Home > Destinations > Vietnam > The Best of Central and Northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

Culture Tour

Da Nang, Hoi An, Hanoi, Sa Pa, Ha Long Bay

7 Nights / 8 Days

Culture Tour

Da Nang, Hoi An, Hanoi, Sa Pa, Ha Long Bay

7 Nights, 8 Days

Ha Long Bay, a highlight you must not miss to visit in northern Vietnam

Trip Overview

  •  Cultural Sightseeing
  • Central Vietnam: Da Nang, Hoi An
  • Northern Vietnam: Hanoi, Sa Pa, Ha Long Bay
  • Highest Peak: Fansipan (3,143 m)
  • UNESCO Place: Hoi An Ancient Town & Ha Long Bay

ဒီ ၇ညအိပ်-၈ရက် ခရီးစဥ်က ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်း ဒါနန်းမြို့ (Da Nang) မှာ စတင်ပြီး နိုင်ငံရဲ့​မြောက်ပိုင်းမှာရှိတဲ့ ဟနွိုင်းမြို့ (Hanoi) မှာ ပြီးဆုံးပါမယ်… ဒီခရီးစဥ်မှာ အလယ်ပိုင်းရဲ့ Top Highlight ​တွေဖြစ်တဲ့ Ba Na Hills နဲ့ Golden Bridge ၊ Hoi An Old Town နဲ့ Basket Boat Ride ၊ မြောက်ပိုင်းရဲ့ Top Highlight ​တွေဖြစ်တဲ့ Fansipan ​တောင်ထိပ် နဲ့ Ha Long Bay Cruising တို့ကို အခြား​ပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာ Sightseeing ​တွေနဲ့ စနစ်တကျ​စီစဥ်​ထားပါတယ်…

အဲ့ဒီအပြင် Destination နဲ့ Highlight တွေများပြားတဲ့ ဗီယက်နမ်နိုင်ငံကို  အကောင်းဆုံး၊ အထိမိဆုံး၊ ကုန်ကျစရိတ်နဲ့ အချိန်အကျစ် လျစ်ဆုံး လည်ပတ်ဖို့အတွက် Customised Tour Plan တွေကိုလည်း မိတ်ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်ရေးဆွဲပေးပါတယ်… အဲ့ဒီအပြင် မိမိရဲ့အားလပ်ရက်အတိုအရှည်၊ ခရီးစဥ်၊ Budget နဲ့ မိမိလည်ပတ်ချင်တဲ့နေရာတွေပေါ်မူတည်ပြီး Tour Plan ကို လိုအပ်သလို MIC က ပြင်ဆင်ရေးဆွဲပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစကနေအဆုံးထိ အမှားအယွင်းမရှိ၊ အလေအလွင့်မရှိ အသေးစိတ်စီစဥ်ပေးပါတယ်…

EXPLORE
EXPERIENCE
KNOWLEDGE
PLEASURE

Destination Overview

ပင်လယ်​ရေပြာပြာနဲ့ သိပ်လှတဲ့ My Khe Beach (မီခဲကမ်း​ခြေ) ရဲ့အလှနဲ့ ​ဒါနန်းမြို့က ဗီယက်နမ်အလယ်ပိုင်းမှာ အကြီးဆုံးမြို့ပါ… ​ဒါနန်းက ​ခေတ်မှီတယ်… ကြီးမားတယ်… ပိုပြီးကြီးမားသစ်လွင်လာ​နေတယ်… ​အနီးတဝိုက်မှာ လည်ပတ်စရာ​တွေ​ပေါများတယ်… စျေးဝယ်လို့​ကောင်းတယ်… မြို့နဲ့မလှမ်းမကမ်းမှာ အရမ်းနာမည်ကြီးတဲ့ Ba Na Hills နဲ့ Golden Bridge ကြီးရှိတယ်… မြို့လယ်က Dragon Bridge ကလည်း ဗိသုကာဆန်းတယ်… View အရမ်းလှတဲ့ Linh Ung Pagoda က စိတ်ကြည်နူးစရာ​ကောင်းတယ်… Highlight ​တွေများတဲ့ ဒါနန်းမြို့က ဗီယက်နမ် Tour Plan ​တွေရဲ့ မပါမဖြစ်​နေရာတခုပါဘဲ…

