော်ရွှင်စရာများလှတဲ့ VinWonders နဲ့ လူကြိုက်များတဲ့ Safari တို့ကိုလည်မယ်… ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ် Cable Car ကိုစီးမယ်… ဒါတွေက ဒီခရီးစဥ်ရဲ့ Top Memory တွေပါ…
ဒီ Tour Itinerary အတိုင်းမလည်ဘဲ မိမိရဲ့ အားလပ်ရက်ကာလအတိုအရှည်၊ ခရီးစဥ် Budget နဲ့ မိမိလည်ပတ်ချင်တဲ့နေရာတွေ ပေါ်မူတည်ပြီး မိမိစိတ်တိုင်းကျ Customised Tour Plan တွေကိုလည်း မိတ်ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်ရေးဆွဲပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစကနေအဆုံးထိ အမှားအယွင်းမရှိ၊ အလေအလွင့်မရှိ အသေးစိတ်စီစဥ်ပေးပါတယ်…
ကျွန်းရဲ့မြောက်ပိုင်းမှာရှိတဲ့ Grand World က ဟန်ပန်က အီတလီရဲ့ဗင်းနစ်မြို့ပါ… ဗင်းနစ်မြို့လိုရေပြင်ပေါ်မှာ တည်ရှိနေတာမဟုတ်ပေမယ့် Grand World ရဲ့ အဆောက်အအုံတွေရယ်၊ ဖန်တီးထားတဲ့မြစ်ပေါ်က Gondola လှေတွေက ဗင်းနစ်မြို့ရဲ့အငွေ့အသက်တွေကို ပေးပါတယ်…
Phu Quoc ကို ရောက်တဲ့ Day 1 မှာ Grand World ကို လည်ပတ်ပြီး ညအိပ်ပါမယ်… ဒုတိယနေ့မှာတော့ Phu Quoc ရဲ့ Top Highlight တခုဖြစ်တဲ့ VinWonders မှာ တနေကုန်လည်ပတ်ပါမယ်… ညနေမှာတော့ လူအင်အားမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဖျော်ဖြေတဲ့ Quintessence of Vietnam ဆိုတဲ့ Show ကို ကြည့်ရှုခံစားပါမယ်…
တတိယနေ့မှာ ဟိုတယ် Checkout ထွက်ပြီး နေ့တဝက်တာကို ဗီယက်နမ်ရဲ့အကြီးဆုံး Safari ထဲမှာ လည်ပတ်ပါမယ်… နေ့လည်ပိုင်းမှာတော့ Sunset Town ကိုသွားပါမယ်…
အတော်လေးမြင့်တဲ့တောင်ကုန်းပေါ်မှာတည်ထားလို့ ပင်လယ်ပြင်ကို စီးမြင်နေရတဲ့ Sunset Town က အီတလီနဲ့ မြေထဲပင်လယ်ရဲ့ ဟန်ပန်တွေအပြည့်နဲ့ပါ… အဆောက်အအုံတွေနဲ့လမ်းလေးတွေရဲ့ဒီဇိုင်းတွေကလည်း ဥရောပရဲ့ ဂန္တဝင်ဆန်တဲ့ကျေးရွာပုံစံလေးပေါက်ပြီး သပ်ရပ်လှပတယ်. အမြင်ဆန်းတယ်. အဲ့ဒီက ကဖေးလေးတွေမှာ ကပ်ပချီနိုကော်ဖီလေးတခွက်နဲ့ ငြိမ်ငြိမ်လေးထိုင်နေချင်စရာကို ကောင်းတယ်… မြို့လယ်က ဗင်းနစ်စတိုင်လ်နဲ့ နာရီစင်ကြီးကတော့ ဒီမြို့ကို ဗင်းနစ်မြို့လားလို့ ထင်မှတ်မှားစေနိုင်ပါတယ်… အဲ့ဒီနာရီစင်က ဗင်းနစ်မြို့ရဲ့အထင်ကရဖြစ်တဲ့ St. Mark’s Campanile ရဲ့ပုံကိုယူထားပြီး အတော်လေးဆင်တူပါတယ်… ကဲ. Tour Progam လေးကိုပြန်သွားကြရအောင်…
Day 4 မှာတော့ ဒီခရီးစဥ်ရဲ့ Top Highlight တခုဖြစ်တဲ့ Hon Thom Cable Car ကို စီးမယ်… အရှည် ၅ မိုင် (8 km) လောက်ရှိပြီး အရမ်းလှပတဲ့ပင်လယ်ပြင်နဲ့ကျွန်းတွေရဲ့ရှုခင်းကြီးကိုစီးပြီးမြင်ရတဲ့ ဒီ Cable Car ကတော့ ကမ္ဘာ့အရှည်လျားဆုံးပင်လယ်ဖြတ် Cable Car ဖြစ်ပါတယ်… အဲ့ဒါအပြင် Hon Thom ကျွန်းပေါ်က Aquatopia Water Park မှာ ရေကစားတာနဲ့ ကျွန်း ၄ ကျွန်းကို Speedboat နဲ့လည်ပတ်တာလည်း ဒီနေ့မှာပါဝင်ပါတယ်…
Day 5 က ဗီယက်နမ်ရဲ့ Phu Quoc ကျွန်းကနေထွက်ခွာမယ့်နေ့ပါ… ဟိုတယ် Checkout ထွက်မယ်… Phu Quoc International Airport ကို ကားနဲ့သွားမယ်… လေဆိပ်ရောက်ရင်တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်ဆောင်မှုပြီးဆုံးပါပြီ…
MIC က စီစဥ်တဲ့ ဒီခရီးစဥ်မှာ လေယာဥ်ချိန်တွေနဲ့ ရာသီဥတုအခြေအနေကိုမူတည်ပြီး Program အပြောင်းအလဲရှိနိုင်ပါတယ်…
ဒီခရီးစဥ်ရဲ့ ရက်ကာလအတိုအရှည်ကို မိမိလိုသလိုပြင်ဆင်စီစဥ်တာကိုလည်း MIC က လုပ်ဆောင်ပေးပါတယ်… MIC က Tailor-Made ခရီးစဥ်တွေစီစဥ်တာကို ကျွမ်းကျင်သူပါ… MIC ကို ယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.