Hue

June 16, 2026   Frank

Vietnam Travel Blog

ဗီယက်နမ်ရဲ့​နောက်ဆုံးမင်းဆက်သမိုင်းရယ်၊ သူတို့ချန်ခဲ့တဲ့ အ​မွေအနှစ်​တွေရယ်၊ UNESCO စာရင်းဝင်သမိုင်းဝင်​နေရာ​တွေရယ်ကိုပိုင်ဆိုင်ထားတဲ့ ​ဟွေးမြို့က သူ့ကိုယ်ပိုင်အဆင့်အတန်းနဲ့မြို့ကြီးပါ…

Ngo Mon Gate at Hue Imperial City, one of the Complex of Hue Monuments listed by UNESCO
ဟွေးမြို့လယ်က Imperial City

ဗီယက်နမ်နိုင်ငံကို ခရီးထွက်မယ်. လည်ပတ်မယ်လို့ ​တွေးကြတဲ့အခါ ဟနွိုင်း၊ ဟိုချီမင်းစီးတီး၊ ဒါနန်း၊ ​ဟွေအန်း စတဲ့ Highlight တွေကို ​အများအားဖြင့် ပထမဆုံးတွေးမိကြပါတယ်… ဒါ​ပေမယ့် ခရီးသွားတာရယ်၊ Sightseeing ရယ်၊ ဗဟုသုတ​တွေရယ်ကို ​ရောသမပြီးလုပ်ချင်ရင်​တော့ ဟွေးမြို့ (Hue) ကို သွားသင့်လှပါတယ်… ​

​ဟွေးမြို့က ဗီယက်နမ်အလယ်ပိုင်းမှာရှိပါတယ်… ဒါနန်းမြို့ (Da Nang) မြို့က​နေ 100 km ​လောက်ဝေးပြီး ကားနဲ့ဆို ၂ နာရီခွဲ​လောက် အကွာအ​ဝေးမှာပါ… မြို့ရဲ့အလယ်မှာ အ​တော့်ကိုကျယ်တဲ့ Perfume မြစ်က ငြိမ့်ငြိမ့်လေးစီးဆင်း​နေပါတယ်… မြစ်တဖက်တချက်က ဥယျာဥ်လိုမျိုး ပန်း​တွေရဲ့အလှနဲ့ သစ်ပင်ကြီး​တွေရဲ့အား​ကောင်းလှအရိပ်​တွေ​အောက်က သာယာပြီးရှည်လျားတဲ့လူသွားလမ်းတွေက ဖြတ်သွားသူတိုင်းကို ဖိတ်​ခေါ်​နေသ​ယောင်ပါဘဲ… 

​ဟွေးက ဗီယက်နမ်ရဲ့​နောက်ဆုံးမင်း​နေပြည်​တော်မြို့ဖြစ်ခဲ့တာပါ… အဲ့ဒီ​ခေတ်ရဲ့လက်ကျန်​တွေက အခုထိ ​ဟွေးမြို့ရဲ့အမှတ်အသားလိုဖြစ်​နေပါတယ်… အဲ့ဒီသမိုင်းလက်ကျန်​နေရာ​တွေကလည်း ​ခေတ်​ဟောင်းဗီယက်နမ်ကို နှစ်​​ပေါင်း ၁၅၀ နီးပါးလွှမ်းမိုးခဲ့တဲ့အဲ့ဒီမင်းဆက်ရဲ့ အတက်အကျဇာတ်လမ်းအစုံကို ​လာတဲ့သူတိုင်းကို ပြောပြ​နေသ​ယောင်ပါဘဲ… ​ဟွေးမြို့ နာမည်ကြီးတာ၊ တခြား​နေရာ​​တွေနဲ့ ​ကွာခြားတာက ဒီမြို့မှာသမိုင်းကိုပြန်မြင်​တွေ့နိုင်တာကြောင့်လည်း ပါပါတယ်…

Ky Dai Fort at the Imperial City of Hue, a highlight in Central Vietnam
Perfume မြစ်အနား မြို့လယ်က ​ဟွေးနန်း​တော်​ဟောင်းရဲ့ခံတပ်

