၂၁-ရာစုရဲ့ တိုးတက်မှုပုံရိပ်​တွေနဲ့ ဘန်​​ကောက်၊ ​​အေးချမ်းတည်ငြိမ်တဲ့အလှ​​တွေကို ပိုင်ဆိုင်ထားတဲ့ ချင်းမိုင်နဲ့ ​မြောက်ပိုင်း​ဒေသ၊ သမိုင်း​ထဲက​စေတီပုထိုး​တွေနဲ့ ​လေ့လာစရာများပြားတဲ့ အယုဒ္ဓယ၊ ဒုတိယကမ္ဘာစစ်ကာလရဲ့ ဂျပန်ခေတ်လက်ကျန် ​သေမင်းတမန်ရထားလမ်း (Death Railway)ရှိတဲ့ ကန်ချနာဘူရီ​ဒေသ၊ Vacationer ​တွေအကြိုက် ​ပျော်စရာပတ္တယားကမ်း​ခြေ (Pattaya Beach)၊ ထူးကဲလှပတဲ့​ရေအလှ ကမ်း​ခြေအလှ ကျွန်း​တွေရဲ့အလှ​တွေနဲ့ ဖူးခက် (Phuket) စသဖြင့်​တွေနဲ့ ထိုင်းနိုင်ငံက အ​​ရှေ့တောင်အာရှမှာသာမကဘဲ အာရှတိုက်မှာပါနာမည်ကြီးတဲ့ Highlight တခုပါ… ​အဲ့ဒီအပြင် ထိုင်းနိုင်ငံက အ​ရှေ့​တောင်အာရှမှာ ၁၉၈၀ ပြည့်နှစ်​တွေကတည်းက အခု​ခေတ်ကာလအထိ ​ခေတ်အဆက်ဆက် ကမ္ဘာအနှံ့က Tourist ​တွေအကြိုက်​တွေ့၊ အလည်အပတ်များတဲ့ ခရီးသွားနိုင်ငံပါ… အဲ့ဒီလိုအလှ​တွေများ၊ လည်စရာ​တွေများပြီး ​ပျော်ရွှင်စရာ​တွေများပြားတဲ့ ထိုင်းနိုင်ငံကို အ​ကောင်းဆုံးလည်ပတ်ဖို့အတွက် MIC က စီစဥ်​ပေးပါတယ်…

Our Thailand Trips

Thailand: Temples, Culture & Seaside

7 DAYS . 4 DESTINATIONS

ဘန်​ကောက်၊ ချင်းမိုင်၊ ချင်းရိုင် နဲ့ ပတ္တယားကမ်း​ခြေတို့ရဲ့ Highlight ​​တွေကို လည်ပတ်မယ့် ဒီခရီးစဥ်က ထိုင်းနိုင်ငံရဲ့ သမိုင်း၊ ယဥ်​ကျေးမှု၊ ​ထေရဝါဒဗုဒ္ဓဘာသာနဲ့ လှပတဲ့ပင်လယ်ကမ်း​ခြေတို့ကို ထိ​တွေ့ချင်သူ​တွေအတွက် အလွန်​သင့်​တော်ပါတယ်… အဲ့ဒီအပြင် မိတ်​ဆွေတို့အ​နေနဲ့ ကိုယ့်ရဲ့အားလပ်ရက်အတိုအရှည်၊ ကိုယ်လည်ပတ်ချင်တဲ့​နေရာ​တွေ၊ ကိုယ်သုံးချင်တဲ့ Budget ​တွေ​ပေါ်မူတည်ပြီးလည်း MIC က​ ခရီးစဥ်ကို လိုအပ်သလိုပြင်ဆင်​ရေးဆွဲ​ပေးပါတယ်…

City to Coast: Bangkok & Pattaya

5 DAYS . 2 DESTINATIONS

Top Highlight ​တွေကို ထိ​တွေ့မယ့် Bangkok Sightseeing ၊ ကမ္ဘာ့အ​လှဆုံးပန်းခြံကြီးတစ်ခုဖြစ်တဲ့ Nong Nooch Garden ၊ ​ပျော်စရာ​ကောင်းတဲ့ ပတ္တယားကမ်း​ခြေမြို့တို့ကို လည်ပတ်မယ့် ဒီခရီးစဥ်က Shopping နဲ့ ​​အေး​အေး​ဆေး​ဆေးလည်ပတ်ချင်သူ​တွေအတွက် သင့်​တော်ပါတယ်… လည်ပတ်စရာများပြားတဲ့ထိုင်းနိုင်ငံရဲ့ ​အခြား Highlight ​တွေကိုထပ်ဖြည့်ချင်ရင် (ဒါမှမဟုတ်) ကိုယ်ရဲ့အားလပ်ရက်အတိုအရှည်​ပေါ်မူတည်ပြီး ပြင်ဆင်ချင်ရင်လည်း MIC က အ​သေးစိတ်ပြင်ဆင်စီစဥ်​ပေးပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.