ဗီယက်နမ်ရဲ့ ဘတ်ချွိုင်​အော်ပရာ

June 23, 2026     |     Amy

ဗီယက်နမ်ရဲ့ UNESCO စာရင်းဝင် အနုပညာ​အ​မွေအနှစ်တခုဖြစ်တဲ့ ဘတ်ချွိုင်​အော်ပရာ (Bai Choi opera) က မြူးကြွတယ်… ရိုးရာဟန်ကိုအပြည့်ပြနိုင်တယ်… ကြည့်သူတိုင်း​ကို အစက​နေအဆုံးထိ ဆွဲ​​ဆောင်ထားနိုင်တယ်…

Bai Choi opera performers playing a bai choi song in Hoi An

ဗီယက်နမ်ရဲ့ ဘတ်ချွိုင်​အော်ပရာ

June 23, 2026     |     Amy

ဗီယက်နမ်ရဲ့ UNESCO စာရင်းဝင် အနုပညာ​အ​မွေအနှစ်တခုဖြစ်တဲ့ ဘတ်ချွိုင်​အော်ပရာ (Bai Choi opera) က မြူးကြွတယ်… ရိုးရာဟန်ကိုအပြည့်ပြနိုင်တယ်… ကြည့်သူတိုင်း​ကို အစက​နေအဆုံးထိ ဆွဲ​​ဆောင်ထားနိုင်တယ်…

ဗီယက်နမ်ရဲ့နာမည်​ကျော် ​ဟွေအန်းမြို့​ဟောင်း (Hoi An Old Town) ရဲ့ အလယ်က ဝါကျင့်ကျင့်​ရှေးအ​ဆောက်အအုံ​တွေကြားမှာ ဗုံသံ​တွေ၊ လင်ကွင်းခတ်သံ​တွေ၊ ကြိုးတပ်တူရိယာတီးခတ်သံ​တွေနဲ့ ဇာတ်စကား​ပြောသံ​တွေကို ည​နေခင်း​တွေမှာ ကြားရတတ်ပါတယ်… အဲ့ဒီ​နေရာကို သွားကြည့်တဲ့အခါ ​ခြေတံရှည်ဝါးတဲ​လေးတချို့ရဲ့အလယ်က ​မြေဝိုင်းဇာတ်ဆန်ဆန် အ​သေးစားအနုပညာတင်ဆက်မှုတခုကို ​တွေ့ရမှာပါ… 

ရိုးရှင်းတဲ့အဆင်အပြင်ပုံစံရယ်၊ ပွဲ​လေးရဲ့ပတ်ပတ်လည်က ဝါးတဲ​လေး​တွေရယ်၊ ဗီယက်နမ်စကား​ရဲ့အသံအနိမ့်အမြင့်အတက်​အကျတွေရယ်နဲ့ အဲ့ဒီအနုပညာက ​ဟွေအန်းမြို့​ဟောင်းကိုအလည်လာတဲ့ အခြား​ဒေသကဗီယက်နမ်​တွေကိုသာမက နိုင်ငံခြားသား​တွေရဲ့ အာရုံကိုလည်း ဆွဲ​ဆောင်နိုင်လို့ ပွဲခင်း​လေးရဲ့ပတ်ပတ်လည်မှာ​ရော ပွဲခင်းထဲမှာ​ရော ဗီယက်နမ်လူမျိုး​တွေနဲ့ ကမ္ဘာလှည့်ခရီးသည်​တွေစူးစမ်း​နေကြ၊ ဓါတ်ပုံ ဗီဒီယိုရိုက်​နေကြ၊ အချင်းချင်း​မေးမြန်းကြ၊ ပါလာတဲ့ဧည့်လမ်းညွှန်ကို​မေးမြန်းကြ၊ ဧည့်လမ်းညွှန်က ရှင်းပြတာကိုနား​ထောင်ကြ၊ ကိုယ်တိုင်လည်းဝင်ထိုင်ပြီးပါဝင်ကြနဲ့ဖြစ်​နေတာကို ည​နေတိုင်းလိုလို​တွေ့ရပါတယ်…  

Bamboo huts for audience in Bai Choi opera in Hoi An
ဘတ်ချွိုင်ကို အဲ့ဒီဝါးတဲ​​လေး​တွေ​ပေါ်က​နေ ကြည့်ကြတယ်...

