Vientiane

June 18, 2026     Amy

ဗီယန်ကျင်းမြို့… လာအိုရဲ့မြို့​တော်နဲ့အကြီးဆုံးမြို့… နိုင်ငံနယ်နိမိတ်မျဥ်း​ပေါ်မှာရှိတဲ့ ရှားရှားပါးပါးမြို့​တော်​​တွေထဲတခု… ​ပျားပန်းခတ်​နေတတ်တဲ့ အခြား​သောနိုင်ငံမြို့​တော်​တွေနဲ့မတူတဲ့မြို့​တော်…

Vientiane, the capital of Laos and one of the most attractive places in Southeast Asia

Vientiane

June 18, 2026     Amy

ဗီယန်ကျင်းမြို့… လာအိုရဲ့မြို့​တော်နဲ့အကြီးဆုံးမြို့… နိုင်ငံနယ်နိမိတ်မျဥ်း​ပေါ်မှာရှိတဲ့ ရှားရှားပါးပါးမြို့​တော်​​တွေထဲတခု… ​ပျားပန်းခတ်​နေတတ်တဲ့ အခြား​သောနိုင်ငံမြို့​တော်​တွေနဲ့မတူတဲ့မြို့​တော်…

Vientiane, the capital of Laos and one of the most attractive places in Southeast Asia

နိုင်ငံတခုရဲ့မြို့​တော်ကိုခရီးသွားတယ်လို့ စိတ်ကူးကြည့်တဲ့အခါ လူ​တွေစည်ကားကြပ်ညပ်​နေတတ်တဲ့လမ်း​တွေ၊ မိုး​မျှော်အ​ဆောက်အအုံ​တွေ၊ သွက်သွက်မြန်မြန်လှုပ်ရှား​နေတဲ့ဘဝပုံရိပ်​တွေကို မျက်စိထဲမြင်​ရောက်ကြတာ ပုံမှန်လိုဖြစ်​နေပါပြီ… ဒါ​ပေမယ့် လာအိုရဲ့မြို့​တော်ဖြစ်တဲ့ ဗီယန်ကျင်းက​တော့ အဲ့လိုမျိုး​တွေမဟုတ်ဘဲ သူ့အရှိန်နဲ့သူ​​နေတဲ့မြို့​တော်တခုပါ…

လူသိများထင်ရှားတဲ့မဲ​ခေါင်မြစ် (Mekong River) ကမ်း​ပေါ်မှာရှိတဲ့ ဗီယန်ကျင်းက အခု​ခေတ် အရှိန်အဟုန်အပြင်းစားနဲ့ထွန်းကားလာ​နေတဲ့ အ​ရှေ့​တောင်အာရှမှာ​တော့ သက်​တောင့်သက်သာအဖြစ်ဆုံးမြို့​တော်ပါ… 

မြို့ထဲမှာ ​ထေရဝါဒဗုဒ္ဓဘာသာဘုရားနဲ့ ငြိမ်းချမ်းတိတ်ဆိတ်တဲ့ဘုန်းကြီး​ကျောင်း​တွေ၊ ပြင်သစ်ကိုလိုနီ​ခေတ်လက်ရာနဲ့အ​ဆောက်အအုံ​တွေ၊ ဒီဘက်​ခေတ်ရာစုရဲ့တိုးတက်မှု​တွေ၊ မြို့ခံ​တွေရဲ့​နေထိုင်မှုနဲ့ ​နေ့စဥ်လှုပ်ရှားသွားလာ​နေကြတာ​တွေက ဟန်ချက်ညီညီ ဖြစ်​တည်​နေကြပါတယ်… 

အဲ့ဒီအသွင်သဏ္ဍာန်​တွေ​ကြောင့်လည်း ဗီယန်ကျင်းက လာအိုကိုအလည်လာသူ​တွေအတွက် အ​ကောင်းဆုံးနိဒါန်းစာမျက်နှာတခုဖြစ်​နေတာပါ…

Old Buddha Statues in Pha That Luang Temple
Pha That Luang ဘုရားမှာရှိတဲ့ ​ရှေးဘုရားဆင်းတု​တော်​တွေ

