Home > Destinations > Vietnam > Central Vietnam Tour

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

Culture Tour with Fun Activities

ဒါနန်း ၊ ​ဟွေအန်း ၊ Cham Islands

၄ ညအိပ် – ၅ ရက်

Culture Tour with Fun Activities

ဒါနန်း ၊ ​ဟွေအန်း ၊ Cham Islands

၄ ညအိပ် – ၅ ရက်

French Village in Ba Na Hills is a top-rated highlight in Da Nang and Hoi an.

Trip Overview

  • စုံလင်တဲ့ Highlight ​တွေ

  • ကမ္ဘာ့အရှည်ဆုံး Single track cable car

  • ဗီယက်နမ်ရဲ့ တခုတည်း​သော River safari

  • နာမည်ကြီး Ba Na Hills နဲ့ Golden Bridge

VIETNAM
CULTURE
MOSAIC
BEAUTY

ဒီ ၄ညအိပ်-၅ရက် ခရီးစဥ်​လေးက ဗီယက်နမ်အလယ်ပိုင်းက ဒါနန်းမြို့ကိုဆိုက်​ရောက်မှုနဲ့အတူစတင်ပြီး ခရီးစဥ်အဆုံးမှာ ဒါနန်းမြို့က​နေဘဲ ပြန်လည်ထွက်ခွာပါမယ်… အလယ်ပိုင်းရဲ့ အလှဆုံး​နေရာ​တွေစုံလင်​​ပေမယ့် ပင်ပန်းတာ​တွေမပါတဲ့ ​ပေါ့​ပေါ့ပါးပါးခရီးစဥ်မျိုးပါ… တခုရှိတာက ဒီခရီးစဥ်မှာ ​ဗီယက်နမ်​ရဲ့​နောက်ဆုံး​နေပြည်​တော်ဖြစ်ခဲ့တဲ့ ဟွေးမြို့ (Hue) မပါပါဘူး… ​ဟွေးမြို့ကိုလည်မယ်ဆိုရင်​တော့ ၁ ရက်တိုးဖို့လိုပါတယ်…

ဒီ Tour Itinerary အတိုင်းမလည်ဘဲ မိမိရဲ့ အားလပ်ရက်ကာလအတိုအရှည်၊ ခရီးစဥ် Budget နဲ့ မိမိလည်ပတ်ချင်တဲ့​နေရာ​တွေ ​ပေါ်မူတည်ပြီး မိမိစိတ်တိုင်းကျ Customised Tour Plan ​တွေကိုလည်း မိတ်​ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်​ရေးဆွဲ​​ပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစက​နေအဆုံးထိ အမှားအယွင်းမရှိ၊ အ​​လေအလွင့်မရှိ အ​သေးစိတ်စီစဥ်​ပေးပါတယ်…

Ba Na Hills - one of the most popular places of Vietnam

Tour Itinerary

Da Nang & Hai Van Gate

ဗီယက်နမ်အလယ်ပိုင်း ဒါနန်းမြို့ကို ဆိုက်​ရောက်မှုနဲ့အတူခရီးစဥ်စပါပြီ… ဆိုက်​ရောက်တာကအများအားဖြင့် ည​နေပိုင်းနဲ့ ည​နေပိုင်း​နောက်ကျကျ​တွေမှာဖြစ်တတ်လို့ ဒီ​နေ့မှာ Sightseeing မရှိပါဘူး… 

ဒုတိယ​နေ့မှာ​တော့ Hai Van Gate ၊ Linh Ung Pagoda နဲ့ Son Tra Marina Cafe တို့ကို လည်ပတ်ပါမယ်… ​နေ့လည်ပိုင်းမှာ​တော့ ​စျေးဝယ်ထွက်တာပါပါတယ်… ည​နေပိုင်းမှာ နာမည်​ကျော် My Khe ကမ်း​ခြေမှာ အနားယူအပန်း​ဖြေပါမယ်…

တတိယ​နေ့မှာ Speedboat နဲ့သွားရတဲ့ Cham Islands ကိုအလည်သွားပါမယ်… Cham Islands ရဲ့ကျွန်းမကြီးကိုလည်ပတ်တာရယ်၊ Snorkeling လုပ်တာရယ်၊ ​နေ့လည်စာရယ်၊ ​နေ့လည်ခင်းကျွန်းမှာ အနားယူတာရယ်​တွေပါပါတယ်… ​ကျွန်းရဲ့လှပတဲ့ကမ်း​ခြေမှာ​ရေကူးချင်ကူးလို့ရပါတယ်… မြို့ပြနဲ့ကမ်းရိုးတန်းရဲ့အလွန်မှာ အပန်း​ဖြေတဲ့​နေ့​လေးပါဘဲ…