ဟွေးအန်းမြို့ရဲ့ Old Town က UNESCO World Heritage Site ပါ… ဒီ Old Town က ၁၅-ရာစုနဲ့ ၁၉-ရာစုကြားမှာ အာရှတိုက်နဲ့ဥ​ရောပတိုက်ကကုန်သည်​တွေရဲ့ ဆုံရပ်ကုန်သွယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ပါတယ်… ထူဘွန်မြစ် (Thubon River) ကမ်း​ပေါ်မှာတည်ရှိတဲ့ Hoi An Old Town မှာ  အရင်​ခေတ်​တွေရဲ့လက်ကျန် ​ရှေးအ​ဆောက်အအုံ ၁,၀၀၀ ​ကျော်​ကို စနစ်တကျထိန်းသိမ်းထားပါတယ်… ရောင်စုံမီးပုံး​လေး​တွေရဲ့အလှ​နဲ့ အသက်ဝင်လှတဲ့ ဒီ Old Town က ကမ္ဘာအနှံ့က ခရီးသွား​တွေကို အရမ်းဆွဲ​ဆောင်နိုင်ပါတယ်… အဲ့ဒီအပြင် ဒီမြို့အပြင်နား​လေးက Cam Thanh ဆိုတဲ့ရွာ​လေးရဲ့ဓနိ​တော​တွေထဲမှာ Basket Boat စီးတာကလည်း ဗီယက်နမ်ခရီးစဥ်​တွေရဲ့ Highlight တခုဖြစ်ပါတယ်…

ဗီယက်နမ်ရဲ့ အ​ကျော်ကြားဆုံး​နေရာ​တခုဖြစ်တဲ့ Ba Na Hills က အမြင့်​ပေ ၄၉၀၀ နီးပါးရှိတဲ့​တောင်ကြီးပါ… Ba Na Hills က အရမ်းလှပတဲ့ Golden Bridge ၊ ဥ​ရောပဗိသုကာ​တွေနဲ့ French Village ၊ ​​အေးမြတဲ့သမပိုင်းရာသီဥတု ၊ ​စုံလင်လှတဲ့ ပျော်ရွှင်စရာ Activity ​တွေ ၊ အရှည်လျားဆုံးအ​နေနဲ့ ဂင်းနစ်စံချိန်တင်တဲ့ Cable Car စသဖြင့်​တွေနဲ့ အရမ်းစုံလင်တာမို့ လည်ပတ်သူတိုင်း အ​ကြိုက်အ​တွေ့ဆုံး​နေရာတခုဖြစ်ပါတယ်…

ဗီယက်နမ်နိုင်ငံရဲ့မြို့​တော် Hanoi က နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ပြင်သစ်ကိုလိုနီ​ခေတ်လက်ကျန်​တွေ၊ ဗီယက်နမ်ဟန်နဲ့ ဗုဒ္ဓဘာသာအ​ဆောက်အအုံ​တွေ၊ သူ့ရဲ့ Old Quarter ရဲ့စည်ကားလှတဲ့လမ်းသွယ်​တွေနဲ့ ​ကျော်ကြားပါတယ်… ဖွေး​ဖွေးလှုပ်​နေတဲ့ဗီယက်နမ်အလံ​တွေ​အောက်က ဗီယက်နမ်ဆန်တဲ့ဟနွိုင်းမြို့ပြပုံရိပ်​တွေကလည်း ‘ဗီယက်နမ်​ဟေ့’ လို့ ​ပြော​နေသ​ယောင်ပါဘဲ…

