ဗီယက်နမ်အလယ်ပိုင်းက Ba Na Hills

နှစ်စဥ် လူသန်း​ပေါင်းများစွာကို ညှို့ယူဆွဲ​ခေါ်တဲ့ Ba Na Hills က ဗီယက်နမ်ကို လာလည်သူတိုင်းရဲ့ ခရီးစဥ်တိုင်းမှာ မပါမဖြစ်​ Top Highlight ပါ…

By Amy

Last Updated June 8, 2026

Golden Bridge and French Village in Ba Na Hills are the top highlights in central Vietnam.
Golden Bridge and French Village in Ba Na Hills are the top highlights in central Vietnam.

ဗီယက်နမ်အလယ်ပိုင်းက Ba Na Hills

နှစ်စဥ် လူသန်း​ပေါင်းများစွာကို ညှို့ယူဆွဲ​ခေါ်တဲ့ Ba Na Hills က ဗီယက်နမ်ကို လာလည်သူတိုင်းရဲ့ ခရီးစဥ်တိုင်းမှာ မပါမဖြစ်​ Top Highlight ပါ…

By Amy

Last Updated June 8, 2026

ဗီယက်နမ်လို့ဆိုလိုက်တာနဲ့ စိတ်ထဲတန်းပြီး မြင်တတ်တာက လက်ဝါးကြီးနှစ်ဖက်နဲ့လက်ချောင်းကြီးတွေက ကိုင်ထားတဲ့တံတားကြီးဖြစ်နေတတ်ပါတယ်… 

အဲ့ဒီတံတားကြီးက social media ပေါ်မှာ ကမ္ဘာကျော်တဲ့ Golden Bridge ပါဘဲ… သူရှိတဲ့နေရာက နာမည်ကြီး Ba Na Hills ပါ…

Ba Na Hills က ဗီယက်နမ်ကိုအလည်လာတွေရဲ့ကြားမှာ ထိပ်တန်း Highlight တခုပါ… အထူးသဖြင့် ဗီယက်နမ်အလယ်ပိုင်းဇုံက Hoi An ရယ်၊ Da Nang ရယ်၊ Hue ရယ်ကို အလည်လာကြတဲ့အခါ Ba Na Hills က အဲ့ဒီ travel Itinerary တွေရဲ့ အစိတ်အပိုင်းတခုပေါ့…

Ba Na Hills boasts the world's longest single-track cable car among.
Ba Na Hills အတက်အဆင်း​ Cable Car ​တွေနဲ့ ရှုခင်းအလှ

သမိုင်း​တွေထဲက Ba Na Hills

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၉၀၀ လောက်က အလှအပအကွက်အကွင်းတွေ၊ ထူးခြားတဲ့ရာသီဥတုတွေနဲ့ Ba Na Hills က ရှေးတချိန်က ဒေသခံ Cham လူမျိုးတွေကိုးကွယ်တဲ့ နတ်သမီးစံမြန်းတဲ့တောင်ကြီး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်… 

Cham တွေရဲ့ခေတ် (Champa ​ခေတ်) က နှစ် ၁,၀၀၀ ကျော်ကြာခဲ့တော့ Ba Na Hills ကလည်း ဒေသခံတွေရဲ့ ယုံကြည်ကိုးကွယ်ရာတောင်တခုဖြစ်နေတာ နှစ် ၁,၀၀၀ ကျော်ခဲ့ပါတယ်… (တိုက်ဆိုင်တယ်ဘဲ ခေါ်မလား… Ba Na Hills မြန်မာနိုင်ငံက ပုပ္ပါးတောင်နဲ့ ဆင်တူတာတချို့ရှိနေပါတယ်… Ba Na Hills က ဗီယက်နမ်နိုင်ငံရဲ့ အလယ်ပိုင်းမှာရှိတယ်… ပုပ္ပါးတောင်ကလည်း မြန်မာပြည်အလယ်ပိုင်းမှာရှိတယ်… Ba Na Hills ရော ပုပ္ပါးတောင်ရောက အမြင်ပေ ၄,၉၀၀ ဝန်းကျင်မှာ ရှိကြတယ်… တောင် ၂ ခုစလုံးက နတ်တွေ နေကြတဲ့နေရာဖြစ်တယ်ဆိုတဲ့ ဒေသခံယုံကြည်မှုနဲ့ ပတ်သက်ကြတယ်… အပူပိုင်းဒေသတွေမှာ သူတို့တွေက အေးမြစိမ်းလန်းကြတယ်ဆိုတာလည်း ဆင်တူကြပြန်တယ်… စကားချပ်)

European weather and architecture in Ba Na Hills are tourist attractions in Vietnam.
အလယ်​ခေတ်ဥ​ရောပဟန်အ​ဆောက်အအုံ​ကြီးတွေနဲ့ Ba Na Hills ရဲ့ထိပ်က French Village

