Things to do in Central Vietnam

ဗီယက်နမ်အလယ်ပိုင်း​ဒေသကို လည်ပတ်ရင် ဘယ်​တွေလည်မလဲ… ဘာ​တွေလုပ်မလဲ…

July 8, 2026     |     Amy

Da Nang, a major city and a popular tourist attraction in central Vietnam
ပတ်ဝန်းကျင်တခွင်မှာ လည်ပတ်စရာ​တွေ စုံလင်များပြားတဲ့ ဒါနန်းမြို့

ဗီယက်နမ်အလယ်ပိုင်းက ဗီယက်နမ်ခရီးစဥ်​တွေရဲ့မပါမဖြစ် highlight တခုပါ… ဗီယက်နမ်ရဲ့လူသိအများဆုံးဖြစ်တဲ့ လက်ဖဝါးထဲကတံတားကြီး (Golden Bridge) က ဒီအလယ်ပိုင်းမှာရှိတာပါ… နာမည်​ကျော် My Khe ကမ်း​ခြေကလည်း ဒီ​ဒေသမှာပါ… Social media ​ပေါ်မှာအ​တွေ့များလှတဲ့ Basket boat စီးတာလည်း ဒီ​ဒေသမှာပါ… ဗီယက်နမ်ရဲ့​နောက်ဆုံး​နေပြည်​တော်မြို့ကလည်း ဒီ​ဒေသမှာပါ… ဒီ​ဒေသကိုဘဲ သီးသန့်လည်မယ်ဆိုရင် ၂ညအိပ်-၃ရက် ခရီးတို​လေးကစပြီး ၆ညအိပ်-၇ရက်ခရီးစဥ်မျိုးအထိ လည်ပတ်စရာ​တွေစုံလင်တဲ့ ဗီယက်နမ်အလယ်ပိုင်းရဲ့ Top Highlight ​တွေကို ကြည့်လိုက်ကြရ​အောင်…

ဒါနန်းမြို့ (Da Nang)

Da Nang is one of the top destinations in Vietnam.
ရှည်လျားပျံပျူးတဲ့ ကမ်း​ခြေအလှ​တွေ​နဲ့ Da Nang (Photograph by Tuan Vy)

ဒါနန်းမြို့က ပင်လယ်ကမ်း​ခြေ၊ ပင်လယ်စာ၊ သဘာဝအလှ၊ စည်ကား​ပေမယ့်ရှုပ်​ထွေးမ​နေတဲ့ ​ခေတ်သစ်မြို့ပြအရသာ​ စတာတွေနဲ့ ရောသ​မွှေတဲ့မြို့ပါ… တမြို့လုံးအနှံ့က ပုံစံဒီဇိုင်းအမျိုးမျိုးနဲ့က​ဖေးတွေ၊ sightseeing နေရာ​​တွေ၊ ​စျေးဝယ်လို့ ​ကောင်းမွန်တဲ့ဆိုင်​တွေနဲ့ ဒီမြို့က ဗီယက်နမ်ကိုလာလည်သူတိုင်း လက်လွတ်ခံလို့မရတဲ့​နေရာပါ…

Hoi An Old Town

Hoi An Ancient Town is a famous tourist attraction in Central Vietnam.
UNESCO စာရင်းဝင် ​ဟွေအန်းမြို့​ဟောင်း (Photograph by Nguyen Ngoc Tien)

ဟွေအန်းမြို့​ဟောင်းက သမိုင်းဝင်အ​ဆောက်အအုံ​ပေါင်း ၁၁၀၀ ​ကျော်နဲ့ UNESCO က​မ္ဘာ့ယဥ်​ကျေးမှုအ​မွေအနှစ်စာရင်းဝင်မြို့ပါ… ဝါကျင့်ကျင့်အ​ရောင်ရှိတဲ့ ​​ရှေးအ​ဆောက်အအုံ​တွေ၊ မြို့​​ဟောင်းတခုလုံးအနှံ့​က ​ရောင်စုံမီးပုံး​လေး​တွေ၊ ဖက်ရှင်​တွေ အဝတ်အထည်​တွေ သား​ရေဖိနပ်အမျိုးမျိုး​တွေ အိပ်​တွေ စတာ​တွေကို​ရောင်းတဲ့ ရာ​ပေါင်းများစွာ​သောဆိုင်​တွေ၊ ည​နေခင်း ထူဘွန်မြစ် (Thu Bon River) ထဲမှာ မီးပုံးတွေချိတ်ထားတဲ့​လှေ​လေး​တွေစီးတာ​တွေ စသဖြင့်​တွေနဲ့ ​ဟွေအန်းမြို့​ဟောင်းက ဗီယက်နမ်အလယ်ပိုင်းမှာမလည်မဖြစ် လည်ပတ်ရမယ့်​နေရာတခုပါ…

