ဒါနန်းမြို့နားက Marble Mountains

Da Nang မှာ ​မခက်ခဲတဲ့တောင်တက်တာ၊ သဘာဝ​နေရာတခုကိုလည်တာ၊ ဗီယက်နမ်ရဲ့ဘာသာ​ရေး​သမိုင်းတစိတ်တပိုင်းကို​လေ့လာချင်တာဆိုရင် Marble Mountains က သွားသင့်တဲ့နေရာတခုပါ…

Huyen Khong Cave in Marble Mountains, a popular day-trip spot near Da Nang and Hoi an in Vietnam
Marble Mountains မှာ နာမည်အကြီးဆုံးဖြစ်တဲ့ Huyen Khong Cave ရဲ့ အတွင်းပိုင်း

By Frank

Last Updated June 8, 2026

ဒါနန်းမြို့အပြင်ဘက်နား​လေးက Marble Mountains ​တွေက ဗီယက်နမ်အလယ်ပိုင်းကို လည်ပတ်သူ​တွေ အသွားများ အကြိုက်များပါတယ်…

Marble Mountains ​တွေက ​​တောင် ၅ လုံးရှိပြီး အဲ့ဒီ​တောင်​တွေက တခုနဲ့တခု ခပ်လှမ်းလှမ်းစီခြား​နေကြပါတယ်… တဆက်တစပ်တည်း မဟုတ်ပါဘူး…

အလည်သွားသူ​တွေက အဲ့ဒီ​တောင် ၅ လုံးထဲက အကြီးဆုံး​တောင်ကိုဘဲ လည်ကြတက်ကြတာပါ… ​​တောင်အတက်​ရော အဆင်း​ရောက လှေကားထစ်​အကျယ်ကြီး​တွေတွေနဲ့မို့ တက်ရတာ လွယ်ကူပါတယ်… ​မောတာ​ကတော့ ကိုယ့်ရဲ့သက်လုံအလိုက် ကွာခြားပါတယ်… ​မတရား မခံမရပ်နိုင်​လောက်​အောင်​တော့ မ​မောပါဘူး… 

တောင်​ပေါ်​ရောက်တဲအခါမြင်ရတဲ့ ​ကျောက်ခက်​​ကျောက်စွယ်တွေနဲ့ အ​​ပေါ်ကအ​ပေါက်​တွေက​နေထိုးဆင်း​နေတဲ့ ​​နေ​ရောင်ခြည်တန်း​တွေနဲ့လှပ​နေတဲ့ လှိုဏ်ဂူ​တွေ၊ ဗီယက်နမ်ဟန်နဲ့ဘုရား​တွေ၊ ​တောင်ထိပ်ဖျားက​နေမြင်ရတဲ့ မြင်ကွင်းကျယ်အလှ​တွေက ​အ​မော​ပြေဆုလာဒ်​တွေပါဘဲ… အဲ့ဒီ​နေရာ​တွေကလည်း လှရုံတင်မက စိတ်ဝင်စားစရာပါ…

South China Sea and the beach seen from the top of Marble Mountains near Da Nang and Hoi An
Marble Mountains ရဲ့ ထိပ်တ​နေရာက​နေမြင်ရတဲ့ ​တောင်တရုတ်ပင်လယ်နဲ့ ကမ်း​ခြေတခု

ဒဏ္ဍာရီ​တွေနဲ့ Marble Mountains

ဒဏ္ဍာရီတခုရဲ့အဆိုအရ ဒီ​တောင်​တွေဟာ ပင်လယ်ထဲကနဂါးရဲ့ဥကကွဲပြီး ဒီထုံး​ကျောက်တောင်​တွေ ဖြစ်​ပေါ်လာတာလို့ဆိုပါတယ်… ​ရှေးအတိတ်ကလူ​တွေက ဒီ​တောင်​တွေဟာ ပင်လယ်ပြင်က​နေ ​ပေါ်​ပေါက်လာတယ်လို့ ​ယူဆကြပုံရပါတယ်… ​

ဘူမိ​ဗေဒအရ​တော့ ဒီ​တောင်​တွေဟာ ​လွန်ခဲ့တဲ့နှစ်သန်း​ပေါင်းများစွာက အောက်ခံ​မြေလွှာနဲ့​ကျောက်လွှာတွေရဲ့တွန်းအား​ကြောင့် ခုံးထလာတာလို့ဆိုပါတယ်… အဲ့ဒီကာလမှာက အခုဒါနန်းမြို့တည်ရှိတဲ့ ကွမ်နမ်နယ် (Quang Nam) တခုလုံးက ပစိစိတ်သမုဒ္ဒရာ​အောက်မှာ ရှိ​နေခဲ့ပြီး တစစခုံးထလာတဲ့ ဒီ​တောင် ၅ လုံးက ကျွန်း​တွေအ​နေနဲ့ ရှိ​နေခဲ့ပါတယ်… 

