ဗီယက်နမ်ရဲ့ Top Highlight တခုဖြစ်တဲ့
ဗီယက်နမ်ရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ Phu Quoc ကျွန်းကို အခုလက်ရှိမှာ အာရှရဲ့အလှဆုံးကျွန်းလို့ Cinde Nast Traveler လို ကမ္ဘာကျော်ခရီးသွားမဂ္ဂဇင်းတွေကတောင် သတ်မှတ်ကြပါတယ်…
Last updated
June 10, 2026
Category
blog | travel
Posted by
Amy
Phu Quoc ကျွန်းက ဒီဘက်နှစ်တွေမှာ တဟုန်ထိုးနာမည်ကြီး အရမ်းလူကြိုက်များလာတဲ့ အားလပ်ရက်အပန်းဖြေနေရာကြီးတခုပါ…
ဒီကျွန်းမှာ Highlight တွေများတယ်… အဲ့ဒီနေရာတွေကလည်း ‘သွားမယ်၊ တည်းမယ်၊ စားမယ်၊ ကမ်းခြေမှာရေကူးမယ်၊ အလန်းစား Theme Park ကြီးထဲမှာ နှစ်မြှုပ်မယ်၊ Safari လုပ်မယ်၊ ဓါတ်ပုံတွေ video တွေ တရစပ်ရိုက်မယ်’ ဆိုတာတွေနဲ့ ခရီးတခုကို ပျော်ပျော်ပါးပါးသွားချင်တဲ့သူတွေအကြိုက်…
ပြီးတော့ ဒီကျွန်းရဲ့နာမည်ကြီးတွေဖြစ်တဲ့ Grand World နဲ့ Sunset Town တို့ရဲ့ ဗင်းနစ်မြို့ဟန်၊ အီတာလျံနဲ့မြေထဲပင်လယ်ဒီဇိုင်း၊ ဥရောပရဲ့ဂန္တဝင်ကျေးရွာပုံစံ စတဲ့မြင်ကွင်းအဖုံဖုံက အမြင်ဆန်းစေတယ်… ပျော်ရွှင်ကြည်နူးစေပါတယ်…
Phu Quoc ရဲ့ ပထဝီ
ကျွန်းက Singapore နီးပါးအရွယ်ရှိတယ်… ဗီယက်နမ်မှာတော့ အကြီးဆုံးကျွန်း… နိုင်ငံရဲ့တောင်ဖျားပိုင်းအလွန်က စိမ်းပြာလဲ့နေတဲ့ ထိုင်းပင်လယ်ကွေ့မှာ တည်ရှိနေတာ… အရမ်းလှပတဲ့ကမ်းခြေတွေပတ်ပတ်လည်နဲ့ ဒီကျွန်းက တောင်တွေ ကုန်းမြင့်တွေ စိမ်းလန်းတဲ့မြင်ကွင်းတွေနဲ့ သာယာတယ်…
ရာသီဥတုက ခြောက်သွေ့ရာသီနဲ့ မိုးရာသီရယ်လို့ ၂ မျိုးဘဲရှိတယ်… နိုဝင်ဘာကနေ ဧပြီလအထိ ၆ လလောက် ခြောက်သွေ့တယ် နေသာတယ် ကောင်းကင်ပြာတယ် ရေငြိမ်တယ်… မေလကနေ အောက်တိုဘာအထိကတော့ စိုစွတ်စိမ်းလန်းတဲ့ရာသီ… ဂျူလိုင်ကနေ စက်တင်ဘာအထိကတော့ မိုးအတော်ရွာတယ်…
Phu Quoc ရဲ့ ထူးခြားချက်တွေ
တောတောင်ရေမြေအားကောင်းတဲ့ Phu Quoc ကို World Biosphere Reserve အဖြစ် UNESCO က အသိမှတ်ပြုထားပါတယ်… Biosphere Reserve ဆိုတာက ရိုးရိုးတောကြီးမျက်မည်းကို ပြောတာမဟုတ်ပါဘူး… Biosphere Reserve ဆိုတာက သဘာဝနဲ့ လူနေထိုင်မှုက စနစ်တကျ ဟန်ချက်ညီညီ လည်ပတ်ဖြစ်တည်နေတာကို ဆိုလိုတာပါ… မြို့ရွာတွေနဲ့ လမ်းတွေရဲ့ ဖွံဖြိုးတိုးတက်မှုတွေက သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ စနစ်တကျထိန်းထိန်းသိမ်းသိမ်းတိုးတက်ဖြစ်ထွန်းတာကို ဆိုလိုတာပါ…
Phu Quoc ရဲ့ Grand World နဲ့ Sunset Town တို့က ဥရောပကိုသွားစရာမလိုဘဲ ဥရောပကိုမြင်အောင် လုပ်ထားတာမို့ အရှေ့တောင်အာရှမှာ မြင်ရခဲတဲ့မြင်ကွင်းတွေပါ… အဲ့ဒီ ၂ နေရာစလုံးက ကျယ်တယ်… ဓါတ်ပုံစားတယ်… ပျော်ရွှင်ကြည်နူးစေတဲ့ Vibe တွေရှိတယ်… အခုလက်ရှိ အရမ်းနာမည်ကြီးနေတဲ့နေရာတွေပါဘဲ…