နောက်ပိုင်း ဗီယက်နမ်ကို ကိုလိုနီနယ်မြေအဖြစ် သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်တွေက Ba Na Hills ကို အနားယူအပန်းဖြေလည်ပတ်စရာနေရာအနေနဲ့ 1919 ခုနှစ်​လောက်မှာ ပြောင်းလဲခဲ့တယ်… 

အဲ့ဒီခေတ်ကာလမှာ Ba Na Hills တောင်ထိပ်နဲ့ တတောလုံး တတောင်လုံးမှာ သိပ်သည်းတဲ့ သဘာဝသစ်ပင်ပန်းမန်တွေ၊ တောရိုင်းတိရစ္ဆာန်တချို့နဲ့ ဖြစ်နေမှာ​တွေကို မြင်ကြည့်လိုရတယ်… 

1919 ကနေ 1938 ကာလအတွင်းမှာ ပြင်သစ်တွေက အဲ့ဒီတောင်ထိပ်နဲ့တဝိုက်ကို စူးစမ်းလေ့လာတယ်… ပြီးတော့ Ba Na Hills မှာ လာပြီးအပန်းဖြေနေထိုင်တဲ့ ပြင်သစ်အရာရှိတွေ၊ ပြင်သစ်ကုန်သည်တွေ၊ ဗီယက်နမ်လူမျိုးအရာရှိကြီး​တွေနဲ့သူဌေးတွေအတွက် အဆောက်အအုံ (villa) တွေသာမကဘဲ  ဆေးရုံ၊ စာတိုက်၊ ဘဏ် နဲ့ wine ပုလင်းတွေသိုလှောင်ခန်းတခုကိုပါ ဆောက်လုပ်ခဲ့တယ်… အဲ့ဒီကာလမှာတင် အဲ့ဒီ​ခေတ်ရဲ့ခေတ်မှီအ​ဆောက်အအုံအလုံး​ပေါင်း ၂၄၀ ​လောက် Ba Na Hills မှာရှိခဲ့တယ်လို့ ဆိုပါတယ်…

1919-20 လောက်ကနေ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ကာစလေးအထိ Ba Na Hills က အဲ့ဒီ facility တွေနဲ့ ဗီယက်နမ်အလယ်ပိုင်းမှာတင်မကဘဲ ပြင်သစ်ပိုင်အင်ဒိုချိုင်းနား (French Indochina) ဒေသတခုလုံးမှာ ကျော်ကြားတဲ့နေရာတခုလို့ မှတ်တမ်းတချို့က ဆိုပါတယ်… သဘာဝအလှနဲ့ ဥရောပဆန်တဲ့ရာသီဥတုတွေက အဲ့ဒီခေတ်ကာလမှာ ပြင်သစ်တွေနဲ့ ဥရောပတိုက်သားတွေကြားမှာ Ba Na Hills ကို အသိများစေ အလည်အပတ်များစေခဲ့တယ်… 

အဲ့ဒီနောက်မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းရယ်၊ စစ်ပြီးခေတ်ရဲ့ ပြင်သစ်-ဗီယက်နမ်နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ လွန်ဆွဲတာတွေရယ်ကြောင့် Ba Na Hills က အမေ့ခံနေရာတခုဖြစ်လာခဲ့တယ်… 

အဲ့ဒီနောက် 1955 ကနေ 1975 အထိ ဖြစ်ခဲ့တဲ့ အရမ်းပြင်းထန်ရှည်ကြာတဲ့ ဗီယက်နမ်စစ်ကာလမှာ Ba Na Hills က အဆောက်အအုံတွေနဲ့နေရာတွေ အထိအခိုက်အပျက်အစီးများခဲ့တယ်… 

စစ်ပြီးတဲ့ 1975 ကနေ 1990 အထိက ဗီယက်နမ်က စီးပွား​ရေးပိတ်ဆို့ခံရတာ​တွေ၊ စီးပွားရေးအကျပ်အတည်းတွေ ရင်ဆိုင်ရတယ်… ဆင်းရဲလွန်းတဲ့နိုင်ငံဘဝကနေ ရုန်းထွက်နိုင်ဖို့ ကာလအကြာကြီး ရုန်းကန်ရတယ်… အဲ့ဒီကာလတွေမှာလည်း လမ်းပန်းဆက်သွယ်ရေးမရှိ၊ လူသူအရောက်အပေါက်မရှိတဲ့ Ba Na Hills ကို အဆောက်အအုံဟောင်းအပျက်တွေ၊ တောကြမ်းတွေက ဖုံးအုပ်နေခဲ့တာပါ… 1940 လောက်ကနေ 2000 ခုနှစ်ကျော် ကာလတွေအထိ နှစ်ပေါင်း ၆၀ ကျော် Ba Na Hills တခွင်လုံးက လောကဓံတွေအောက်မှာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့တယ်…

