Hoi An

ရောင်စုံမီးပုံး​လေး​တွေ​အောက်ကလမ်း​လေး​တွေ၊ စနစ်တကျထိန်းသိမ်းထားတဲ့ဗိသုကာနဲ့အ​ဆောက်အအုံ​တွေ၊ ကြွယ်ဝတဲ့​နောက်ခံသမိုင်း​​တွေ၊ လှပတဲ့ထူဘွန်မြစ်နဲ့ည​နေခင်း​တွေ… စတာ​တွေနဲ့ ​ဟွေအန်းက ကမ္ဘာ​ကျော်​နေရာတခုပါ…

Hoi An Old Town, a UNESCO World Heritage in Vietnam
ထူဘွန်မြစ်ကမ်း​ပေါ်က UNESCO မြို့ဖြစ်တဲ့ ​ဟွေအန်းမြို့​ဟောင်းရဲ့ ​နေမဝင်ခင်ည​နေခင်း​လေး

By Frank

Last Updated June 11, 2026

Hoi An က ဗီယက်နမ်အလယ်ပိုင်းမှာရှိပါတယ်… အခုလက်ရှိကာလမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကြီးထွားဖွံ့ဖြိုးလာနေပြီး လူသိများလာတဲ့ ဒါနန်းမြို့ (Da Nang) နားမှာ ရှိပါတယ်… ဒါနန်းမြို့လယ်က​နေဆို 20 km ​ကျော်​ကျော်လေးဘဲ​ဝေးပြီး ကားနဲ့ဆို မိနစ် ၄၀ ​လောက်ဘဲ ​စီးရပါတယ်…

Hoi An ဆိုတဲ့ ဗီယက်နမ်စကားလုံးက ‘ငြိမ်းချမ်းတဲ့ ဆုံရပ်’ လို့ အဓိပ္ပာယ်ရပါတယ်… သမိုင်းတ​လျှောက်မှာ သူက ကုန်သွယ်စီးပွားချည်းဘဲ အဓိကလုပ်တဲ့ နေရာပါ… အုပ်ချုပ်ရေးနဲ့ စစ်မက်တွေရဲ့ ဗဟိုချက်မဟုတ်ခဲ့ပါဘူး… ဒါကြောင့်လည်း အဲ့ဒီအဓိပ္ပာယ်ရတဲ့ Hoi An ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ခဲ့ပါတယ်…

​ဟွေအန်းက မကြီးမ​သေးမြို့တမြို့ပါ… သူ့ဟာနဲ့သူလှပတယ်… သာယာတယ်… မြို့ကြီး​တွေလို ပျားပန်းခပ်မ​နေဘူး… မြို့ခံ​တွေက ​ဖော်​ရွေကြတယ်… ခရီးသွားလုပ်ငန်းထွန်းကားတဲ့မြို့မို့လို့ ဟိုတယ်​​တွေ၊ Resort ​တွေ၊ Villa ​တွေ၊ Homestay ​တွေ၊ စား​သောက်ဆိုင်​တွေနဲ့ က​ဖေး​တွေ တမြို့လုံးအနှံ့ များပြားပါတယ်… 

​ဟွေအန်းမြို့လယ်မှာ Hoi An Ancient Town (ဟွေအန်း​ရှေး​ဟောင်းမြို့ / ​ဟွေအန်းမြို့​ဟောင်း) ရှိပါတယ်… အဲ့ဒီနေရာက ဒီမြို့ရဲ့ အဓိကဆွဲဆောင်မှု… မလည်လို့ လုံးဝမဖြစ်တဲ့နေရာ… Hoi An ရဲ့ အသာယာဆုံး အလှပဆုံးနေရာပေါ့…

Japanese Bridge, an iconic and historical spot, in Hoi An Old Town
ဟွေအန်းမြို့​ဟောင်းရဲ့အလယ်က သမိုင်းဝင် Japanese Bridge

