Cu Chi Tunnels (ကူချီဥမင်လှိုဏ်ခေါင်းများ)

စက်ကိရိယာမပါဘဲ လူလုပ်အားသက်သက်နဲ့တူးခဲ့တဲ့ အံ့မခန်းဥမင်လှိုဏ်​ခေါင်းကွန်ယက်ကြီး… အရမ်းနက်ရှိုင်းခဲ့တယ်… မိုင်ရာချီကျယ်ပြန့်ခဲ့တယ်… ဗီယက်နမ်စစ်ကာလမှာ ဒီ​​မြေ​အောက်ဥမင်​​တွေက ​မြေ​အောက်မြို့ငယ်တခုလိုပါဘဲ…

Cu Chi Tunnels are a must-see spot near Ho Chi Minh City in southern Vietnam.

Cu Chi Tunnels (ကူချီဥမင်လှိုဏ်ခေါင်းများ)

စက်ကိရိယာမပါဘဲ လူလုပ်အားသက်သက်နဲ့တူးခဲ့တဲ့ အံ့မခန်းဥမင်လှိုဏ်​ခေါင်းကွန်ယက်ကြီး… အရမ်းနက်ရှိုင်းခဲ့တယ်… မိုင်ရာချီကျယ်ပြန့်ခဲ့တယ်… ဗီယက်နမ်စစ်ကာလမှာ ဒီ​​မြေ​အောက်ဥမင်​​တွေက ​မြေ​အောက်မြို့ငယ်တခုလိုပါဘဲ…

Cu Chi Tunnels are a must-see spot near Ho Chi Minh City in southern Vietnam.

By Frank

Last Updated June 11, 2026

ဗီယက်နမ်စစ်ပွဲတွေရဲ့လက်ကျန်ဖြစ်တဲ့ ကူချီဥမင်တွေက ဗီယက်နမ်ကိုအလည်သွားသူတွေအတွက် မလည်မဖြစ် လည်ပတ်လေ့လာသင့်မယ့် နေရာတစ်ခုပါ… ဒီဥမင်တွေကို နေ့ဝက်လောက်အလည်သွားတာက ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ နာမည်​ကျော်စစ်အေးတိုက်ပွဲကာလရဲ့ အရေးပါဆုံး သမိုင်းတစ်ခုကို သေချာလေ့လာသလိုလည်း ဖြစ်ပါတယ်…

ကူချီဥမင်တွေက ဟိုချီမင်းမြို့နဲ့ဆို ကီလိုမီတာ ၅၀ အကွာလောက်မှာဘဲရှိလို့ သွားလာရလွယ်ကူပါတယ်… ဟိုချီမင်းမြို့ကနေ ကားနဲ့သွားရင် ဗီယက်နမ်တောင်ပိုင်းရဲ့ ကျေးလက်မြင်ကွင်းတွေကို ခံစားရမှာပါ…

War remnants of the Vietnam War (1955-1975) displayed at Cu Chi Tunnels
ဗီယက်နမ်စစ်ရဲ့အကြွင်းအကျန်စစ်သုံးယာဥ်​​ဟောင်းတွေ

ကူချီဥမင်​တွေရဲ့အစ

ကူချီဥမင်တွေရဲ့ သမိုင်းက ၁၉၄၀ ပြည့်နှစ်တွေမှာ စပါတယ်… အဲ့ဒီကာလမှာ Viet Minh လို့ခေါ်ကြတဲ့ ဗီယက်နမ်ပြောက်ကျားတွေက ဒုတိယကမ္ဘာစစ်ရဲ့ ဂျပန်တွေကို တိုက်ခိုက်နေကြတာပါ… ဒုတိယကမ္ဘာစစ်က ၁၉၄၅ မှာ ပြီးလို့ ဂျပန်တပ်တွေကို တိုက်ခိုက်တာက အဲ့ဒီနှစ်မှာ အဆုံးသတ်ပါတယ်…

ဒါပေမယ့် ကမ္ဘာစစ်အပြီးမှာ ဗီယက်နမ်ကိုအုပ်ချုပ်သူ ကိုလိုနီပြင်သစ်တွေကို အဲ့ဒီ Viet Minh တွေက လွတ်လပ်ရေးအတွက် ၁၉၄၆ ကနေ ၁၉၅၄ အထိ ထပ်ပြီးတိုက်ပါတယ်… 

