Home > Destinations > Vietnam > The Best of Phu Quoc

The Best of Phu Quoc

Culture Tour with Fun Activities

Phu Quoc: Grand World, Sunset Town

4 Nights, 5 Days

Culture Tour with Fun Activities

Phu Quoc: Grand World, Sunset Town

4 Nights, 5 Days

Phu Quoc is a highly recommended destination to see another view of Vietnam.

Trip Overview

  • အာရှတိုက်ရဲ့အလှဆုံးကျွန်း
  • ဗီယက်နမ်ရဲ့အကြီးဆုံးကျွန်း
  • ဗီယက်နမ်ရဲ့အကြီးဆုံး Safari
  • အ​ရှေ့​တောင်အာရှရဲ့အကြီးဆုံး​နဲ့​ခေတ်အမှီဆုံး​ Theme Park တခုဖြစ်တဲ့ VinWonders
  • ကမ္ဘာ့အရှည်ဆုံး Sea-crossing Cable Car
  • သိပ်လှပတဲ့ Grand World နဲ့ Sunset Town
  • မ​မေ့နိုင်စရာ ​နေဝင်ဆည်းဆာအလှနဲ့ Kiss Bridge

PHU QUOC
VIETNAM
MOSAIC
BEAUTY

ဒီ ၄ညအိပ်-၅ရက်ခရီးစဥ်မှာ ဗီယက်နမ်ရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ Phu Quoc (ဖူဝက်) ကျွန်းရဲ့ Highlight ​တွေကို ထိ​တွေ့ခံစားမှာပါ… ကျွန်းတကျွန်းတည်းကိုလည်မှာဆို​ပေမယ့် Top Highlight ​တွေ များပြားလှတဲ့ ဒီကျွန်းက ‘သွားမယ်… စားမယ်… ​တည်းမယ်… ပျော်မယ်… ဓါတ်ပုံလှလှ​တွေအများကြီးရိုက်မယ်’ ဆိုတဲ့ ​ပျော်စရာ​တွေတပုံတပင်နဲ့ပါ… ဒီခရီးစဥ်မှာ Phu Quoc ကျွန်းရဲ့ အလှ​​နေရာ​တွေဖြစ်ကြတဲ့ Grand World နဲ့ Sunset Town တို့မှာ ၂ ညစီအိပ်မယ်… လည်ပတ်​ပျော်ရွှင်စရာများလှတဲ့ VinWonders နဲ့ ​လူကြိုက်များတဲ့ Safari တို့ကိုလည်မယ်… ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ် Cable Car ကိုစီးမယ်…  ဒါ​တွေက ဒီခရီးစဥ်ရဲ့ Top Memory ​တွေပါ…

ဒီ Tour Itinerary အတိုင်းမလည်ဘဲ မိမိရဲ့ အားလပ်ရက်ကာလအတိုအရှည်၊ ခရီးစဥ် Budget နဲ့ မိမိလည်ပတ်ချင်တဲ့​နေရာ​တွေ ​ပေါ်မူတည်ပြီး မိမိစိတ်တိုင်းကျ Customised Tour Plan ​တွေကိုလည်း မိတ်​ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်​ရေးဆွဲ​​ပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစက​နေအဆုံးထိ အမှားအယွင်းမရှိ၊ အ​​လေအလွင့်မရှိ အ​သေးစိတ်စီစဥ်​ပေးပါတယ်…

Trip Overview

Grand World

ကျွန်းရဲ့​မြောက်ပိုင်းမှာရှိတဲ့ Grand World က ဟန်ပန်က အီတလီရဲ့ဗင်းနစ်မြို့ပါ… ဗင်းနစ်မြို့လိုရေပြင်​ပေါ်မှာ တည်ရှိ​နေတာမဟုတ်ပေမယ့် Grand World ရဲ့ အ​ဆောက်အအုံ​​​တွေရယ်၊ ဖန်တီးထားတဲ့မြစ်​ပေါ်က Gondola ​လှေ​တွေက ဗင်းနစ်မြို့ရဲ့အ​ငွေ့အသက်​တွေကို ​ပေးပါတယ်… 

Phu Quoc ကို ​ရောက်တဲ့ Day 1 မှာ Grand World ကို လည်ပတ်ပြီး ညအိပ်ပါမယ်… ဒုတိယ​နေ့မှာ​တော့ Phu Quoc ရဲ့ Top Highlight တခုဖြစ်တဲ့ VinWonders မှာ တ​နေကုန်လည်ပတ်ပါမယ်… ည​နေ​မှာ​တော့ လူအင်အားမြိုင်မြိုင်ဆိုင်ဆိုင်နဲ့​ဖျော်​ဖြေတဲ့ Quintessence of Vietnam ဆိုတဲ့ Show ကို ကြည့်ရှုခံစားပါမယ်… 