​နောက်ဒဏ္ဍာရီတခုက တရုတ်ပြည်ရဲ့နာမည်ကြီး​မျောက်ဘုရင် ‘စွန်းဝူခုံံး’ ဒဏ္ဍာရီနဲ့နဲ့ ဆက်စပ်​နေပါတယ်… လူသိများတဲ့ ‘Journey To The West’ ဇာတ်လမ်းမှာ နတ်ပြည်ကိုဒုက္ခ​ပေးပြီး ဘုရားကို​ပါ စိန်​ခေါ်တဲ့ စွန်းဝူခုံးဟာ ဘုရားနဲ့ပညာပြိုင်မိတာမှာ ရှုံးနိမ့်ပြီး အပြစ်​​ပေးခံရတာကို ရုပ်သံဇာတ်လမ်း​တွေနဲ့ YouTube ​ပေါ်မှာ ကြည့်ဖူးကြမှာပါ…

ဘုရားရဲ့လက်ထဲမှာပျံသန်းပြီး မ​လေးမစားမ​လျော်မကန်ပြုမူတဲ့ စွန်းဝူခုံးတ​ယောက် ဘုရားကလက်ကို​မှောက်ချလိုက်တဲ့အခါ နတ်ပြည်က​နေ​မြေပြင်​ပေါ်အရုတ်ကျိုးပြတ်ကျဆင်းလာပါတယ်… တဆက်တစပ်တည်းမှာ သူ့ရဲ့အ​ပေါ်က​နေ ဘုရားရဲ့လက်​​ချောင်းတော် ၅ ​ချောင်းက ​​ဧရာမကျောက်တုံးကြီး​တွေအ​နေနဲ့ လိုက်ကျဆင်းလာပါတယ်… 

အဲ့ဒီ​ကျောက်တုံးကြီး​တွေက ​မြေပြင်​ပေါ်​​ရောက်တဲ့အခါ ​​ကျောက်တောင်ကြီး ၅ ​တောင်ဖြစ်သွားပြီး အဲ့ဒီအထဲက အကြီးဆုံး​တောင်က စွန်းဝူခုံးကိုသူ့ရဲ့ပြစ်ဒဏ်အတွက်ပိပြီး သူ့ရဲ့အကျဥ်း​ထောင်လို ဖြစ်​နေခဲ့ပါတယ်… စွန်းဝူခုံးဟာအဲ့ဒီပြစ်ဒဏ်ကို နှစ်​ပေါင်း ၅၀၀ ​ခံယူခဲ့ရပါတယ်…

Marble Mountains, a highlight near Da Nang and Hoi An for those who like climbing, views, history, and culture
ပျံ့ပြူး​နေတဲ့လွင်ပြင်က​နေ ထိုး​ထောင်ထွက်​နေတဲဲ့ Marble Mountains ​တွေ

ဒီဒဏ္ဍာရီရဲ့ အဲ့ဒီ​ကျောက်​တောင်ကြီး ၅ ​တောင်က အခုဒီ Marble Mountains ​​တွေကို ရည်ညွှန်းပါတယ်… ဒီဒဏ္ဍာရီမှာ​တော့ ပင်လယ်နဲ့မဆက်စပ်ဘဲ ​ရှေး​ခေတ်တရုတ်ပြည်နဲ့ ​ရှေး​ခေတ်ဗီယက်နမ်ရဲ့ ​နယ်​မြေဆက်စပ်တာမျိုးကို ​တွေ့နိုင်ပါတယ်… 

ပျံ့ပြူး​နေတဲ့​မြေပြင်ပြန့်ပြန့်မှာ ထင်ထင်ရှားရှားကြီး မတ်​စောက်ချွန်ထွက်​နေတဲ့ ဒီ​တောင် ၅ ​တောင်ကို မြင့်မြတ်တဲ့​နေရာအဖြစ်ယူဆပြီး ဘုရားရဲ့တိုက်ရိုက်ဆက်စပ်ထားတာက စိတ်ဝင်စားစရာ​ပါ… ဗျာဒိတ်အယူအဆမဟုတ်တဲ့ ဆက်စပ်ခြင်းတမျိုးပါ… ​သေချာထပ်​လေ့လာရင် ထပ်သိစရာ​တွေရှိ​ကောင်းရှိနိုင်ပါတယ်…

Marble Mountains ရဲ့ Highlight ​နေရာ​တွေ

Marble Mountains ​ရဲ့ ​တောင် ၅ လုံးမှာ အကြီးဆုံး​​တောင်ဖြစ်တဲ့ Thuy Son (Water Mountain) ကဘဲ အဓိကလည်ပတ်စရာ​နေရာပါ…

There is elevator service at Marble Mountains, located near Da Nang and Hoi An.
Marble Mountains မှာ ဗီယက်နမ်ရဲ့ ဘာသာ​ရေးအ​ဆောက်အအုံ​တွေရှိပါတယ်...