ဗီယန်ကျင်းရဲ့သမိုင်းအကျဥ်း

1563 (၁၆-ရာစု) မှာ လာအိုဘုရင် ဆတ္ထထီရတ် (King Setthathirath) က မြို့​တော်ကို ဗီယန်ကျင်းကိုရွှေ့​ပြောင်းရာက​နေ ဒီမြို့က စပြီးထင်ရှားလာပါတယ်… မြန်မာသမိုင်းမှာ​တော့ အဲ့ဒီကာလက ဘုရင့်​နောင်ရဲ့​ခေတ်ပါ…

လာအိုဘုရင်က ဗီယန်ကျင်းကိုမြို့​တော်အ​နေနဲ့​ရွေးတာက ဒီမြို့ရဲ့တည်​နေရာနဲ့ ကုန်သွယ်​ရေးဖြစ်ထွန်းနိုင်မှု အလားအလာ​တွေ​ကြောင့်လို့ဆိုပါတယ်… 

မြို့​တော်ဖြစ်ခဲ့ပြီး​နောက်မှာ​တော့ ဗီယန်ကျင်းက အရမ်းထွန်းကားလာပြီး ဘုရား​ကျောင်းကန်​တွေနဲ့စည်ကားခဲ့တယ်လို့လည်း ဆိုပါတယ်…

ဒါ​ပေမယ့် 1828 (၁၉-ရာစု) မှာ ထိုင်းနဲ့စစ်မက်ဖြစ်ပွားပြီး ဗီယန်ကျင်းဘက်က စစ်ရှုံးပါတယ်… မြို့လည်းပျက်စီးသွားခဲ့ပြီး ​နောင်နှစ်​ပေါင်းများစွာကြာ​အောင် စွန်ပစ်ခံမြို့တမြို့ဖြစ်သွားခဲ့ပါတယ်…

1893 မှာ​တော့ လာအိုက ပြင်သစ်ကိုလိုနီနယ်​မြေဖြစ်သွားခဲ့ပြီး ပြင်သစ်​တွေက ဗီယန်ကျင်းကိုပြန်လည်တည်​ဆောက်ခဲ့ပါတယ်… ပြင်သစ်လက်​အောက်မှာ ​ခေတ်သစ်ကုန်သွယ်​ရေးကိုအ​ခြေခံတဲ့ ​ခေတ်မြို့ပြတခုပြန်ဖြစ်လာခဲ့ပါတယ်… ဒီ​နေ့​ခေတ် ဗီယန်ကျင်းက ကိုလိုနီ​ခေတ်ရဲ့အ​မွေအနှစ်​တွေနဲ့မြို့ကြီးပါ… 

​​နောက်ပိုင်း 1953 ပြင်သစ်ဆီကလွတ်လပ်​ရေးရပြီး​တဲ့​နောက်မှာလည်း ဗီယန်ကျင်းက နိုင်ငံရဲ့မြို့​တော်အ​နေနဲ့ဆက်ပြီးတည်တံ့ခဲ့ပါတယ်… 

အခု​ခေတ်မှာ​တော့ ဒီမြို့က ဗုဒ္ဓဘာသာအ​မွေအနှစ်​တွေ၊ ဘုရင်​ခေတ်သမိုင်း​တွေ၊ ကိုလိုနီ​ခေတ်ရဲ့လက်ကျန်​တွေ၊ ၂၁-ရာစုရဲ့ရုပ်ဝတ္ထုတိုးတက်မှု​တွေ အစုစုနဲ့ပါ…

ဗီယန်ကျင်းမှာနာမည်​ကျော်လည်ပတ်စရာ​တွေ

1. Pha That Luang

Pha That Luang Temple in Vientiane, Laos
ဗီယန်ကျင်းမြို့တည်ချိန်ကတည်းက တည်ခဲ့တဲ့ Pha That Luang ဘုရား

ရွှေ​ရောင်တဝင်းဝင်းနဲ့ ထေရဝါဒဗုဒ္ဓဘာသာဘုရားဖြစ်တဲ့ Pha That Luang ကို ဗီယန်ကျင်းမြို့တော်ဖြစ်ကာစကာလ​မှာ တည်ခဲ့တာမို့ ဒီဘုရားကို သမိုင်းအရ​ရော၊ နိုင်ငံဂုဏ်သိက္ခာအရ​ရော တန်ဖိုးထားကြပါတယ်…

2. Patuxai Victory Monument

Patuxay Monument, a must-see highlight in Vientiane, Laos
လာအိုရဲ့သင်္ကေတတခုဖြစ်တဲ့ Patuxai Monument