အဲ့ဒီ​ခြေတံရှည်ဝါးတဲ​လေး​တွေ​ရဲ့အပေါ်နဲ့ ပွဲခင်း​လေးထဲမှာ ကြည့်ရှုခံစား​နေတဲ့ ပရိသတ်ရဲ့အာရုံကို​တော့ သူတို့​ရှေ့က မြေပြင်တသားတည်းမှာ ဇာတ်စကားနဲ့ကဗျာတချို့ကို အားရပါးရ ရွတ်ဆို​နေတဲ့ အမျိုးသားနဲ့အမျိုးသမီးက သိမ်းညှို့ထားပါတယ်… သူတို့က ဗီယက်နမ်ရိုးရာဝတ်စုံ​တွေ ဝတ်ထားတယ်… ရွတ်ဆိုတာ ​တောင့်​တောင့်ကြီး ဖြစ်မ​နေဘူး… သီချင်းစာသားအလိုက် လက်ဟန်​တွေ ကိုယ်​နေဟန်​တွေ မျက်နှာ​ပေး​တွေ အလိုက်အထိုက်​ပြောင်းလဲ​နေတယ်… သူတို့​အနောက်နားမှာ ကြိုးတပ်တူရိယာ​၊ လင်ကွင်းနဲ့ ဗုံကြီးတလုံးကို တီးခတ်​နေသူ​တွေရှိတယ်… ကြည့်ရတာမြိုင်တယ်… နား​ထောင်ရတာက အရသာတမျိုး​လေးရှိတယ်… ပွဲ​လေးက အ​တော်စို​ပြေတယ်…

အဲ့ဒီအနုပညာတင်ဆက်မှု​ကို ဘတ်ချွိုင် (Bai Choi) လို့​ခေါ်ပါတယ်… ဘတ်ချွိုင်က ဗီယက်နမ်​ကျေးလက်နဲ့လူထုအနုပညာတမျိုးပါ… ဒီအနုပညာကို အထူးသဖြင့် ဗီယက်နမ်အလယ်ပိုင်းမှာ​တွေ့ရများပါတယ်…

Bai Choi opera and its audience in Hoi An
ဘတ်ချွိုင်ပွဲခင်း​လေး

ကြည့်လိုက်ရင် သာမန်လို့ထင်ရ​ပေမယ့် တကယ်​​တော့ ဘတ်ချွိုင်က ရိုးရာဂီတ၊ ကဗျာ၊ သရုပ်​ဆောင်၊ ပန်းချီနဲ့ စာ​ပေတို့ကို စနစ်တကျ အချိုးကျကျ​ပေါင်းစပ်ထားတဲ့ အနုပညာဖြစ်ပါတယ်… ဒီ​နေရာမှာလည်း ထူးခြားတာက ​ဒေသရိုးရာစကားထာတချို့လည်း တရစပ်လိုလိုပါဝင်​နေတာပါ… ပြီး​​တော့ အဲ့ဒီစကားထာ​တွေကို ရွတ်​နေတဲ့ကဗျာထဲထည့်ပြီး လက်တန်းစပ် လက်တန်းရွတ်ပြတာမို့ ဘတ်ချွိုင်တင်ဆက်သူ​တွေရဲ့ စာ​ပေ၊ ကဗျာ၊ ရိုးရာဂီတနဲ့ ဗဟုသုတ နှံ့စပ်ကျွမ်းကျင်မှုနဲ့ ဖြတ်ထိုးဥာဏ်ရည်က လက်ဖျားခါ​လောက်ပါတယ်…

ဘတ်ချွိုင်ကိုအစပြုတာ ​ကျေးလက်​တောင်သူလယ်သမား​တွေလို့ ဆိုပါတယ်… ​ရှေးအခါက ဗီယက်နမ်မှာ လယ်​တွေ စိုက်ခင်း​တွေထဲကို ​တောရိုင်းတိရစ္ဆာန်​တွေဝင်ရောက်တဲ့အခါ ဗုံတွေ၊ လင်ကွင်း​တွေကိုတီးပြီး ​မောင်းထုတ်ကြပါတယ်… ပြီး​တော့ ​တောရိုင်းတိရစ္ဆာန်​တွေကို​ ဝါးတဲ​လေး​​တွေထဲက​နေ စောင့်ကြည့်ရင်း ဖဲကစားတာ၊ ကစား​နေတဲ့ဖဲရွက်​တွေကို သီချင်းလုပ်ဆိုတာ၊ ဖဲရွက်​တွေကို စကားထာဖွက်ကြတာ​တွေက ဘတ်ချွိုင်ရဲ့အစကနဦးလို့ ဆိုကြပါတယ်… ‘ဘတ်ချွိုင်’ ဆိုတဲ့စကားလုံးမှာ ‘ဘတ်’ ဆိုတာက ‘ဖဲကစားခြင်း’ နဲ့ ‘ချွိုင်’ ဆိုတာက ‘ဝါးတဲ’ လို့ အဓိပ္ပါယ်ရပါတယ်…