Phu Quoc မှာ Safari လုပ်တာရှိတယ်… ဧရိယာ ဧက ၁,၀၀၀ နီးပါးရှိတဲ့ အဲ့ဒီ Safari က ဗီယက်နမ်မှာ အကြီးဆုံးပါ… ဒီ Safari မှာ မျိုးစိတ်ပေါင်း ၁၅၀ ကျော်က တိရစ္ဆာန်ပေါင်း ၃,၀၀၀ ကျော်ရှိနေပါတယ်… ဒီအရေအတွက်က မနည်းမနောအရေအတွက်မျိုးပါ…
Phu Quoc ကျွန်းမှာရှိတဲ့ VinWonders ဆိုတဲ့ Theme Park ကလည်း ဗီယက်နမ်မှာ အကြီးဆုံးဖြစ်ပါတယ်… ဧက ၁၂၀ ကျော်အရွယ်အစားရှိတဲ့ ဒီ Theme Park ကို ဇုံ ၆ ဇုံပိုင်းထားပြီး သူ့ကိုလည်မယ်ဆော့မယ်ဆိုရင် တနေကုန်အချိန်ယူမှ စုံလင်မှာပါ…
အဲ့ဒီ VinWonders ထဲက Seashell Aquarium ဇုံ ၆ ဇုံထဲကတခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေသတ္တဝါပြတိုက်ကြီး ၅ ခုထဲက တခုပါ… အရမ်းကြီးမားတဲ့ လိပ်ကြီးတကောင်အသွင် တည်ဆောက်ထားတဲ့ ဒီပင်လယ်ပြတိုက်မှာ ပြသထားတဲ့ပင်လယ်သတ္တဝါတွေက အရေအတွက်နဲ့ဆို စုစုပေါင်း 255,000 ဝန်းကျင်ရှိပါတယ်… တကယ့်မနည်းမနောပါ… MIC က တဆင့် ဒီ Seashell Aquarium ကို လည်ပတ်ဖူးသူတိုင်းက အရမ်းကျေနပ်ကြ အရမ်းအကြိုက်တွေ့ကြပါတယ်…
နောက်တခုက Phu Quoc ရဲ့ Cable Car… ဒီ Cable Car က ပင်လယ်ကိုဖြတ်တဲ့ ကမ္ဘာ့အရှည်ဆုံး Cable Car ဖြစ်ပြီး ဒီကျွန်းရဲ့ Top Highlight တွေထဲကတခုပါ… ဒီ Cable Car ကို စီးရင်း အောက်က မှန်တချပ်လိုငြိမ်သက်နေတဲ့ပင်လယ်ရေပြင်ပြာကြီးရယ်၊ စိမ်းလန်းတဲ့အပင်တွေက စောင်ခြုံထားသလိုဖြစ်နေတဲ့ မို့မို့မောက်မောက်ကျွန်းတွေရယ်၊ Phu Quoc ကျွန်းအစပ်က ရာပေါင်းများစွာသော တံငါလှေအကြီးအသေးတွေရယ်၊ အဝေးက ကောင်းကင်ပြာကြီးရယ် စတာတွေရဲ့မြင်ကွင်းတွေက ဒီ Phu Quoc ကျွန်းနဲ့သူ့ကိုလည်ပတ်တာက ဘာလို့ နာမည်ကြီးပြီး လူကြိုက်များရတာလဲဆိုတာကို အဖြေပေးရှင်းပြနေသယောင်ပါဘဲ…
Phu Quoc မှာ ဘယ်တွေလည်မလဲ…
…Grand World ၊ VinWonders ၊ Phu Quoc Aquarium (Seashell Aquarium ကိုပြောတာပါ) ၊ Safari ၊ Sunset Town ၊ Hon Thom Cable Car နဲ့ Beach တွေက ဒီကျွန်းရဲ့ Top Highlight တွေပါ…
အဲ့ဒါတွေအပြင် Phu Quoc မှာ နာမည်ကြီးသလောက် ကြည့်လို့ ခံစားလို့ ကောင်းတာ၊ ပေးရတာနဲ့တန်တာက သူ့ရဲ့ Cultural Show တွေပါ… အဲ့ဒီ Show တွေက Grand World မှာရော Sunset Town မှာရော ရှိပါတယ်… တခုရှိတာက Show တွေက တခုနဲ့တခု ဘာမှကိုမတူကြ လုံးဝမတူကြပါဘူး…
ကြည့်တဲ့သူတွေအတွက် ခံစားမှုရသပိုင်းတွေ၊ အနှစ်အဓိပ္ပါယ်တွေလည်း လုံးဝမတူကြပါဘူး… Phu Quoc ကိုလည်ပတ်ရင် အဲ့ဒီ Show တွေက မပါမဖြစ်ပါဘဲ…
Phu Quoc ကို လည်တဲ့အခါ သူ့ရဲ့ Highlight နေရာတွေနဲ့ Show တွေကို စနစ်တကျ Plan ဆွဲပြီး လည်ပတ်မှ ကုန်ကျရတာတန်ပြီး ပျော်စရာပိုကောင်းပါတယ်…
Phu Quoc ကို ကိုယ်နဲ့ကိုက်ညီပြီး ကိုယ့်စိတ်တိုင်းကျ Plan ထားတဲ့ Free & Easy ခရီးစဥ်နဲ့လည်ပတ်ဖို့ဆိုရင် MIC ကို ချက်ချင်းဆက်သွယ်လိုက်ပါ… အချိန်နဲ့ငွေ အလေအလွင့်မရှိဘဲ ခရီးစဥ်ကို အချောမွေ့ဆုံးလည်ပတ်ဖို့အတွက် MIC က တာဝန်ယူပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.