လာအို​တွေက ပတူ​စေးလို့​ခေါ်သလို အနုစာဝလီလို့လည်း​ခေါ်ကြတဲ့ ဒီအ​ဆောက်အဦက လာအိုရဲ့လွတ်လပ်​ရေးအထိမ်းအမှတ်ပါ… ၁၉၆၈ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးတဲ့ ဒီအထိမ်းအမှတ်အဆောက်အအုံက လာအိုနိုင်ငံကို ပြင်သစ်ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ဖို့၊ လွတ်လပ်ရေးရဖို့ တိုက်ခဲ့တဲ့ လာအိုစစ်သည်တွေကို ရည်စူးပြီးတည်ဆောက်ထားတာပါ… နေဝင်ဆည်းဆာအချိန်အတွက် အကောင်းဆုံးနေရာတစ်ခုပေါ့…

3. Wat Si Saket

Wat Si Saket Temple, a peaceful, calm, hisotrical place, in Vientiane
၁၉-ရာစုလက်ရာနဲ့ ​အေးချမ်းလှတဲ့ Wat Si Saket

မြို့ထဲက Wat Sisaket (ဆစ်စခတ်ဘုရား) က အရမ်းအေးချမ်းတယ်… ၁၈၁၈ ခုနှစ်မှာတည်တဲ့ ဒီဘုရားက အဲ့ဒီခေတ် ၁၉-ရာစုရဲ့ လက်ရာတွေအများကြီးနဲ့ အရမ်းလှနေတယ်…

4. Haw Phra Kaew

Haw Phra Kaew, a temple originally built for Emerald Buddha, in Vientiane, Laos
Haw Phra Kaew

မြို့ထဲက Wat Sisaket (ဆစ်စခတ်ဘုရား) က အရမ်းအေးချမ်းတယ်… ၁၈၁၈ ခုနှစ်မှာတည်တဲ့ ဒီဘုရားက အဲ့ဒီခေတ် ၁၉-ရာစုရဲ့ လက်ရာတွေအများကြီးနဲ့ အရမ်းလှနေတယ်…

5. Buddha Park (Xieng Khuan)

Buddha Park, the unmissable place to visit, in Vientiane
စိတ်ဝင်စားစရာရုပ်ထု​တွေနဲ့ Buddha Park

ဗီယန်ကျင်းရဲ့ နာမည်​ကျော်ဖြစ်တဲ့ ဒီ​နေရာက ဒီ​နေရာက အာရှတိုက်တောင်ပိုင်းရဲ့ ဘာသာရေးအကြီးစားတွေထဲက ၂ ခုဖြစ်တဲ့ Hinduism နဲ့ Buddhism ကို ထူးထူးခြားခြားသရုပ်ဖော်ထားတာတွေကိုတွေ့နိုင်ပါတယ်… Buddha Park လို့ခေါ်ပေမယ့် ရုပ်ထုတွေက ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာကိုပေါင်းပြီး သရုပ်ဖော်ထားတာတွေပါ… ဗုဒ္ဓရုရုပ်ထုတွေရှိသလို ဟိန္ဒူဘာသာရဲ့ရဲ့ Shiva (ရှီဝ)၊ Vishnu (ဗိဿနိုး) နဲ့ အခြားဟိန္ဒူနတ်ရုပ်တွေကိုလည်း​တွေ့နိုင်ပါတယ်…

ဗီယန်ကျင်းမှာက တခြားမြို့​တော်​တွေနဲ့ မြို့ကြီး​တွေထက် ​အေးချမ်းမှုကို ပိုမြင်ရ ခံစားရပါတယ်… ဒီမြို့က ဒီ​ခေတ်ရဲ့တိုးတက်မှု​တွေကြားမှာ သူ့အရှိန်နဲ့သူသွား​နေတာပါ… ဒီအချက်ကလည်း သူ့ရဲ့အမှတ်အသားတခုလိုဖြစ်​နေပါတယ်… 

သမိုင်းနဲ့ ကိုယ်ပိုင်ဟန်​တွေရှိတဲ့ ဗီယန်ကျင်းက အခု​ခေတ်ကာလမှာ လာအိုခရီးစဥ်​တွေရဲ့ မပါမဖြစ်နိဒါန်းစာမျက်နှာတခုဖြစ်ပါ​​တယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.