ဗီယက်နမ်သမိုင်းထဲက ​ဟွေးမြို့

ဟွေးရဲ့သမိုင်း​က အတိတ်ကာလဗီယက်နမ်ရဲ့အ​ရေးပါတဲ့ စာမျက်နှာ​တွေပါ…

1802 ခုနှစ်မှာ ဘုရင်ဖြစ်လာတဲ့ ဂီယာ​လောန် (Gia Long) က တကွဲတပြားဖြစ်​နေတဲ့ ​ဒေသ​တွေကိုစုစည်းတယ်… နိုင်ငံတခုတည်းဖြစ်​အောင်တည်​​ထောင်တယ်… ​ဟွေးမြို့ကို ​နေပြည်​တော်အဖြစ်​ရွေးတယ်… ​ဧကရာဇ်အဖြစ်ခံယူတယ်… ​ငွေ့ယင်မင်းဆက် (Nguyen Dynasty) ကိုစတင်တယ်… နိုင်ငံအမည်ကိုလည်း ‘ဗီယက်နမ်’ လို့ တရားဝင်အတည်ပြုခဲ့တယ်…

အဲ့ဒီက​နေစပြီး ​ဒီ​ဟွေးမြို့က​နေ တနိုင်ငံလုံးကို 1945 ခုနှစ်အထိ နှစ်​ပေါင်း ၁၄၃ နှစ်တိုင်တိုင် သားစဥ်​မြေးဆက်အုပ်ချုပ်ခဲ့တယ်… ​ငွေ့ယင်မင်းဆက်မှာ ဘုရင် ၁၃ ပါးတိတိ တဆက်ပြီးတဆက်ရှိခဲ့ပါတယ်… ​နောက်ဆုံးဘုရင်ဖြစ်တဲ့ Bao Dai က​တော့ 1945 မှာ နန်းစွန့်ရလို့ ​ငွေ့ယင်မင်းဆက်ရဲ့စီးဆင်းမှုနဲ့အာဏာ အပြီးတိုင်ရပ်တန့်သွားခဲ့ပါတယ်…

The royal house of the Nguyen kings inside the Imperial City of Hue
ဟွေးနန်း​တော်ဝင်းထဲက ​ငွေ့ယင်ဘုရင်​​တွေ​နေသွားတဲ့အိမ်​တော်

ငွေ့ယင်သမိုင်းထဲမှာ ပြင်သစ်ကိုလိုနီ​ခေတ်သမိုင်းကလည်း အပြည့်အဝ​ကို​​ရောစွက်​နေပါတယ်… 1884 မှာ ဗီယက်နမ်တခုလုံးကို ပြင်သစ်​တွေက အပြီးသိမ်းယူပါတယ်… 

ပြင်သစ်ကိုလိုနီဖြစ်သွား​ပေမယ့် ​ငွေ့ယင်ဘုရင်​တွေကို ပြင်သစ်​တွေက မဖယ်ရှားပါဘူး… ဘုရင်ကို သူတို့ရဲ့လက်အောက်ခံအနေနဲ့ ဆက်ပြီး အုပ်ချုပ်ခိုင်းတယ်… ဟွေးကိုလည်း ​တော်ဝင်မြို့တော်ဆက်ဖြစ်ခွင့်ပေးတယ်… အဲ့ဒါကြောင့် ဟွေးရဲ့ထွန်းကားမှုက ကိုလိုနီ​ခေတ်တလျှောက်လုံးမှာ မှိန်ကျမသွားဘဲ တည်ငြိမ်ခဲ့တယ်…

​ငွေ့ယင်မင်းဆက်ထဲကဘုရင်​တွေကလည်း ​သူတို့​နေထိုင်ရာ နန်းစိုက်ရာ​ဟွေးမြို့ကို သူတို့ရဲ့ယဥ်​ကျေးမှု​တွေ၊ အ​ရှေ့တိုင်းအယူ​တွေ၊ နန်းတွင်းဓ​လေ့​တွေနဲ့ စဥ်ဆက်မပြတ်ထုံမွှမ်းခဲ့တာပါ… သူတို့ရဲ့ကာလတ​လျှောက်မှာ သူတို့တည်​ဆောက်ခဲ့တဲ့ နန်း​တော်ကြီးရယ်၊ ဘုရား​တွေရယ်၊ ဥယျာဥ်​တွေရယ်နဲ့ သူတို့ထာဝရလဲ​လျောင်းရာ ​တော်ဝင်ဂူသင်္ချိုင်း​တွေက အခုကာလထိ ​ဟွေးရဲ့သင်္ကေတ​တွေဖြစ်ခဲ့ပါတယ်…

အဲ့ဒီအ​မွေအနှစ်​တွေက ​ခေတ်သစ်ရုပ်ဝတ္ထု​​တွေရဲ့သြဇာနဲ့ဖုံးလွှမ်းမှု​အောက်မှာ ​​ပျောက်ကွယ်မသွားဘဲ ကျန်ရှိ​နေတာ​ကလည်း ​ဟွေးရဲ့ထူးခြားချက်တခုပါဘဲ… 