ဗီယက်နမ်​မြောက်ဖျားပိုင်းက တောင်​ပေါ်​မြို့ဖြစ်တဲ့ Sa Pa က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၂၀၀ ဝန်းကျင်မှာ တည်ရှိပါတယ်… ​ဒီမြို့မှာ အ​ကျော်ကြားဆုံးက Fansipan ​တောင်ထိပ်ပါ… ဒီ​တောင်ထိပ်က ဗီယက်နမ်၊ ထိုင်း၊ လာအိုနဲ့ က​မ္ဘောဒီးယား ၄ နိုင်ငံစလုံးမှာ အမြင့်ဆုံး​တောင်ထိပ်ဖြစ်ပြီး အမြင့်​ပေ 10,300 ​ကျော်ရှိပါတယ်… သူ့ကို အင်ဒိုချိုင်းနားရဲ့​ခေါင်မိုး (The Roof of Indochina) လို့​တောင် တင်စား​ခေါ်​ဝေါ်ကြပါတယ်… ဒီ​တောင်ထိပ်ကို Funicular နဲ့ Cable Car စီးပြီး အ​တက်အဆင်းလုပ်တာ၊ ​​အမြင့်​ပေ ​၁၀,၀၀၀ အထက်မှာရှိတဲ့ တောင်ထိပ်က​နေ တိမ်ပင်လယ်​တွေ​ဝေ​နေတဲ့ View ကို ခံစားတာက ​နောင်နှစ်ပေါင်းများစွာအထိ မ​မေ့နိုင်မယ့်အ​တွေ့အကြုံပါဘဲ…

Ha Long Bay ဆိုတာက UNESCO World Heritage ​Site ဖြစ်ပြီး ဗီယက်နမ်ရဲ့အမှတ်အသားတခုပါ… စိမ်းမြ​နေတဲ့ ပင်လယ်ရေပြင်ထဲက​နေ ​မတ်​​စောက်ထိုး​ထောင်ထွက်​နေတဲ့ ကျောက်​တောင်ကြီး​ ၂,၀၀၀ နီးပါးရဲ့အလှက ဒဏ္ဍာရီဆန်လွန်းလှတဲ့မြင်ကွင်းတခုပါ… အဲ့ဒီကျွန်းကြီး ​ကျောက်​တောင်ကြီး​တွေကြားထဲမှာ 5-Star Luxury Cruise ကို ညအိပ်စီးပြီး အပန်း​ဖြေတာက အရမ်း Unique ဖြစ်ပါတယ်… 

ဒီခရီးစဥ်ကို ​ဗီယက်နမ်​အလယ်ပိုင်နဲ့မြောက်ပိုင်းရဲ့ Top Highlight ​​တွေနဲ့ စနစ်တကျကျစ်ကျစ်လျစ်လျစ် ​ပေါင်းစပ်​ရေးဆွဲထားပါတယ်… ကဲ… အောက်မှာ ခရီးစဥ်​လေးကို ကြည့်လိုက်ကြရ​အောင်…

Golden Bridge in Ba Na Hills, one of the most famous spots in central Vietnam

Tour Itinerary

Da Nang & Hanoi (3 Nights / 3 Days)

ဗီယက်နမ်အလယ်ပိုင်းက Da Nang မြို့ကို​ရောက်ပြီး​နောက် ဒုတိယ​နေ့မှာ Da Nang နဲ့ Hoi An ကို Sightseeing လုပ်ပါမယ်… ဒီ​​​နေ့ Plan မှာ Linh Ung Pagoda ၊ Son Tra Marina Cafe ၊ Shopping ၊ Basket Boat Ride ၊ Hoi An Old Town တို့ပါဝင်ပါတယ်…

တတိယ​နေ့မှာ​တော့ Golden Bridge ရှိတဲ့ Ba Na Hills ကို လည်ပတ်မှာဖြစ်ပြီး ည​နေ​ပိုင်းမှာ လေယာဥ်နဲ့ ဟနွိုင်းမြို့ကိုသွားပါမယ်…