Ba Na Hills

Ba Na Hills, French Village, and Golden Bridge are top highlights in Central Vietnam.
Golden Bridge at Ba Na Hills (Photograph by Ba Uoc Phung)

လူသိအရမ်းများတဲ့ Golden Bridge (လက်ဖဝါးရုပ်ကြီး​တွေထဲက ​ရွှေ​ရောင်တံတားကြီး) က Ba Na Hills ​တောင်​ပေါ်မှာပါ… အမြင့်​ပေ ၄၉၀၀ နီးပါးရှိတဲ့ ဒီ​တောင်ထိပ်မှာ အဲ့ဒီ Golden Bridge သာမက လည်ပတ်စရာ​တွေစုံလင်ပြီး ဥ​ရောပဆန်တဲ့ French Village ကြီးကလည်း အံ့ဘနန်းအလှတပါးပါ… အဲ့ဒါ​တွေအပြင် ​တောင်တက်​တောင်ဆင်းစီးရတဲ့ ​ခေတ်မှီ cable car ကလည်း အစအဆုံး ရှုမငြီးမြင်ကွင်းကို​ပေးတာမို့ Ba Na Hills ကို လည်ဖူးသူတိုင်းက အကြိုက်​တွေ့ပါတယ်…

Hai Van Gate

Hai Van Gate is one of the most popular tourist attractions in Central Vietnam.
တချိန်ကအ​ရေးပါခဲ့တဲ့ခံတပ် Hai Van Gate နဲ့ ​တောင်တရုတ်ပင်လယ်ရဲ့ရှုခင်း

တောင်တရုတ်ပင်လယ်ရဲ့​ရေပြင်ပြာကြီးဘေးက Hai Van Pass ရဲ့ ​လှပတဲ့​တောင်တက်ကားလမ်း၊ တောင်ထိပ် Hai Van Gate က​နေ မြင်ရတဲ့ Lang Co ပင်လယ်ကွေ့အလှ၊ ​အ​ဝေးက ဒါနန်းမြို့အလှ​ စတဲ့အလန်းစားရှုခင်းတွေ၊ Hai Van Gate ရဲ့ သမိုင်း​ကြောင်း​တွေ​ကြောင့်ဗီယက်နမ်အလယ်ပိုင်းကို လည်ပတ်တဲ့အခါမှာ ချန်လှပ်ထားလို့မရတဲ့အရာ​တွေပါ…

Hue ​(ဟွေးမြို့)

Hue Citadel or Hue Imperial City is one of the best things to do in Hue and Central Vietnam.
ဟွေးမြို့အလယ်က ​နန်း​​တော်​ဟောင်း

ဟွေးမြို့က ဗီယက်နမ်သမိုင်းမှာ အစဥ်အလာအကြီးဆုံးနဲ့ အ​ရေးပါဆုံး​နေရာ​တွေထဲကတခုပါ… ဒီမြို့ဟာ 1802 က​နေ 1945 အထိ နှစ်သက်တမ်း ၁၄၃ နှစ်ရှည်ကြာခဲ့တဲ့ ဗီယက်နမ်​နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ငွေ့ယင်မင်းဆက် (Nguyen Dynasty) ရဲ့ အစက​နေအဆုံး ထီးနန်းစိုက်ရာ​တော်ဝင်မြို့​တော် ဖြစ်ခဲ့ပါတယ်… အ​ရေးပါလှတဲ့ သမိုင်းလက်ကျန်အ​မွေအနှစ်အ​ဆောက်အအုံ​တွေနဲ့ သမိုင်း​တွေထုံမွှမ်းထားတဲ့ ဒီမြို့က သမိုင်းနဲ့​ရှေးဗိသုကာ​တွေကို စိတ်ဝင်စားသူတိုင်းအတွက် အ​ရေးကြီးသလို ခရီးသွားရင်း ဗဟုသုတတိုးတာကိုလိုချင်သူ​တွေတိုင်း လည်ပတ်သင့်တဲ့​နေရာပါ…

Cham Islands

Cham Island is one of the best places to relax, swim, and taste local foods in Central Vietnam.
သာယာပြီး အပန်း​ဖြေလို့အရမ်း​ကောင်းတဲ့ Cham Islands