အဲ့ဒါ​ကြောင့် 1993 မှာ ​ဟွေးရဲ့ သမိုင်းဝင်နေရာ​တွေကို ကမ္ဘာ့ယဥ်​ကျေးမှုအ​မွေအနှစ်အဖြစ် UNESCO က အသိအမှတ်ပြုစာရင်းသွင်းခဲ့ပါတယ်…

Royal Tomb of Emperor Khai Dinh, the penultimate king of the Nguyen dynasty of Hue
ဗိသုကာလက်ရာ​​​ကြောင့်နာမည်ကြီးတဲ့ ​ငွေ့ယင်ဘုရင် Khai Dinh ရဲ့ ဂူသင်္ချိုင်း

အ​တွေ့အကြုံမျိုးစုံတဲ့​ဟွေးမြို့

ဟွေးရဲ့ဇာတ်လမ်းက မင်းဧကရာဇ်​တွေရဲ့​​တော်ဝင်အ​ကြောင်းအရာချည်းဘဲ မဟုတ်ပါဘူး…

ဒီမြို့ဟာ ဗီယက်နမ်သမိုင်းရဲ့အဆိုးရွားဆုံးကာလတချို့ကိုလည်း ဖြတ်သန်းခဲ့ရပါတယ်…

နှစ် ၂၀ ​လောက်ကြာရှည်ပြီး ဆိုးရွားပြင်းထန်လှတဲ့ ဗီယက်နမ်စစ်ကာလ (1955-75) မှာ ​ဟွေးမြို့ရဲ့ သမိုင်းအထင်ကရ​တွေအပါအဝင် ​မြို့ရဲ့​​နေရာအနှံ့ထိခိုက်ပျက်စီးတာကို ဒုနဲ့​​ဒေးကြုံ​​​တွေ့ခံစားခဲ့ရပါတယ်… အထူးသဖြင့် 1968 ရဲ့ Tet ထိုးစစ်မှာ နန်း​တော်နဲ့ သူ့ဝန်းကျင်ကအထင်ကရအ​ဆောက်အအုံ​တွေ အရမ်းထိခိုက်ပျက်စီးခဲ့ပါတယ်…

အဲ့ဒီ​နောက် စစ်ပြီးကာလ 1975 က​နေ 1995 ​လောက်အထိ နှစ် ၂၀ ​လောက် နိုင်ငံရဲ့ဆင်းရဲလွန်းတဲ့စီးပွားနိမ့်ကျမှုထဲမှာ ​ဟွေးလည်းတမြို့အပါအဝင်ဖြစ်ခဲ့ပါတယ်…

ဒါ​ပေမယ့် ​အဲ့ဒီ​လောကဓံ​​တွေအောက်မှာ ဟွေးနဲ့သူ့ရဲ့အမှတ်သင်္ကေတ​တွေက မ​​ပျောက်ကွယ်ခဲ့ပါဘူး…

ပြီးခဲ့တဲ့ ဆယ်စုနှစ်​တွေမှာ ​ဟွေးရဲ့နန်း​တော်တွင်း​နေရာ​တွေ၊ မြို့ရိုးရဲ့​တံခါး​​တွေနဲ့ သမိုင်းအရ​အ​ရေးပါတဲ့​နေရာ​တွေကို အကြီးစားပြင်ဆင်မွမ်းမံထိန်းသိမ်းတာ​တွေ၊ ယခင်လက်ရာအတိုင်း ပြန်တည်​ဆောက်ရတာ​တွေကို အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်… နန်း​တော်အတွင်းထဲဆိုရင် ပြင်ဆင်တာ၊ မွမ်းမံတာ၊ လိုအပ်တာကိုပြန်တည်​ဆောက်တာ​တွေက အခုအချိန်ထိ​ရှိ​နေဆဲပါ…

​ဟွေးရဲ့ရှင်ကျန်ရပ်တည်​နေမှုခံနိုင်ရည်က ယခင်​တော်ဝင်အတိတ်သမိုင်းလိုဘဲ အ​ရေးပါလှပါတယ်…

Hue, a major tourist attraction in central Vietnam
ဟွေးနန်း​တော်​ဟောင်းရဲ့ တ​နေရာ
Boats on the Perfume River
Perfume မြစ်ထဲက ​လှေကြီး​တွေ

ဟွေးမှာ ဘယ်​တွေကိုလည်မလဲ?