သမိုင်းထဲက ​ဟွေအန်း

Hoi An Old Town ရဲ့မြို့လယ်မှာ ​ချောင်းငယ်တခုကိုဖြတ်ထိုးထားတဲ့ Japanese Bridge ဆိုတဲ့ အမိုးပါတဲ့တံတားတစင်းရှိပါတယ်… အဲ့ဒီတံတားကို 1593 (၁၆-ရာစု) မှာ ဂျပန်ကုန်သည်​တွေက ​​ချောင်းတဖက်က တရုတ်ကုန်သည်​တွေရဲ့အပိုင်းနဲ့ ကူးသန်းရလွယ်ကူဖို့အတွက် ​ဆောက်လုပ်တာပါ… လွန်ခဲ့တဲ့ နှစ်​ပေါင်း ၄၃၀ ​လောက်ကဆောက်ခဲ့တဲ့ ဒီတံတားနဲ့ နိုင်ငံခြားကုန်သည်​တွေက ​ဟွေအန်းသမိုင်းရဲ့အ​ရေးကြီးတဲ့သက်​သေ​တွေပါဘဲ…

​ဟွေအန်းရဲ့သမိုင်းထဲမှာပါခဲ့တာက ဂျပန်နဲ့တရုတ်ကုန်သည်​တွေ​လောက်ဘဲ မဟုတ်ပါဘူး… အဲ့ဒီ ၁၆ ရာစုမှာဘဲ ​ပေါ်တူဂီ​​တွေ ​ဟွေအန်းကို ​ရေလမ်းခရီးနဲ့​ရောက်လာတယ်… ​ပင်လယ်ရေ​ကြောင်းကုန်သွယ်​ရေးစတင်တယ်… ​​

အဲ့ဒီရာစုနှစ်ထဲမှာဘဲ ​ပေါ်တူဂီသာသနာပြု​တွေပါ ​ဟွေအန်းကိုထပ်​ရောက်လာတယ်… ​နောက်​တော့ ဆက်တိုက်ဆိုသလို တခြားဥ​ရောပတိုက်သား​​တွေ၊ အိန္ဒိယနဲ့ တခြားအာရှတိုက်သား​တွေလည်း ​ငရုပ်​​ကောင်း၊ မဆလာ၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆန်၊ ပိုးထည်၊ အာရှနဲ့ဥ​ရောပကုန်ပစ္စည်း​တွေ အစရှိတာ​တွေကို ကုန်သွယ်​ဖို့အတွက်လာကြတယ်… ဟွေအန်းက ဗီယက်နမ်-အာရှ-ဥ​ရောပ ပင်လယ်ရေ​ကြောင်းကုန်သွယ်​ရေးလမ်း​ကြောင်းထဲက အ​ရေးပါတဲ့ဆိပ်ကမ်းမြို့တမြို့ဖြစ်လာတယ်… 

၁၆-ရာစု​လောက်ကစပြီး တစစဖြစ်ထွန်းလာတဲ့ ​ဟွေအန်းရဲ့ကုန်သွယ်ဆိပ်ကမ်းစီးပွား​ရေးဟာ ၁၉-ရာစု (၁၈၀၀ ပြည့်နှစ်က​နေ ၁၈၉၉ အထိကာလ) အထိ နှစ်​ပေါင်း ၃၀၀ နီးပါး တည်တံ့ခဲ့တယ်… ဟွေအန်းကကြွယ်ဝခဲ့တယ်… အဲ့ဒီကာလမှာ ဒီမြို့မှာ အုတ်နဲ့သစ်ညှပ်ပြီး​ဆောက်တဲ့ အ​ဆောက်အအုံ​ပေါင်း​ထောင်ချီရှိခဲ့ပါတယ်… ​

အဲ့ဒီကာလတ​လျှောက်လုံးမှာ ဥ​ရောပတိုက်သား​တွေက ​ဟွေအန်းကို Faifo (ဖိုက်ဖို) လို့​ ခေါ်ခဲ့ကြပါတယ်… အခု​ခေတ်မှာ​ Faifo ဆိုတဲ့ ​ဟွေအန်းရဲ့နာမည်​ဟောင်းနဲ့ ဟိုတယ်၊ စား​သောက်ဆိုင်နဲ့ က​​ဖေးတချို့ကို ​ဟွေအန်းမှာ​တွေ့နိုင်ပါတယ်…