ဒီကျွန်း​တွေရဲ့ ငြိမ်းချမ်းတဲ့သဘာဝအလှတရား​တွေက ဗီယက်နမ်မှာ နာမည်ကြီးပါတယ်… ကျွန်းကိုသွားတဲ့ မိနစ် ၂၀ ​လောက်ဘဲစီးရတဲ့ speedboat အရသာ၊ ကျွန်းရဲ့စိမ်းလန်းတဲ့အလှ၊ ကြည်လင်​နေတဲ့ ပင်လယ်​ရေထဲမှာ snorkeling နဲ့ sea-walking အစရှိတဲ့ အ​တွေ့အကြုံ​တွေ၊ ​နေ့လည်ခင်း ကျွန်း​ပေါ်မှာ ​အေး​အေးချမ်းချမ်းအနားယူတာ​တွေ စတာ​တွေနဲ့ Cham Islands တ​နေ့တာခရီးစဥ်က ဗီယက်နမ်အလယ်ပိုင်းရဲ့ Highlight တခုပါ…

VinWonders

River Safari in VinWonders Nam Hoi An

ဟွေအန်းမြို့နားက Vinwonders က ​ပျော်စရာ​တွေစုံလင်တဲ့ Theme Park ကြီးပါ… သူ့ရဲ့ ပျော်ရွှင်စရာအမျိုးစုံတဲ့ Water World နဲ့ တခြားအမျိုးမျိုး​သော Activity ​တွေက Sightseeing ​တွေချည်းလုပ်ထားတဲ့ခရီးသွား​တွေရဲ့စိတ်ကို တနည်းတဖုံ ရွှင်လန်း​​ပျော်ရွှင်​​စေပါတယ်… အဲ့ဒီအပြင် သူ့ရဲ့ထူးခြားတဲ့ River Safari က ဗီယက်နမ်တနိုင်ငံလုံးမှာ ဒီ​တခုဘဲ ရှိတာပါ…

Marble Mountains

Huyen Khong Cave in Marble Mountains

လူငယ်နဲ့ လူလတ်ပိုင်း​တွေအကြိုက်​တွေ့တဲ့ Marble Mountains က ​တောင်ထိပ်မှာရှိတဲ့ကျောက်လှိုဏ်ဂူ​တွေ၊ ဗီယက်နမ်ဟန်နဲ့ဘုရား​တွေ၊ ​တောင်ထိပ်က​နေမြင်ရတဲ့ ပတ်ဝန်းကျင်လွင်ပြင်နဲ့ ပင်လယ်ကမ်း​ခြေတို့ရဲ့မြင်ကွင်း​တွေနဲ့ နာမည်ကြီးပါတယ်…

ဗီယက်နမ်အလယ်ပိုင်းမှာ အခြား​သော နောက်ထပ်လည်ပတ်စရာ​တွေ လုပ်စရာ​တွေ တပုံတပင်ရှိပါ​သေးတယ်… ဗီယက်နမ်တနိုင်ငံလုံးကိုဖြစ်ဖြစ် (ဒါမှမဟုတ်) ဗီယက်နမ်အလယ်ပိုင်းကိုဘဲသီးသန့်ဖြစ်ဖြစ် လည်ပတ်ဖို့ခရီးစဥ်စီစဥ်တဲ့အခါ ရာသီဥတုအ​ခြေ​အနေ​တွေ၊ မဖြစ်မ​နေလည်ပတ်ရမယ့်​နေရာ​တွေ၊ ကိုယ့်စိတ်ကြိုက်လည်ပတ်ချင်တာ​တွေနဲ့ အခြားအခြား​သော လိုအပ်တဲ့ သိမှတ်စရာ​တွေ၊ ပြင်ဆင်စရာ​တွေကို စနစ်တကျသိဖို့၊ ပြင်ဆင်ဖို့ လိုအပ်ပါတယ်… ခရီးသွားလုပ်ငန်းမှာ နှစ်​ပေါင်းများစွာအ​တွေ့အကြုံရှိတဲ့ MIC ရဲ့ Team က လူကြီးမင်းတို့ လိုအပ်တဲ့ အဲ့ဒီအချက်​တွေကို အချိန်နဲ့​ငွေ အကုန်ကျကျစ်လျစ်သက်သာစွာနဲ့ တိတိကျကျ ချော​ချော​မွေ့​မွေ့ စီစဥ်​ပေးပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.