ရှည်လျားလှတဲ့ အဲ့ဒီစစ်ပွဲကာလတွေမှာ အဲ့ဒီ Viet Minh စစ်သားတွေနဲ့ ကူချီဒေသခံတွေက ဒီ ကူချီလှိုဏ်ခေါင်းတွေကို ပုန်းခိုဖို့ရယ်၊ လက်နက်နဲ့ စာရွက်စာတမ်းတွေကို သိုဝှက်ဖို့ရယ်အတွက် တူးခဲ့ကြတာပါ… အဲ့ဒီကာလမှာ တူးဆွဖို့အတွက် အခြေခံကျလွန်းတဲ့ကိရိယာလေးတောင်မှ မရရှိနိုင်တာမို့လို့ သူတို့တွေဟာ ဒီဥမင်ကို လက်တွေနဲ့သာတူးခဲ့ကြတာများပါတယ်… အဲ့ဒါကြောင့်မို့ ဒီတူးဆွမှုဟာ အရမ်းနှေးကွေးပြီး တနေ့တာမှာ အကွာအဝေးအနည်းငယ်လောက်သာ တူးနိုင်ပါတယ်…

Cu Chi Tunnels are one of the major highlights of Vietnam.
ကူချီဥမင်​လေ့လာ​ရေး
Cu Chi Tunnels are one of the major higlights of Vietnam.
ဥမင်​တွေထဲက​နေအထွက်

အ​မေရိကန်စစ်ကာလရဲ့ ကူချီဥမင်

ပြင်သစ်တွေကိုတိုက်လို့အပြီးမှာ အမေရိကန်က ထောက်ပံ့နေတဲ့ တောင်ဗီယက်နမ်နဲ့ ကွန်မြူနစ်တရုတ်နဲ့ဆိုဗီယက်တို့က ကူညီနေတဲ့ မြောက်ဗီယက်နမ်တို့ တိုက်ခိုက်ကြတဲ့ ဗီယက်နမ်ပြည်တွင်းစစ် စပါတယ်… ဒီစစ်ကို ဗီယက်နမ်မှာ အ​မေရိကန်စစ်လို့လည်း ​ခေါ်ပါတယ်… ပြင်းထန်လွန်းတဲ့ ဒီစစ်က ၁၉၅၅ ကနေ ၁၉၇၅ အထိ နှစ်ပေါင်း ၂၀ လောက် ကြာရှည်ခဲ့ပါတယ်… 

ဒီစစ်ပွဲကာလမှာ Viet Cong (အဲ့ဒီအချိန်မှာ ကွန်မြူနစ်ကိုထောက်ခံတဲ့ တောင်ဗီယက်နမ်အဖွဲ့) က ဒီကူချီဥမင်တွေကို ပိုနက်အောင်တူးပြီး အထဲမှာ အခန်းတွေပိုများအောင် လုပ်ခဲ့ကြပါတယ်… ဥမင်ကိုလည်း အရမ်းဝေးတဲ့ ဗီယက်နမ်-ကမ္ဘောဒီယားနယ်စပ်အထိကို တူးခဲ့ကြပါတယ်… သူတို့တူးလိုက်တဲ့ ဥမင်အရှည်က ၂၅၀ km (၁၅၅ မိုင်ကျော်ကျော်) လောက် ရှိပါတယ်… ဒါတွေက သူတို့ရဲ့ လက်ဖျားခါရလောက်တဲ့ သတ္တိ၊ ဇွဲ နဲ့ ဆောက်လုပ်ရေးအတတ်တွေကြောင့်ပါဘဲ…

အဲ့ဒီကာလမှာ ဗီယက်နမ်ရဲ့တခြားနေရာတွေလိုဘဲ ဒီကူချီဥမင်တွေကလည်း အမေရိကန်စစ်တပ်ရဲ့ဗုံးကြဲတဲ့ဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပါတယ်… အဲ့ဒီအတွက် အပျက်အစီးနဲ့သေကြေမှု အရမ်းများခဲ့ပါတယ်… 

အဲ့ဒါကို ကာကွယ်ဖို့အတွက် Viet Cong တွေဟာ ဥမင်တွေကို မြေအောက်အနက် ပေ ၄၀ နီးပါးအထိ ပိုနက်အောင်တူးခဲ့ကြပါတယ်… အဲ့ဒီအနက်မှာ အခန်းအမျိုးမျိုးနဲ့ လမ်း​သေး​သေး​လေးတွေကိုဖောက်ပြီး ပုန်းခိုနေထိုင်ခဲ့ကြပါတယ်… 