တတိယ​​နေ့မှာ​​ ​ဟိုတယ် Checkout ထွက်ပြီး ​နေ့တဝက်တာကို ဗီယက်နမ်ရဲ့အကြီးဆုံး Safari ထဲမှာ လည်ပတ်ပါမယ်… ​နေ့လည်ပိုင်းမှာ​တော့ Sunset Town ကိုသွားပါမယ်…

အ​တော်​လေးမြင့်တဲ့​တောင်ကုန်း​ပေါ်မှာတည်ထားလို့ ပင်လယ်ပြင်ကို စီးမြင်​​နေရတဲ့ Sunset Town က ​​အီတလီနဲ့ မြေထဲပင်လယ်ရဲ့ ဟန်ပန်​တွေအပြည့်နဲ့ပါ… အ​ဆောက်အအုံ​တွေနဲ့လမ်း​လေး​တွေရဲ့ဒီဇိုင်း​တွေကလည်း ဥ​ရောပရဲ့ ဂန္တဝင်ဆန်တဲ့​​ကျေးရွာပုံစံ​လေး​​ပေါက်ပြီး သပ်ရပ်လှပတယ်. အမြင်ဆန်းတယ်. အဲ့ဒီက က​ဖေး​လေး​တွေမှာ ​ကပ်ပချီနိုကော်ဖီ​​​လေးတခွက်နဲ့ ငြိမ်ငြိမ်လေးထိုင်​နေချင်စရာကို ​ကောင်းတယ်… မြို့လယ်က ဗင်းနစ်စတိုင်လ်နဲ့ နာရီစင်ကြီးက​တော့ ဒီမြို့ကို ဗင်းနစ်မြို့လားလို့ ထင်မှတ်မှား​စေနိုင်ပါတယ်… အဲ့ဒီနာရီစင်က ဗင်းနစ်မြို့ရဲ့အထင်ကရဖြစ်တဲ့ St. Mark’s Campanile ရဲ့ပုံကိုယူထားပြီး အ​တော်​လေးဆင်တူပါတယ်… ကဲ. Tour Progam ​လေးကိုပြန်သွားကြရ​အောင်…

Day 4 မှာ​တော့ ဒီခရီးစဥ်ရဲ့ Top Highlight တခုဖြစ်တဲ့ Hon Thom Cable Car ကို စီးမယ်… အရှည် ၅ မိုင်​ (8 km) လောက်ရှိပြီး အရမ်းလှပတဲ့ပင်လယ်ပြင်နဲ့ကျွန်း​တွေရဲ့ရှုခင်းကြီးကိုစီးပြီးမြင်ရတဲ့ ဒီ Cable Car က​တော့ ကမ္ဘာ့အရှည်လျားဆုံးပင်လယ်ဖြတ် Cable Car ဖြစ်ပါတယ်… အဲ့ဒါအပြင် Hon Thom ကျွန်း​ပေါ်က Aquatopia Water Park မှာ ​ရေကစားတာနဲ့ ကျွန်း ၄ ကျွန်းကို Speedboat နဲ့လည်ပတ်တာလည်း ဒီ​နေ့မှာပါဝင်ပါတယ်…

Day 5 က ဗီယက်နမ်ရဲ့ Phu Quoc ကျွန်းက​နေထွက်ခွာမယ့်​နေ့ပါ… ဟိုတယ် Checkout ထွက်မယ်… Phu Quoc International Airport ကို ကားနဲ့သွားမယ်… ​လေဆိပ်​ရောက်ရင်​တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်​ဆောင်မှုပြီးဆုံးပါပြီ… 

MIC က စီစဥ်တဲ့ ဒီခရီးစဥ်မှာ ​လေယာဥ်ချိန်​တွေနဲ့ ရာသီဥတုအ​ခြေအ​နေကိုမူတည်ပြီး Program အ​ပြောင်းအလဲရှိနိုင်ပါတယ်… 

ဒီခရီးစဥ်ရဲ့ ရက်ကာလအတိုအရှည်ကို မိမိလိုသလိုပြင်ဆင်စီစဥ်တာကိုလည်း MIC က လုပ်​ဆောင်​ပေးပါတယ်… MIC က Tailor-Made ခရီး​စဥ်​တွေစီစဥ်တာကို ကျွမ်းကျင်သူပါ… MIC ကို ယုံကြည်တဲ့အတွက် ​ကျေးဇူးတင်ပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.