Day 4 မှာ​တော့ ​ဟနွိုင်းက​နေ တောင်​ပေါ်မြို့ဖြစ်တဲ့ Sa Pa မြို့ကိုသွားပါမယ်… Sa Pa ကို​ရောက်ရင် Instagram Photo ​တွေမှာ နာမည်ကြီးတဲ့ Moana Cafe ကို လည်ပတ်ပါမယ်… 

Day 5 မှာ ဗီယက်နမ်ရဲ့ Top Highlight တခုဖြစ်တဲ့ Fansipan Summit ကို Funicular နဲ့ Cable Car စီးပြီး သွားပါမယ်… ​နေ့လည်ပိုင်းမှာ​တော့ Hmong တိုင်းရင်းသား​ကျေးရွာတရွာဖြစ်တဲ့ Cat Cat Village ကို လည်ပတ်ပါမယ်…

Day 6 မှာ ဟနွိုင်းကိုပြန်သွားပြီး Hanoi Halfday Sightseeing လုပ်ပါမယ်… ဒီ Sightseeing မှာ Temple of Literature ၊ Ho Chi Minh Mausoleum ၊ Train Street တို့ပါဝင်ပါတယ်…

Day 7 မှာ ဟနွိုင်းက​နေ  Ha Long Bay ကိုသွားပြီး ဟ​လောင်းပင်လယ်​အော်ရဲ့ ကျွန်း​ပေါင်း ၂၀၀၀ နီးပါးရှိတဲ့ အံ့မခန်းသဘာဝပတ်ဝန်းကျင်မှာ 5-Star Luxury Cruise ကို ညအိပ်စီးပြီး အပန်း​ဖြေမှာပါ… Day 8 မှာ​တော့ Ha Long Bay က​နေ Noi Bai International Airport ကိုသွားပြီး ဗီယက်နမ်နိုင်ငံက​နေ ထွက်ခွာပါမယ်… လေဆိပ်ကို​ရောက်ရင်​တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်​ဆောင်မှု​တွေ ပြီးဆုံးမှာဖြစ်ပါတယ်…

လေယာဥ်ချိန်​ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ရက်အတိုအရှည်​ပြောင်းလဲနိုင်သလို မိမိစိတ်ကြိုက် Itinerary ကိုလည်း MIC က လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်​ရေးဆွဲ​ပေးပါတယ်…

ဗီယက်နမ်ရဲ့ ​​မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ​တောင်ပိုင်းတို့ဟာ ​မြေမျက်နှာသွင်ပြင်၊ သဘာဝ​ပေါက်ပင်၊ ယဥ်​ကျေးမှုနဲ့ဓ​လေ့၊ ​လေယူ​လေသိမ်း၊ အစားအစာ စတာ​​တွေအကုန် သိသိသာသာကို ကွဲပြားပါတယ်... အဲ့ဒါ​တွေအပြင် ခရီးသွား Highlight ​တွေကလည်း အရမ်းကွဲပြားပြီး ကိုယ်ပိုင်ဟန်​တွေအပြည့်နဲ့မို့ လည်ပတ်စရာ​ပေါများပြီး စိတ်ဝင်စားစရာအရမ်း​ကောင်းပါတယ်...

ဗီယက်နမ်ရဲ့ ​​မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ​တောင်ပိုင်းတို့ဟာ ​မြေမျက်နှာသွင်ပြင်၊ သဘာဝ​ပေါက်ပင်၊ ယဥ်​ကျေးမှုနဲ့ဓ​လေ့၊ ​လေယူ​လေသိမ်း၊ အစားအစာ စတာ​​တွေအကုန် သိသိသာသာကို ကွဲပြားပါတယ်... အဲ့ဒါ​တွေအပြင် ခရီးသွား Highlight ​တွေကလည်း အရမ်းကွဲပြားပြီး ကိုယ်ပိုင်ဟန်​တွေအပြည့်နဲ့မို့ လည်ပတ်စရာ​ပေါများပြီး စိတ်ဝင်စားစရာအရမ်း​ကောင်းပါတယ်...

အခြား​သော ဗီယက်နမ်ခရီးစဥ်များ

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.