ကူချီဥမင်တွေမှာ အရမ်းအံ့အားသင့်စရာက အရမ်းနက်တဲ့မြေအောက်အခန်းတွေမှာ လေရှူဖို့အတွက် အပေါက်တွေဖန်တီးထားတာရယ်နဲ့ ရေအတွက် မြေအောက်ရေတွင်းတွေကို တူးထားတာပါ… Viet Cong စစ်သားတွေနဲ့ ကူချီဒေသခံတွေပေါင်းပြီး လူဦးရေရာပေါင်းများစွာ ကာလကြာရှည်ပုန်းခိုနေထိုင်ခဲ့ကြတဲ့ ဒီကူချီဥမင်တွေက အဲ့ဒီအချိန်မှာ ‘မြေအောက်မြို့’ တစ်မြို့အလားပါဘဲ…

စစ်ပွဲကာလမှာ ဒီဥမင်တွေရဲ့ဝန်းကျင်မှာ ထောင်ချောက်တွေဆင်ပြီး ရန်သူတွေ ဥမင်တွေထဲရောက်မလာအောင် ကာကွယ်ခဲ့ကြပါတယ်… အဲ့ဒီအချိန်က ဖုံးလွှမ်းနေတဲ့ ထူထပ်တဲ့တောကြီးတွေကလည်း ဥမင်တွေကိုသွားမယ့်လမ်းတွေကို ကာဆီးထားသလို ဖြစ်နေပါတယ်…

Cu Chi Tunnels are a must-visit place in Vietnam.
ဥမင်ရဲ့​ထောင်​ချောက်​တွေ
Cu Chi Tunnels near Ho Chi Minh City
ဥမင်ထဲကအစည်းအ​ဝေး

အခု​ခေတ်ရဲ့ ကူချီဥမင်​တွေ

ဒီနေ့ခေတ်မှာတော့ အဲ့ဒီထောင်ချောက်တွေ ရှိမနေတော့ပါဘူး… ဒါပေမယ့် စိမ်းစိုနေတဲ့ အဲ့ဒီတောအုပ်ကိုတော့ ထိန်းသိမ်းထားပါတယ်… ဥမင်လှိုက်​ခေါင်း​တွေရဲ့ဝန်းကျင်မှာ စစ်တုန်းကလက်ကျန်အရာဝတ္ထု​တွေနဲ့ စစ်သုံးယာဥ်​လက်ကျန်အ​ဟောင်း​​တွေကို ပြသထားပါတယ်… စိတ်ဝင်စားစရာ​တွေချည်းပါဘဲ… 

ဗီယက်နမ်ရဲ့အ​ရေးပါတဲ့ သမိုင်းတကွက်ဖြစ်သလို ဒုတိယကမ္ဘာစစ်အလွန်က စစ်​အေး​ခေတ်ကာလရဲ့သရုပ်​တွေမို့ ကူချီဥမင်လှိုဏ်​ခေါင်း​တွေက ဗီယက်နမ်ရဲ့ Top Highlight တွေထဲက တစ်ခုဖြစ်ပြီး လည်ပတ်လေ့လာလို့ အရမ်းတန်လွန်းတဲ့နေရာလည်းဖြစ်​ပါတယ်…

သမိုင်းနဲ့ယဥ်ကျေးမှုတွေကို စိတ်ဝင်စားပြီး လေ့လာသမျှတွေကို ကိုယ့်ရဲ့မိတ်ဆွေပရိသတ်တွေကို မျှဝေတာဟာ MIC ရဲ့ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ရခြင်း ရည်ရွယ်ချက်တွေထဲက တစ်ခုပါ… ကမ္ဘာပေါ်က နေရာတွေနဲ့ လူ့အဖွဲ့အစည်းအသီးသီးမှာ စိတ်ဝင်စားစရာကောင်းတဲ့ ယဥ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ သမိုင်းတွေနဲ့ ဖြစ်ရပ်အမျိုးမျိုးတွေရှိကြပါတယ်… ဒီလို Intellectual ဆန်တဲ့ အရာတွေကို ကိုယ်နဲ့ခရီးသွားတဲ့သူတိုင်းကို ကိုယ်တတ်နိုင်တဲ့ရှုထောင့်ကနေ ဖော်ပြမျှဝေခြင်းက MIC ရဲ့ ဖြစ်တည်မှုနဲ့တန်ဖိုးပါ…

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.