Vietnam တောင်ပိုင်းရဲ့ ထင်းရှူးမြို့တော်

Dalat

အေးစိမ့်​နေတတ်တဲ့ရာသီဥတု… မြို့ရဲ့အမှတ်အသားလိုဖြစ်​နေ​တဲ့ ထင်းရှူးပင်​တွေနဲ့ ကုန်းမြင့်ရှုခင်း​တွေ… ဗီယက်နမ်မှာ ဗီယက်နမ်​တွေကိုယ်တိုင် အရမ်းကြိုက်ကြတဲ့မြို့… ဒါလတ်က ဗီယက်နမ်ရဲ့နာမည်ကြီးလည်ပတ်စရာ​မြို့တွေထဲကတခုပါ…

  By Amy          |          Last Updated June 12, 2026

Dalat, a popular destination with delighful climate, is located in the Langbiang Plateau in the center of southern Vietnam.

ဒါလတ်မြို့က ဗီယက်နမ်တောင်ပိုင်းရဲအလယ်မှာရှိတဲ့ လန်ဘီယန်ကုန်းမြင့် (Langbiang Plateau) ပေါ်က တောင်ပေါ်မြို့… သူ့ရဲ့အမြင့်​ပေက ပေ ၄၉၀၀ ဝန်းကျင်… အမြင့်ပေ ၄၃၀၀ ကျော်မှာရှိတဲ့ကလောနဲ့ အမြင့်ပေ ၄၇၀၀ ကျော်မှာရှိတဲ့တောင်ကြီးတို့ထက် နည်းနည်းပိုမြင့်တဲ့အမြင့်ပေမှာ ဒါလတ်ကတည်ရှိတာပါ… 

ဒီအမြင့်ပေမှာရှိတဲ့ ရာသီဥတုက ထင်းရှူးပင်ရဲ့တွေအကြိုက် ထင်းရှူးရာသီဥတု… စိမ့်အေးတယ်… ပန်းတွေဝေတယ်… အရမ်းသာယာတယ်… နေလို့ လည်လို့က အရမ်းကောင်းပါဘဲ…

Dalat is famous for its beautiful landscapes, cool alpine weather, sightseeing highlights and gorgeous indoor and outdoor cafés.
သာယာတဲ့ရှုခင်း​တွေ၊ vibe ​​တွေနဲ့ ဒါလတ်

သမိုင်းထဲက Dalat

ဒါလတ်မြို့က သက်တမ်းရင့်တဲ့မြို့တော့မဟုတ်ပါဘူး… လွန်ခဲ့တဲ့ နှစ် ၁၃၀ ကျော် ၁၈၉၀ ပြည့်နှစ်ကာလတွေကမှ ကိုလိုနီပြင်သစ်တွေက တည်ထောင်တဲ့ တောင်ပေါ်မြို့ပါ… 

အစပိုင်းကာလတွေမှာ ဒီမြို့က စိုက်ပျိုးရေးအတွက် သုတေသနစခန်းမြို့လေးပါဘဲ… အဲ့ဒီနောက် သူ့ရဲ့အေးမြပြီးသာယာတဲ့ ရာသီဥတု၊ ရှုမငြီး လှပသာယာလွန်းတဲ့ တောင်ကုန်းတောင်တန်းအလှတွေကြောင့် အပူရှောင်ချင်တဲ့သူတွေကြားမှာ အပန်းဖြေမြို့အနေနဲ့ အချိန်တိုအတွင်း နာမည်ကြီးလူသိများလာပါတယ်… ပြင်သစ်ကိုလိုနီခေတ်မှာတင် ဥရောပတိုက်သားတွေ အလည်လာရာဒေသဖြစ်လာပါတယ်… 

အဲ့ဒီနောက်မှာ ပြင်သစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သီလရှင်တွေက ကျောင်းအိပ်ကျောင်းစားကျောင်း (Boarding school) တွေကို ဒါလတ်မြို့မှာ ဖွင့်လှစ်လာပါတယ်… ပြင်သစ်ကိုလိုနီခေတ်မှာ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားဒေသအတွင်းက ဥရောပတိုက်သားတွေ၊ ပြင်သစ်တွေနဲ့ ငွေကြေးတတ်နိုင်တဲ့ဒေသခံတွေက သူတို့သားသမီးတွေကို အဲ့ဒီကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစား ပညာသင်စေခဲ့ပါတယ်… ဒီလိုနဲ့ဘဲ ဒီမြို့လေးက အနောက်တိုင်းဆန်တဲ့ မြို့ကလေးဖြစ်ခဲ့ပါတယ်…

Dalat Railway Station is a tourist attraction of Dalat.
1930 ​ကျော်မှာ​ဆောက်ခဲ့တဲ့ ပြင်သစ်ကိုလိုနီ​ခေတ်ဒီဇိုင်းနဲ့ Dalat ရထားဘူတာ
Dalat Plateau Train runs from Dalat to Trai Mat.
အလည်လာသူ​တွေ စီးကြ ကြိုက်ကြတဲ့ Dalat ရထား
Dalat Plateau trains have luxurious interiors.
ရထားထဲမှာ ခရီးသည်​တွေထိုင်ဖို့ ဆိုဖာခုံတန်းရှည်
Comfortable sofa seats of Dalat trains offer passengers a great experience.
Dalat ရထားက စီးရတာ​ပျော်စရာပါ...