Bai Choi opera in Hoi An, a Vietnamese tradition and heritage
ဘတ်ချွိုင် Game ရဲ့ စာသားနဲ့ရုပ်ပုံ​တွေ

ဘတ်ချွိုင်ကိုအစပြုတာ ​ကျေးလက်​တောင်သူလယ်သမား​တွေလို့ ဆိုပါတယ်… ​ရှေးအခါက ဗီယက်နမ်မှာ လယ်​တွေ စိုက်ခင်း​တွေထဲကို ​တောရိုင်းတိရစ္ဆာန်​တွေဝင်ရောက်တဲ့အခါ ဗုံတွေ၊ လင်ကွင်း​တွေကိုတီးပြီး ​မောင်းထုတ်ကြပါတယ်… ပြီး​တော့ ​တောရိုင်းတိရစ္ဆာန်​တွေကို​ ဝါးတဲ​လေး​​တွေထဲက​နေ စောင့်ကြည့်ရင်း ဖဲကစားတာ၊ ကစား​နေတဲ့ဖဲရွက်​တွေကို သီချင်းလုပ်ဆိုတာ၊ ဖဲရွက်​တွေကို စကားထာဖွက်ကြတာ​တွေက ဘတ်ချွိုင်ရဲ့အစကနဦးလို့ ဆိုကြပါတယ်… ‘ဘတ်ချွိုင်’ ဆိုတဲ့စကားလုံးမှာ ‘ဘတ်’ ဆိုတာက ‘ဖဲကစားခြင်း’ နဲ့ ‘ချွိုင်’ ဆိုတာက ‘ဝါးတဲ’ လို့ အဓိပ္ပါယ်ရပါတယ်…

ဘတ်ချွိုင်မှာ စကားထာဝှက်တာ ပါ​နေတာက ထူးခြားပါတယ်… ဘတ်ချွိုင်ပွဲကိုကြည့်ရင် ​တွေ့ရမှာက ပွဲကြည့်သူ​တွေဟာ ကြည့်သူသက်သက်ချည်းမဟုတ်ဘဲ သူတို့လက်​တွေထဲမှာ ပုံ​တွေနဲ့စာသားတချို့ပါတဲ့ သစ်သားပြား(သို့မဟုတ်)ဝါးပြား​​တွေကိုကိုင်ပြီး ဘတ်ချွိုင်သီချင်း​တွေကို ရွတ်ဆိုသူရဲ့ ကဗျာစာသားနဲ့စကားထာ​တွေကို အားတက်သ​ရော နား​ထောင်​နေတာ​တွေ့ရမှာပါ… အဲ့ဒီ ရုပ်ပုံ​တွေနဲ့စာသားတချို့ပါတဲ့သစ်သားပြား​တွေကို တင်ဆက်သူ​တွေဆီက​နေ ဝယ်ရပါတယ်… ​စျေးကမများတာ​ကြောင့် လူတိုင်းဝယ်နိုင်သလို မိသားစု​တွေမှာဆို က​လေးငယ်​လေး​တွေအတွက်ဝယ်ယူ​ပေးကြပါတယ်… အဲ့လိုနဲ့က​လေး​တွေက ဘတ်ချွိုင်ယဥ်​​ကျေးမှုကို ​လေ့လာပြီးသား စီး​မျောပါဝင်ပြီးသားဖြစ်သွားပါတယ်… ရုတ်တရက်ကြည့်လိုက်ရင် ဘာမှမဟုတ်သ​​ယောင် ထင်ရ​ပေမယ့် တကယ်တမ်းမှာ​တော့ ဒီလိုယဥ်​ကျေးမှုကို လက်ဆင့်ကမ်းတဲ့ပုံစံက ချစ်စရာ​ကောင်းသလို ဖန်တီးမှုဆန်တာ (creative ဖြစ်တာ) ကို​လည်း တွေ့နိုင်ပါတယ်… အတုယူစရာ​လေးပါဘဲ!

Cards on flat bamboo for bai choi puzzle games
ဘတ်ချွိုင် Game ရဲ့ စာသားနဲ့ရုပ်ပုံ​တွေ

ဘတ်ချွိုင်ရွတ်ဆိုသူက ရွတ်ဆို​နေတဲ့သီချင်း​​တွေမှာ စိတ်ဓါတ်နဲ့စာရိတ္တဆိုင်ရာသင်ခန်းစာ​တွေ၊ ​ဒေသနဲ့နိုင်ငံကိုချစ်မြတ်နိုးတာ​တွေ၊ စည်းလုံးညီညွတ်ဖို့​တွေနဲ့ ​မေတ္တာကရုဏာအ​ကြောင်း​တွေ စတဲ့ကဏ္ဍအစုံစနစ်တကျပါဝင်တယ်လို့ဆိုပါတယ်… အံ့သြစရာ​ကောင်းတာတခုက အဲ့ဒီလိုအ​ကြောင်းအရာအမျိုးမျိုးနဲ့ ကဗျာ၊ စကားထာတွေကို ဘတ်ချွိုင်ဆရာက ကြိုတင်ဇာတ်တိုက်​လေ့ကျင့်ထားရုံသာမကဘဲ တင်ဆက်​နေရင်းလည်း အ​ထေ့အ​ငေါ့မရှိ လက်တန်းစပ်ဆိုနိုင်စွမ်းရှိတာပါဘဲ… 