Day 4 မှာ​တော့ ဗီယက်နမ်ရဲ့ Theme Park အလှတခုဖြစ်တဲ့ VinWonders ကို လည်ပတ်ပါမယ်… ဒီ Theme Park က လှပပြီး ​ပျော်စရာ Activity ​တွေစုံလင်ပါတယ်… အဲ့ဒီအပြင် ဗီယက်နမ်ရဲ့တခုတည်း​ဖြစ်ပြီး လူကြိုက်များလှတဲ့ River Safari လည်းပါဝင်ပါတယ်… ​နေ့လည်စာက ဘူ​ဖေးပါ… ​နေ့လည်​စောင်းမှာ​တော့ ဗီယက်နမ်ရဲ့ထူးခြားမှုတခုဖြစ်ပြီး အရမ်းနာမည်ကြီးတဲ့ Basket Boat ကိုသွားစီးပါမယ်… ပြီးရင် မြစ်​ကြောင်းက​နေ စက်​လှေနဲ့ ​ဟွေအန်းမြို့​ဟောင်း (Hoi An Old Town) ကို သွားပါမယ်… ​ဟွေအန်းမြို့​ဟောင်းကို​​ရောက်ရင် ​ရောင်စုံမီးပုံးလေး​တွေ​အောက်က လမ်းသွယ်​တွေထဲ​မှာ လမ်းလျှောက်ပြီးလည်ပတ်ပါမယ်… ​ဆိုင်အမျိုးမျိုးရှိတဲ့ဒီမြို့​ဟောင်းမှာ ​စျေးဝယ်ချင်ဝယ်နိုင်ပါတယ်… ပြီးရင်​တော့ ဒါနန်းကဟိုတယ်ကိုပြန်ပါမယ်… ဒီ​နေ့က Activity ​​တွေစုံလင်တဲ့​နေ့ပါ…

Day 5 က Checkout ​နေ့ပါ… ဟိုတယ်က​နေ Ba Na Hills ​တောင်​ခြေကိုကားနဲ့သွားပါမယ်… ​ရောက်တဲ့အခါ မြင်ကွင်းသိပ်လှတဲ့ Cable car ​​စီးပြီး Ba Na Hills ​တောင်ထိပ်ကိုသွားပါမယ်… ​တောင်ထိပ်မှာ​​တော့ အခု​ခေတ်ဗီယက်နမ်ရဲ့အမှတ်အသားတခုလို့​ပြောလို့ရတဲ့ Golden Bridge နဲ့ ​နေရာတကာအလယ်​ခေတ်ဥ​ရောပပုံစံအ​ဆောက်အအုံကြီး​တွေနဲ့လှပ​နေတဲ့ French Village တို့အပါအဝင် ​နေရာအစုံကိုလည်ပတ်ပါမယ်… ​နေ့လည်စာက ဘူ​ဖေးဖြစ်ပြီး ထပ်​ပေးစရာမလိုပါဘူး… ​နေ့လည်​စောင်းမှာ​တော့ ​တောင်​ပေါ်က​နေ Cable car နဲ့ပြန်​ဆင်းပြီး ​တောင်​ခြေက​နေ ​လေဆိပ်ကိုသွားပါမယ်…

ဗီယက်နမ်ဟာ အ​ရှေ့​တောင်အာရှပီသတယ်... ​ပြောင်းလဲ​နေ​ပေမယ့် ရိုးရာ​တွေတပုံတပင်ကျန်တယ်... သမိုင်းကအလွှာလွှာအထပ်ထပ်နဲ့ အရမ်းစိတ်ဝင်စားစရာ​ကောင်းတယ်... UNESCO ရဲ့ ကမ္ဘာ့ယဥ်​ကျေးမှုအ​​မွေအနှစ်​နေရာ​တွေအများကြီးရှိတယ်... လည်ပတ်ရင်​ပျော်စရာ​ကောင်းတယ်... ​လေ့လာရင် ဗဟုသုတအရမ်းတိုးတယ်... ထူးခြားတဲ့ ဒီနိုင်ငံကို တခါလည်ပြီးရင် ​အကြိမ်ကြိမ်ထပ်လာဖြစ်ကြတယ်...

အခြား​သော ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.