ဒီ​နေ့​ခေတ်ရဲ့ Dalat

အခုကာလမှာ ဒါလတ်မြို့ကို ဗီယက်နမ်လူမျိုးတွေရော၊ ကမ္ဘာအနှံ့ကခရီးသွားတွေရော အရမ်းလာလည်ကြပါတယ်… မြို့နဲ့မြို့ပတ်ဝန်းကျင်မှာ ၄-၅ ရက် ဆက်တိုက်လည်ပတ်ရင်တောင် လည်စရာမကုန်တာမို့ ဒီမြို့ကိုလူကြိုက်များတာ မဆန်းလှပါဘူး… 

ဒါလတ်မြို့ရဲ့မြေက နီးဆွေးပြီး မြေသြဇာအရမ်းကောင်းတာကြောင့် မြို့ပြင်ပတ်ဝန်းကျင်မှာရှိတဲ့ တောင်စောင်းတွေ၊ လျှိုတွေ တခွင်တပြင်လုံးမှာ အမျိုးမျိုးသောပန်းစိုက်ခင်းတွေ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ဖုံးလွှမ်းနေပါတယ်… စိုက်ကြတဲ့ဟင်းသီးဟင်းရွက်တွေက ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ပဲပိုးတီ အစရှိသဖြင့် စုံလင်လှပါတယ်… မြို့ပြင်မှာ စတော်ဘယ်ရီစိုက်ခင်းတွေရှိပြီး ဝင်လည်ပတ်လို့ရပါတယ်… စတော်ဘယ်ရီတွေကို ခူးပြီး အလေးချိန်နဲ့ ဝယ်စားလို့ရပါတယ်… ပြင်ဦးလွင်မှာလိုပါဘဲ… 

ထူးခြားတာက မြို့ထဲက ကဖေးတွေရယ်၊ မြို့အပြင်ကခြံဝင်းကြီးတွေနဲ့ ကဖေးတွေရယ်ပါဘဲ… တချို့ဆိုရင် အရိပ်အာဝါသအရမ်း​ကောင်းတာအပြင် တသွင်သွင်စီး​နေတဲ့စမ်း​ချောင်း​လေး​တွေရဲ့​​ဘေး​တွေမှာရှိ​လို့ စိမ့်​စိမ့်​လေးနဲ့​အေး​အေးချမ်းချမ်းအပန်း​ဖြေလို့အရမ်း​ကောင်းတဲ့​နေရာ​တွေပါ…

Hiking and trekking in Langbiang Mountain is one of the things to do in Dalat.
လန်ဘီယန်​တောင်ကုန်းကြီးရဲ့ ​တောင်​ခြေစခန်း
Cable car rides are a popular activity among visitors in Dalat, a high-altitude destination with cool weather in Vietnam.
ထင်းရှူး​တောင်ကုန်း​တောင်တန်း​တွေရဲ့မြင်ကွင်းကျယ်​တွေနဲ့ Dalat က Cable car
Dalat has several fun activities for holiday makers including the 1500-meter zipline and high rope course near the Datanla waterfalls.
ပေ ၅၀၀၀ နီးပါးရှည်တဲ့ Zipline

ဒါလတ်မြို့မှာ Cable Car စီးရင်း တောင်ကုန်းတောင်တန်းတွေရဲ့ရှုခင်းကို တဝကြီးခံစားရတာမိုက်တယ်… မြို့ထဲက Highlight တွေက လည်လို့ကောင်းတယ်… ပေ ၅၀၀၀ နီးပါးရှည်တဲ့ Zipline စီးတာ၊ ထင်းရှူးတောထဲမှာ Alpine Coaster စီးတာ စသဖြင့် Activity အစုံလုပ်လို့ရတယ်… Langbiang တောင်ထိပ်ကို Trekking လုပ်လို့ရပြီး (Trekking အဆင်မပြေတဲ့သူတွေက ကားနဲ့တက်လို့ရပါတယ်) တောင်ထိပ်ကနေ ရင်သပ်ရှုမောစရာမြင်ကွင်းကြီးနဲ့ အပန်းဖြေလို့ရတယ်… ဖျော်ဖြေမှုဆန်တဲ့ Dalat Train ခရီးတိုလေးစီးလို့ရတယ်… အစရှိသဖြင့် ဓါတ်ပုံရိုက်မဝ၊ Video ရိုက်မဝတဲ့ Trip လေးကို ဒါလတ်မှာ ရနိုင်ပါတယ်… 

Admin ဗီယက်နမ်ရောက်တိုင်း ဗီယက်နမ်လူမျိုးတွေကို သူတို့အကြိုက်ဆုံး အလည်ပတ်ချင်ဆုံးနေရာတွေကို မေးကြည့်ဖြစ်ပါတယ်… သူတို့အဖြေများတာက ဒီ Dalat မြို့ပါဘဲ…

Enjoying breathtaking sunset views from a bar is something not to miss in Dalat.
Mesmerizing sunset viမြို့အပြင်နား တောင်ကုန်း​တွေ​ပေါ်က Bar တခုews from a bar

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.