ပရိသတ်က ဘတ်ချွိုင်သီချင်း​တွေကို နား​ထောင်နေရင်း ရွတ်ဆိုသူရဲ့သီချင်းထဲထဲမှာ သူတို့လက်ထဲက ပုံနဲ့စာသား​တွေပါရင် ချက်ချင်းလက်​ဝှေ့ယမ်းကြပါတယ်… အဲ့ဒီအခါ ပွဲတင်ဆက်သူ​တွေက အဲ့ဒီစာသားတိုင်ဆိုင်သူ​တွေကို အနီ​​ရောင်အလံလေး​တွေ ​ပေးပါတယ်… ၃ ခါတိတိတိုက်ဆိုင်ရင်​တော့ အနိုင်ရပါတယ်… အနိုင်ရသူက တ​ယောက်မကရှိနိုင်ပါတယ်… အနိုင်ရရင် ပွဲတင်ဆက်သူ​တွေဆီက​နေ အမှတ်တရလက်​ဆောင်​ရပါတယ်… အနိုင်ရဖို့ သိပ်မလွယ်လှတာ​ကြောင့် နိုင်တဲ့သူ​တွေက အရမ်း​ပျော်ရွှင်ကြပါတယ်… စာ​ရေးသူ​တွေ့ရသ​လောက်က​တော့ ပွဲတ​လျှောက်လုံးက​နေ ပွဲပြီးတဲ့အထိ နိုင်နိုင်/မနိုင်နိုင် ​လူတိုင်းပျော်​နေ စိတ်အားထက်သန်​နေကြတာ​ပါ…

Bai Choi artist and performer in Hoi An
သီဆို​နေတဲ့ ဘတ်ချွိုင်အနုပညာရှင်
Vietnamese traditional violinist
ဘတ်ချွိုင်က ရိုးရာအပြည့်ပါ...

ဒါ​ကြောင့်မို့ ဘတ်ချွိုင်က ဒီအတိုင်းငုတ်တုတ်ထိုင်ကြည့်ပြီးနား​ထောင်ရတဲ့ပွဲမျိုးမဟုတ်ဘဲ ကိုယ်တိုင်ပါဝင်ကစားလို့ရတဲ့ပွဲမျိုးမို့ စိတ်လှုပ်ရှားစရာအပြည့်​ပေးတဲ့အနုပညာတမျိုးပါဘဲ… ဒီ ဘတ်ချွိုင် Game ​လေးမှာ ဗီယက်နမ်လူမျိုး​တွေသာမကဘဲ နိုင်ငံခြားသား​​တွေလည်း ပါဝင်လို့ရပါတယ်… စာ​ရေးသူလည်း ခဏခဏပါဝင်ဖူးပါတယ်… ​အဲ့ဒီအ​တွေ့အကြုံက တကယ့်ကို ပျော်ရွှင်ရ ရယ်​မောရ စိတ်လှုပ်ရှားရ ကြည်နူးရတဲ့ အခိုက်အတန့်​လေးပါဘဲ…

အဲ့ဒီလို ရသအစုံ​ပေးနိုင်တဲ့ လူထုအနုပညာ ဘတ်ချွိုင်က အခု​ခေတ်မှာ UNESCO ယဥ်​ကျေးမှုအ​မွေအနှစ်စာရင်းဝင် ဖြစ်​နေပါပြီ… တကယ်လည်း ထိန်းသိမ်းရမယ့် ထိန်းသိမ်းသင့်တဲ့ ယဥ်​ကျေးမှုအ​မွေအနှစ်တခုပါဘဲ… ဒီလိုယဥ်​ကျေးမှုတန်ဖိုးမြင့်မားတဲ့ ဘတ်ချွိုင်အနုပညာကို ​ဟွေအန်းမြို့​ဟောင်းအလယ်ရဲ့ ည​နေခင်းအချိန်​တွေမှာ ကြည့်ရှုခံစားနိုင်ရုံမက ကိုယ်တိုင်လည်းပါဝင်နိုင်​ကြောင်း MIC က​နေ သတင်းစကား​လေးပါးလိုက်ပါတယ်…

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.