Culture Tour with Fun Activities
ဒါနန်း ၊ ဟွေအန်း ၊ Cham Islands
၄ ညအိပ် – ၅ ရက်
Culture Tour with Fun Activities
ဒါနန်း ၊ ဟွေအန်း ၊ Cham Islands
၄ ညအိပ် – ၅ ရက်
စုံလင်တဲ့ Highlight တွေ
ကမ္ဘာ့အရှည်ဆုံး Single track cable car
ဗီယက်နမ်ရဲ့ တခုတည်းသော River safari
နာမည်ကြီး Ba Na Hills နဲ့ Golden Bridge
ဒီ ၄ညအိပ်-၅ရက် ခရီးစဥ်လေးက ဗီယက်နမ်အလယ်ပိုင်းက ဒါနန်းမြို့ကိုဆိုက်ရောက်မှုနဲ့အတူစတင်ပြီး ခရီးစဥ်အဆုံးမှာ ဒါနန်းမြို့ကနေဘဲ ပြန်လည်ထွက်ခွာပါမယ်… အလယ်ပိုင်းရဲ့ အလှဆုံးနေရာတွေစုံလင်ပေမယ့် ပင်ပန်းတာတွေမပါတဲ့ ပေါ့ပေါ့ပါးပါးခရီးစဥ်မျိုးပါ… တခုရှိတာက ဒီခရီးစဥ်မှာ ဗီယက်နမ်ရဲ့နောက်ဆုံးနေပြည်တော်ဖြစ်ခဲ့တဲ့ ဟွေးမြို့ (Hue) မပါပါဘူး… ဟွေးမြို့ကိုလည်မယ်ဆိုရင်တော့ ၁ ရက်တိုးဖို့လိုပါတယ်…
ဒီ Tour Itinerary အတိုင်းမလည်ဘဲ မိမိရဲ့ အားလပ်ရက်ကာလအတိုအရှည်၊ ခရီးစဥ် Budget နဲ့ မိမိလည်ပတ်ချင်တဲ့နေရာတွေ ပေါ်မူတည်ပြီး မိမိစိတ်တိုင်းကျ Customised Tour Plan တွေကိုလည်း မိတ်ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်ရေးဆွဲပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစကနေအဆုံးထိ အမှားအယွင်းမရှိ၊ အလေအလွင့်မရှိ အသေးစိတ်စီစဥ်ပေးပါတယ်…
ဗီယက်နမ်အလယ်ပိုင်း ဒါနန်းမြို့ကို ဆိုက်ရောက်မှုနဲ့အတူခရီးစဥ်စပါပြီ… ဆိုက်ရောက်တာကအများအားဖြင့် ညနေပိုင်းနဲ့ ညနေပိုင်းနောက်ကျကျတွေမှာဖြစ်တတ်လို့ ဒီနေ့မှာ Sightseeing မရှိပါဘူး…
ဒုတိယနေ့မှာတော့ Hai Van Gate ၊ Linh Ung Pagoda နဲ့ Son Tra Marina Cafe တို့ကို လည်ပတ်ပါမယ်… နေ့လည်ပိုင်းမှာတော့ စျေးဝယ်ထွက်တာပါပါတယ်… ညနေပိုင်းမှာ နာမည်ကျော် My Khe ကမ်းခြေမှာ အနားယူအပန်းဖြေပါမယ်…
တတိယနေ့မှာ Speedboat နဲ့သွားရတဲ့ Cham Islands ကိုအလည်သွားပါမယ်… Cham Islands ရဲ့ကျွန်းမကြီးကိုလည်ပတ်တာရယ်၊ Snorkeling လုပ်တာရယ်၊ နေ့လည်စာရယ်၊ နေ့လည်ခင်းကျွန်းမှာ အနားယူတာရယ်တွေပါပါတယ်… ကျွန်းရဲ့လှပတဲ့ကမ်းခြေမှာရေကူးချင်ကူးလို့ရပါတယ်… မြို့ပြနဲ့ကမ်းရိုးတန်းရဲ့အလွန်မှာ အပန်းဖြေတဲ့နေ့လေးပါဘဲ…
Day 4 မှာတော့ ဗီယက်နမ်ရဲ့ Theme Park အလှတခုဖြစ်တဲ့ VinWonders ကို လည်ပတ်ပါမယ်… ဒီ Theme Park က လှပပြီး ပျော်စရာ Activity တွေစုံလင်ပါတယ်… အဲ့ဒီအပြင် ဗီယက်နမ်ရဲ့တခုတည်းဖြစ်ပြီး လူကြိုက်များလှတဲ့ River Safari လည်းပါဝင်ပါတယ်… နေ့လည်စာက ဘူဖေးပါ… နေ့လည်စောင်းမှာတော့ ဗီယက်နမ်ရဲ့ထူးခြားမှုတခုဖြစ်ပြီး အရမ်းနာမည်ကြီးတဲ့ Basket Boat ကိုသွားစီးပါမယ်… ပြီးရင် မြစ်ကြောင်းကနေ စက်လှေနဲ့ ဟွေအန်းမြို့ဟောင်း (Hoi An Old Town) ကို သွားပါမယ်… ဟွေအန်းမြို့ဟောင်းကိုရောက်ရင် ရောင်စုံမီးပုံးလေးတွေအောက်က လမ်းသွယ်တွေထဲမှာ လမ်းလျှောက်ပြီးလည်ပတ်ပါမယ်… ဆိုင်အမျိုးမျိုးရှိတဲ့ဒီမြို့ဟောင်းမှာ စျေးဝယ်ချင်ဝယ်နိုင်ပါတယ်… ပြီးရင်တော့ ဒါနန်းကဟိုတယ်ကိုပြန်ပါမယ်… ဒီနေ့က Activity တွေစုံလင်တဲ့နေ့ပါ…
Day 5 က Checkout နေ့ပါ… ဟိုတယ်ကနေ Ba Na Hills တောင်ခြေကိုကားနဲ့သွားပါမယ်… ရောက်တဲ့အခါ မြင်ကွင်းသိပ်လှတဲ့ Cable car စီးပြီး Ba Na Hills တောင်ထိပ်ကိုသွားပါမယ်… တောင်ထိပ်မှာတော့ အခုခေတ်ဗီယက်နမ်ရဲ့အမှတ်အသားတခုလို့ပြောလို့ရတဲ့ Golden Bridge နဲ့ နေရာတကာအလယ်ခေတ်ဥရောပပုံစံအဆောက်အအုံကြီးတွေနဲ့လှပနေတဲ့ French Village တို့အပါအဝင် နေရာအစုံကိုလည်ပတ်ပါမယ်… နေ့လည်စာက ဘူဖေးဖြစ်ပြီး ထပ်ပေးစရာမလိုပါဘူး… နေ့လည်စောင်းမှာတော့ တောင်ပေါ်ကနေ Cable car နဲ့ပြန်ဆင်းပြီး တောင်ခြေကနေ လေဆိပ်ကိုသွားပါမယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.