ဗီယက်နမ်က ဒီဘက်နှစ်တွေမှာ ခရီးသွားသူတွေရဲ့ ခရီးသွားအာသီသကို ကျေနပ်စေတဲ့တိုင်းပြည်ပါ… သူ့မှာက လည်ပတ်စရာအရမ်းများတယ်… Landscape တွေ အရမ်းလှတယ်… တကယ့်ကိုစိတ်ဝင်စားစရာ သမိုင်းက အထပ်ထပ်ရှိတယ်… အစားအသောက်ကလည်း ထူးခြားတဲ့ကိုယ်ပိုင်ဟန်ရှိတယ်… အကောင်းဆုံးတွေထဲကတခုကတော့ Shopping လုပ်ရတာပါဘဲ… ဗီယက်နမ်မှာ စျေးဝယ်လို့ အရမ်းကောင်း အရမ်းတန်ပါတယ်… တခုတော့ရှိတယ်… Shopping ကို ဘယ်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိဖို့တော့လိုပါတယ်…
Phu Quoc ကျွန်းရဲ့ ဥရောပ Theme ထဲ နှစ်မြှုပ်ပြီးလည်မလား… စသဖြင့် Highlight အရမ်းများလှတဲ့ ဗီယက်နမ်ပါ…
8 DAYS . 5 DESTINATIONS
ဒီခရီးစဥ်မှာ ဗီယက်နမ်ရဲ့ ဒိတ်ဒိတ်ကြဲနေရာတွေဖြစ်တဲ့ Golden Bridge ၊ Fansipan Summit ၊ Ha Long Bay တို့အပြင် လှပလွန်းတဲ့ရှုခင်းတွေကိုခံစားရင်း Cable Car စီးတာတွေလည်းပါပါတယ်… ဗီယက်နမ်ရဲ့ Top Experience တွေကို ပျော်စရာအကောင်းဆုံး၊ အချောမွေ့ဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး လည်ပတ်ဖို့အတွက် MIC ကို အခုဘဲဆက်သွယ်လိုက်ပါ…
6 DAYS . 3 DESTINATIONS
ဒီခရီးစဥ်မှာ အရှေ့တောင်အာရှရဲ့နာမည်အကြီးဆုံးနေရာတွေထဲက ၂ ခုဖြစ်တဲ့ Fansipan တောင်ထိပ်နဲ့ UNESCO World Heritage ဖြစ်တဲ့ Ha Long Bay တို့ကို အဓိကထားလည်ပတ်မှာပါ… ဒီ ၂ နေရာက ဗီယက်နမ်နိုင်ငံရဲ့ မြောက်ပိုင်းမှာရှိပါတယ်… ဗီယက်နမ်မြောက်ပိုင်းဆိုတာကလည်း တနိုင်ငံလုံးမှာ ဗီယက်နမ်အဆန်ဆုံးနေရာလို့ ဗီယက်နမ်လူမျိုးတွေကိုယ်တိုင် ပြောစမှတ်ပြုကြတဲ့နေရာပါ… ဒီ Program လေးကို ကိုယ်လိုချင်သလိုပြင်ချင်ရင် MIC ကို အချိန်မရွေးဆက်သွယ်လိုက်ပါ…
5 DAYS . 2 DESTINATIONS
အာရှတိုက်ရဲ့အလှဆုံးကျွန်းတကျွန်းဖြစ်တဲ့ Phu Quoc ကျွန်းကိုလည်ပတ်မယ့် ဒီခရီးစဥ်မှာ ဗင်းနစ်မြို့ပုံစံနဲ့တည်ထားတဲ့ Grand World ၊ Fairytale ဆန်ပြီးကြီးမားခမ်းနားလှတဲ့ VinWonders ၊ မလည်မဖြစ် Safari ၊ အီတလီနဲ့မြေထဲပင်လယ်ဟန်ပန်ဗိသုကာနဲ့ Sunset Town ၊ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ် Cable Car ဖြစ်တဲ့ Hon Thom Cable Car စသဖြင့် စုံလင်လှတဲ့ Highlight တွေကို လည်ပတ်ခံစားရမှာပါ… ဒီ Program ကို ကိုယ့်စိတ်ကြိုက် ရက်အတိုအရှည်တွေပြင်ချင်ရင်လည်း MIC က အတိကျဆုံး၊ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်…
5 DAYS . 5 DESTINATIONS
ဒီခရီးစဥ်လေးမှာ Ba Na Hills ပေါ်က Golden Bridge (ကျောက်လက်ဝါးကြီးတွေထဲကတံတားကြီး)၊ စည်ကားပြီးလှပတဲ့ ဒါနန်းမြို့၊ သမိုင်းနောက်ခံရှိပြီး ရှုခင်းအရမ်းလှတဲ့ Hai Van Gate ၊ အကြီးစား Theme Park ဖြစ်တဲ့ VinWonders ၊ နာမည်ကြီးတဲ့ Hoi An Old Town စတဲ့ ဗီယက်နမ်အလယ်ပိုင်းရဲ့ Top Highlight တွေအစုံနဲ့ Shopping တွေကို စနစ်တကျ ချောချောမွေ့မွေ့ပေါင်းစပ်ထားပါတယ်… အဲ့ဒီအပြင် ကိုယ့်အားလပ်ရက်အတိုအရှည်ကိုမူတည်ပြီး ခရီးစဥ်ကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် MIC က အကောင်းဆုံးစီစဥ်လုပ်ဆောင်ပေးပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.