ဟွေးမြို့ရဲ့အလယ်က နန်း​တော်​ဟောင်း (The Imperial City) က မလည်မဖြစ်ပါ… ဒီ​နန်း​တော်​ဟောင်းက သမိုင်းအရအ​ရေးကြီးလှသလို စိတ်ဝင်စားစရာ​တွေ​နေရာ​တွေလည်းရှိပါတယ်…

နန်း​တော်လိုဘဲ စိတ်ဝင်စားဖို့​ကောင်းတဲ့​နေရာ​တွေက ​ငွေ့ယင်ဘုရင်​တွေရဲ့ ​တော်ဝင်ဂူသင်္ချိုင်း​တွေပါ… ​​ငွေ့ယင်ဘုရင်​တွေဖြစ်ခဲ့တဲ့ Minh Mang ၊ Tu Duc နဲ့ Khai Dinh တို့ရဲ့ ထာဝရလဲ​လျောင်းရာ​​နေရာ​တွေက ​ဟွေးကိုလည်ပတ်သူ​တွေရဲ့ ခရီးစဥ်​တွေထဲပါ​လေ့ရှိပါတယ်… အဲ့ဒီ​နေရာ​​​တွေရဲ့ ခမ်းနားလှတဲ့ ​​ငွေ့ယင်​တော်ဝင်ဗိသုကာ​တွေက တခြားမှာမမြင်နိုင်တဲ့အရာ​တွေပါ… 

​ဟွေးကို​ရောက်ရင် Thuy Xuan အ​​မွှေးတိုင်ရွာကို လည်ပတ်ကြတာရှိသလို တချို့က​တော့ အ​ရောင်စုံပြီးလှပတဲ့ အ​မွှေးတိုင်ဆိုင်​တွေမှာ အမှတ်တရဓါတ်ပုံ​တွေရိုက်ကြပါတယ်…

ပြီး​တော့ မြို့အစွန်​လေးက Thien Mu Pagoda ကလည်း ​ဟွေးရဲ့ Highlight ​တွေထဲက တ​နေရာပါ… Perfume မြစ်​ဘေးမှာရှိတဲ့ ဒီဘုရားက နှစ် ၄၀၀ ​လောက်သမိုင်းရှိပါတယ်…

Thien Mu Pagoda in Hue
Thien Mu Pagoda

ဟွေးကိုဘယ်ကာလမှာ လည်သင့်လဲ?

ဟွေးက ဗီယက်နမ်အလယ်ပိုင်းမှာရှိလို့ အလယ်ပိုင်း​ဒေသရဲ့ရာသီဥတုအတိုင်း စက်တင်ဘာလက​နေ ဇန်နဝါရီလအထိက မိုးရွာပါတယ်… အဲ့ဒီလ​တွေက မိုးတွင်းကာလမို့ လည်ရတာ ခက်ခဲတတ်ပါတယ်…

​ဖေ​ဖော်ဝါရီလက​နေ ဧပြီလအတွင်းမှာက တခါတရံ​လောက်သာ မိုးရွာပါတယ်… အပူချိန်ကလည်းမမြင့်ဘဲ​ နေလို့​ကောင်း လည်လို့​ကောင်းပါတယ်… ဒါ​ပေမယ့် တခါတရံရွာတတ်တဲ့မိုးနဲ့ တိုက်ဆိုင်ရင်​တော့ Sightseeing ​တွေကို ခက်ခဲ​စေတတ်ပါတယ်…

​မေလက​နေ သြဂုတ်လအထိက​​တော့ ​ဟွေးမြို့ပါဝင်တဲ့ ဗီယက်နမ်အလယ်ပိုင်းတခုလုံးရဲ့​နွေကာလနဲ့ ခရီးသွားရာသီပါ… ​နေ့လည်​ခေါင်မှာ ပူပြင်း​ပေမယ့် မနက်ပိုင်းနဲ့ ည​နေပိုင်း​တွေမှာ လည်ပတ်ဖို့အရမ်း​ကောင်းပါတယ်… ​နေ့တာရှည်လို့ စုံစုံလင်လင်လည်ပတ်လို့ ​ကောင်းပါတယ်…

Thuy Xuan Incense Village near Tu Duc Mausoleum in Hue
ရောင်စုံ​အ​မွှေးတိုင်​တွေထုတ်တဲ့ Thuy Xuan ရွာ

ဟွေးက သာမန်လည်ပတ်ရုံ​နေရာထက်ပိုပါတယ်… သူ့မှာ​တော်ဝင်သမိုင်း​တွေ၊ အ​မွေအနှစ်​တွေ၊ ဗီယက်နမ်ရိုးရာ​တွေ၊ အခုလက်ရှိလှုပ်ရှားသက်ဝင်​​နေတဲ့လူမှုဝန်းကျင်​တွေ ​ရောယှက်ဖြစ်​တည်နေပါတယ်… ဒီလိုမျိုး UNESCO အ​မွေအနှစ်​နေရာက လည်ပတ်​လေ့လာသူ​တွေကို ဗဟုသုတ​တွေ၊ အမြင်​တွေတိုး​စေပါတယ်…

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.