​​ဒါ​ပေမယ့် အရာရာကမမြဲတဲ့သ​ဘောတရားအတိုင်း ၁၉-ရာစုမှာ​တော့ ​ဟွေအန်းကကျဆင်းလာပါတယ်… ပြဿနာထူ​ပြောလှတဲ့ ၂၀-ရာစုတ​လျှောက်မှာလည်း ​ဟွေအန်းက ထူထူ​ထောင်​ထောင်မရှိ​တော့ပါဘူး…

UNESCO-listed Hoi An Old Town
ရိုးရာဟန်နဲ့ Hoi An Old Town
Riding cyclos in Hoi An Ancient Town
Cyclo ​တွေနဲ့ ​ဟွေအန်း

ဒီဘက်​ခေတ်ရဲ့​ဟွေအန်း

1999 မှာ ​UNESCO က ဟွေအန်းကို ကမ္ဘာ့ယဥ်​​​ကျေးမှုအ​မွေအနှစ်​နေရာအတခုအဖြစ် စာရင်းသွင်းလိုက်ပါတယ်… အ​ကြောင်းရင်းက မြို့အလယ် ထူဘွန်မြစ် (Thu Bon River) ကမ်း​ပေါ်မှာ အရင်အတိတ်ကာလကလက်ကျန် အ​ဆောက်အအုံအဟောင်းအလုံးပေါင်း ၁,၁၀၀ ကျော်​ကြောင့်ပါ…

အုတ်ကြွပ်မိုး၊ အုတ်နဲ့သစ်ညှပ်၊ ဝါကျင့်ကျင့် အဲ့ဒီအ​​​​ဆောက်အအုံ​​ဟောင်းတွေက ​ဟွေအန်းရဲ့သမိုင်း၊ အမှတ်အသား၊ ရိုးရာနဲ့ ယဥ်ကျေးမှု​တွေကို ကိုယ်စားပြုပါတယ်… ဗီယက်နမ်ဆိုတာဘာလဲ၊ ဟွေအန်းဆိုတာဘာလဲဆိုတဲ့ ​မေးခွန်း​တွေအတွက် ဒီအ​ဆောက်အအုံ​တွေက အ​ဖြေတခု ပြယုဂ်​ကောင်းတခုပါဘဲ…

cyclos in Hoi An Old Town, one of the most popular tourist attractions in Vietnam
ည​နေခင်း​တွေမှာ အရမ်းအသက်ဝင်တဲ့ ​ဟွေအန်းရဲ့ Walking Street ​တွေ

အခု​ခေတ်မှာ အဲ့ဒီအ​ဆောက်အအုံ​တွေက ​ဆိုင်ခန်းအမျိုးမျိုး၊ က​ဖေး၊ စား​သောက်ဆိုင်နဲ့ ဘား​တွေပါ… ဒါ​ပေမယ့် သူတို့ကို ​ဟွေအန်းယဥ်​ကျေးမှုထိန်းသိမ်း​ရေးအဖွဲ့ရဲ့ စီမံမှု​အောက်မှာ စနစ်တကျကာကွယ်ထိန်းသိမ်းထားပါတယ်… 

ရာ​ပေါင်းများစွာ​သောဆိုင်ခန်း​​​တွေ၊ က​ဖေး​​တွေ၊ ဘား​တွေ၊ လမ်းတိုင်းမှာရှိတဲ့ ​​​မြောက်များစွာ​​သောမီးပုံး​လေး​တွေ၊ ထူဘွန်မြစ်ထဲက ရာ​နဲ့ချီတဲ့ လက်ခတ်သမ္ဗာန်​တွေ၊ ဗီယက်နမ်ဟန်အပြည့်နဲ့ Cyclo ​တွေ စတာ​တွေနဲ့ ​ဟွေအန်းရဲ့ည​နေခင်းတိုင်းက အရမ်းစည်ကားလှုပ်ရှားအသက်ဝင်လှပါတယ်… ​ဟွေအန်းက ဗီယက်နမ်ခရီးစဥ်​တွေရဲ့မပါမဖြစ်အစိတ်အပိုင်းတခုပါဘဲ…

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.