အဲ့ဒီ​​တောင်မှာ လှိုဏ်ဂူ​တွေရှိပြီး အဲ့ဒီလှိုဏ်ဂူ​တွေမှာ Huyen Khong ဆိုတဲ့လှိုဏ်ဂူက အကြီးဆုံးနဲ့ မလည်မဖြစ်လည်ရမယ့်​နေရာပါ… အဲ့ဒီလှိုဏ်ဂူရဲ့မျက်နှာကြက်​နေရာမှာ ကြီးမားတဲ့အ​ပေါက်ကြီး​ဖြစ်​နေပြီး အဲ့ဒီက​နေ တ​ဖြောင့်တည်းစိုက်ဆင်း​နေတဲ့​ နေ​ရောင်အလင်းတန်း​ကြောင့် ဂူအထဲမှာ ​မှော်ဆန်ဆန်လှပ​နေပါတယ်… 

ဒီလှိုဏ်ဂူဟာ ဗီယက်နမ်စစ်ကာလ (1955-75) အတွင်းမှာ ​ကွန်မြူနစ်​မြောက်ဗီယက်နမ်တပ်သား​တွေရဲ့ လျှို့ဝှက်စခန်းနဲ့ လျှို့ဝှက်​စစ်ဆေးရုံဖြစ်ခဲ့ပါတယ်… အခုအခါမှာ​တော့ ဒီလှိုဏ်ဂူထဲမှာ ဗုဒ္ဓရုပ်ပွား​တော်ကြီးတဆူ၊ တရုတ်ဆန်တဲ့ နတ်ရုပ်ထုတချို့နဲ့ ဘာသာ​ရေးအ​ဆောက်အအုံငယ်တချို့ကို ​တွေ့မြင်​လေ့လာနိုင်ပါတယ်…

​တောင်​ပေါ်မှာ Huyen Khong လှိုဏ်ဂူသာမက တခြားလှိုဏ်ဂူတချို့နဲ့ လေ့လာစရာ ဗီယက်နမ်ဒီဇိုင်းနဲ့ဘုရားတချို့လည်းရှိပါတယ်… ​​လေတိုးလှပြီး အရိပ်အာဝါသ​ကောင်းလှတဲ့ ​တောင်ထိပ်ဝန်းကျင်က ​အေးမြပြီး ထိုင်လို့ အ​မော​​ဖြေလို့ ​ကောင်းပါတယ်…

တောင်​ခြေမှာရှိတဲ့ An Phu Cave ကလည်း လည်ပတ်သင့်တဲ့ လှိုဏ်ဂူတခုပါ… ကျယ်ဝန်းပြီး အ​တော်နက်နက်အထိဝင်လို့ရတဲ့  ဒီလှိုဏ်ဂူမှာ ငရဲပြည်ကို သရုပ်​ဖော်ထားတဲ့ ရုပ်ထုတချို့ရှိပါတယ်…

Huyen Khong Cave and An Phu Cave are the top highlights at Marble Mountains.
Marble Mountains ရဲ့ နာမည်​ကျော် Huyen Khong Cave

Marble Mountains က ဗီယက်နမ်အလယ်ပိုင်းကို အလည်လာသူ​တွေရဲ့ခရီးစဥ်​တွေထဲ ပါ​လေ့ရှိပါတယ်… လှပပြီး စိတ်ဝင်စားစရာ​ကောင်းတဲ့ ဒီ​​နေရာက ကမ္ဘာလှည့်ခရီးသည်​တွေနဲ့ ​နေ့စဥ်လိုလိုစည်ကား​နေတတ်ပါတယ်… လည်ပတ်မယ်ဆို ဝင်ခွင့်လက်မှတ်ဝယ်ရပါတယ်… ဓါတ်​လှေကားအတွက်နဲ့ An Phu Cave အတွက်က သီးသန့်ထပ်ဝယ်ရပါတယ်…

ဗီယက်နမ်တနိုင်လုံး (ဒါမှမဟုတ်) ဗီယက်နမ်အလယ်ပိုင်းသီးသန့် (ဒါမှမဟုတ်) ​မြောက်ပိုင်းသီးသန့် (ဒါမှမဟုတ်) ​တောင်ဘက်အစွန်ကမ်းလွန်က Phu Quoc ကျွန်းသီးသန့် စတဲ့ဗီယက်နမ်ခရီးစဥ်အမျိုးမျိုးအတွက် MIC ဆီမှာ စုံစမ်းနိုင်ပါတယ်… မိတ်​ဆွေတို့အတွက် သီးသန့်ကိုယ်ပိုင် (customised) ခရီးစဥ်အမျိုးမျိုးကို အစက​နေအဆုံးထိ အမှားအယွင်းမရှိ တိတိကျကျ အချိန်နဲ့​ငွေကုန်ကျမှုအကျစ်လျစ်ဆုံး MIC က စီစဥ်​ပေးပါတယ်…

နယ်​မြေ၊ ဘာသာစကား၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပြီး တိကျမှန်ကန်တဲ့ MIC က မိတ်​ဆွေတို့ရဲ့ ​ရေရှည်ခရီးသွားလက်တွဲ​ဖော်ဖြစ်ဖို့ အမြဲရည်ရွယ်လုပ်​ဆောင်ပါတယ်…

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.