Four Seasons Restaurant in French Village at the top of Ba Na Hills
Ba Na Hills ထိပ်က French Village ရဲ့တ​နေရာ

တကျော့ပြန် Ba Na Hills

1997 ခုနှစ်အစပိုင်းလောက်မှာ Da Nang မြို့ရဲ့ လူထုကော်မတီက Ba Na Hills ကို ခရီးသွားလုပ်ငန်းအတွက် ပြန်တည်ဆောက်ဖို့ ဆုံးဖြတ်ရာကနေ Ba Na Hills ရဲ့ ဘဝအသစ်က ပြန်စခဲ့တယ်…

2009 မှာတော့ Sun Group ကနေပြီး Ba Na Hills မှာ Cable Car ကို စတင်ပြေးဆွဲတယ်… အခုတော့ Ba Na Hills မှာ Cable Car စီးရင်း မြင်တွေ့ခံစားရတဲ့ရှုခင်းတွေက ရင်သပ်ရှုမောစရာပါ…

အဲ့ဒီနှစ်မှာဘဲ French Village ကို ပြန်အသက်သွင်းပြီး ဖွင့်လှစ်ခဲ့တယ်… တောင်ထိပ်ပိုင်းတခွင်လုံးကို လွှမ်းခြုံရစ်သိုင်းထားတဲ့  ဥရောပဆန်တဲ့ ရာသီဥတုနဲ့မြူအထပ်ထပ်က French Village ရဲ့ ဥရောပအလယ်ခေတ်ဟန်ပန်အဆောက်အအုံတွေကို ပိုအသက်ဝင်​စေတယ်… အခုတော့ French Village က social media ပေါ်မှာ top နေရာတခုပါ…

Ba Na Hills, a top destination in Vietnam
Ba Na Hills

Ba Na Hills ရဲ့ အကျော်ကြားဆုံး Golden Bridge ကိုတော့ 2018 မှာ ဖွင့်တယ်… Golden Bridge ကို လည်တဲ့အခါ သူ့နားက Le Jardin d’Amour ဆိုတဲ့ ပန်းဥယျာဥ်တွေကိုပါ မဖြစ်မနေလည်ပတ်ဖို့လိုတယ်… အ​ရောင်အ​သွေးနဲ့အမျိုးစုံလင်လှတဲ့ ပန်း​တွေ​​ဝေဆာ​နေတာက အိပ်မက်ဆန်ပါတယ်…

အဲ့ဒီပန်းဥယျာဥ်နားက Linh Ung ဘုရားကလည်း မေ့ကျန်ခဲ့လိုမရတဲ့ နေရာတခုပါ… 

အခုခေတ်မှာ Theme park တိုင်းက ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး​​နေရာတွေလို့ ​ပြောလို့မရ​တော့ပေမယ့် Ba Na Hills ရဲ့ Theme park ကြီးကတော့ ခြွင်းချက်ဖြစ်နေပါတယ်… သူက အရမ်းလှတယ်… သာယာတယ်… ဆွဲဆောင်မှုအပြည့်ရှိတယ်… စက္ကန့်တိုင်းမပြတ်​ပြောင်းလဲ​နေတဲ့ရာသီဥတု​တွေနဲ့ ​​အေးမြတဲ့​လေထုက စိတ်ဝင်စားစရာ​ကောင်းပြီး အ​မောပန်း​ပြေ​စေတယ်… ဗီယက်နမ်ကို အလည်အပတ်သွားတဲ့ itinerary မှာ Ba Na Hills က မပါမဖြစ် highlight တခု ဖြစ်နေပါကြောင်း….

ဗီယက်နမ်ခရီးစဥ်များ

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Ha Long Bay, the most iconic place rich with natural environment in northern Vietnam

ဗီယက်နမ်​အလယ်ပိုင်းနဲ့​မြောက်ပိုင်းခရီးစဥ်

8 DAYS     |     5 DESTINATIONS

Fansipan summit, the highest mountain peak in Vietnam and Indochina, a major tourist attraction in Vietnam

ဗီယက်နမ်မြောက်ပိုင်းရဲ့ Top Highlight ခရီးစဥ်

6 DAYS     |     3 DESTINATIONS

Golden Bridge at the top of Ba Na Hills, a popular tourist attraction near Da Nang and Hoi An in central Vietnam

ဗီယက်နမ်အလယ်ပိုင်းသီးသန့်ခရီးစဥ်

5 DAYS     |     5 DESTINATIONS

VinWonders, a place everyone must visit, experience, and enjoy in Grand World in Phu Quoc

Phu Quoc ကျွန်းရဲ့ Top Highlight ခရီးစဥ်

5 DAYS     |     2 DESTINATIONS

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.