Mosaic Blogs > Indochina > Vietnam

Dalat

Vietnam တောင်ပိုင်းရဲ့ ထင်းရှူးမြို့တော်

by Thein | December 29, 2024

Alpine City of Dalat, a must-visit place in Vietnam
Dalat, a popular destination with delighful climate, is located in the Langbiang Plateau in the center of southern Vietnam.
Cable car rides are a popular activity among visitors in Dalat, a high-altitude destination with cool weather in Vietnam.
A cable car ride is a great way to enjoy the stunning views of the landscapes around Dalat.

အေးစိမ့်နေတဲ့ရာသီဥတုနဲ့ တစ်မြို့လုံးသာယာပြီးအရမ်းလှတဲ့မြို့ကို လည်ချင်ရင် ဗီယက်နမ်တောင်ပိုင်းက ထင်းရှူးပင်တွေဖုံးလွှမ်းထားတဲ့ ဒါလတ်မြို့ကို ကိုယ့်ရဲ့ Travel itinerary ထဲ ထည့်ရမှာပါ… ပြီးတော့ ဒီမြို့က ဗီယက်နမ်လူမျိုးတွေကိုယ်တိုင် အရမ်းကြိုက်ကြတဲ့မြို့ပါ… အဲ့ဒီအပြင် ဒါလတ်မြို့က ဗီယက်နမ်ရဲ့ Top Highlight တွေထဲကတစ်ခုပါ…

ဒါလတ်မြို့က ဗီယက်နမ်တောင်ပိုင်းရဲအလယ်မှာရှိတဲ့ Langbiang Plateau (လန်ဘီယန်ကုန်းမြင့်) ပေါ်က တောင်ပေါ်မြို့… သူ့ရဲ့အမြင့်ပေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၀၀ ဝန်းကျင်… အမြင့်ပေ ၄၃၀၀ ကျော်မှာရှိတဲ့ကလောနဲ့ အမြင့်ပေ ၄၇၀၀ ကျော်မှာရှိတဲ့တောင်ကြီးတို့ထက် နည်းနည်းပိုမြင့်တဲ့အမြင့်ပေမှာ ဒါလတ်ကတည်ရှိတာပါ…

ဒီအမြင့်ပေမှာရှိတဲ့ ရာသီဥတုက ထင်းရှူးပင်ရဲ့တွေအကြိုက် ထင်းရှူးရာသီဥတု… စိမ့်အေးတယ်… ပန်းတွေဝေတယ်… အရမ်းသာယာတယ်… နေလို့ လည်လို့က အရမ်းကောင်းပါဘဲ…

ဒါလတ်မြို့က သက်တမ်းရင့်တဲ့မြို့တော့မဟုတ်ပါဘူး… လွန်ခဲ့တဲ့ နှစ် ၁၃၀ ကျော် ၁၈၉၀ ပြည့်နှစ်ကာလတွေကမှ ကိုလိုနီပြင်သစ်တွေက တည်ထောင်တဲ့ တောင်ပေါ်မြို့ပါ…

အစပိုင်းကာလတွေမှာ ဒီမြို့က စိုက်ပျိုးရေးအတွက် သုတေသနစခန်းမြို့လေးပါဘဲ… အဲ့ဒီနောက် သူ့ရဲ့အေးမြပြီးသာယာတဲ့ ရာသီဥတု၊ ရှုမငြီး လှပသာယာလွန်းတဲ့ တောင်ကုန်းတောင်တန်းအလှတွေကြောင့် အပူရှောင်ချင်တဲ့သူတွေကြားမှာ အပန်းဖြေမြို့အနေနဲ့ အချိန်တိုအတွင်း နာမည်ကြီးလူသိများလာပါတယ်… ပြင်သစ်ကိုလိုနီခေတ်မှာတင် ဥရောပတိုက်သားတွေ အလည်လာရာဒေသဖြစ်လာပါတယ်…

အဲ့ဒီနောက်မှာ ပြင်သစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သီလရှင်တွေက ကျောင်းအိပ်ကျောင်းစားကျောင်း (Boarding school) တွေကို ဒါလတ်မြို့မှာ ဖွင့်လှစ်လာပါတယ်… ပြင်သစ်ကိုလိုနီခေတ်မှာ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားဒေသအတွင်းက ဥရောပတိုက်သားတွေ၊ ပြင်သစ်တွေနဲ့ ငွေကြေးတတ်နိုင်တဲ့ဒေသခံတွေက သူတို့သားသမီးတွေကို အဲ့ဒီကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစား ပညာသင်စေခဲ့ပါတယ်… ဒီလိုနဲ့ဘဲ ဒီမြို့လေးက အနောက်တိုင်းဆန်တဲ့ မြို့ကလေးဖြစ်ခဲ့ပါတယ်…

Scenic landscape of vegetable plantations in Dalat, a popular tourist destination in Vietnam
Covered vegetable farms in Dalat

အခုကာလမှာ ဒါလတ်မြို့ကို ဗီယက်နမ်လူမျိုးတွေရော၊ ကမ္ဘာအနှံ့ကခရီးသွားတွေရော အရမ်းလာလည်ကြပါတယ်… မြို့နဲ့မြို့ပတ်ဝန်းကျင်မှာ ၄-၅ ရက် ဆက်တိုက်လည်ပတ်ရင်တောင် လည်စရာမကုန်တာမို့ ဒီမြို့ကိုလူကြိုက်များတာ မဆန်းလှပါဘူး…

ဒါလတ်မြို့ရဲ့မြေက နီဆွေးပြီး မြေသြဇာအရမ်းကောင်းတာကြောင့် မြို့ပြင်ပတ်ဝန်းကျင်မှာရှိတဲ့ တောင်စောင်းတွေ၊ လျှိုတွေ တခွင်တပြင်လုံးမှာ အမျိုးမျိုးသောပန်းစိုက်ခင်းတွေ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ဖုံးလွှမ်းနေပါတယ်… စိုက်ကြတဲ့ဟင်းသီးဟင်းရွက်တွေက ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ပဲပိုးတီ အစရှိသဖြင့် စုံလင်လှပါတယ်… မြို့ပြင်မှာ စတော်ဘယ်ရီစိုက်ခင်းတွေရှိပြီး ဝင်လည်ပတ်လို့ရပါတယ်… စတော်ဘယ်ရီတွေကို ခူးပြီး အလေးချိန်နဲ့ ဝယ်စားလို့ရပါတယ်… ပြင်ဦးလွင်မှာလိုပါဘဲ…

ထူးခြားတာက မြို့ထဲက ကဖေးတွေရယ်၊ မြို့အပြင်ကခြံဝင်းကြီးတွေနဲ့ ကဖေးတွေရယ်ပါဘဲ… အဲ့ဒီမှာမှ မြို့အပြင်ခပ်လှမ်းလှမ်းက Secret Garden ဆိုတဲ့ အရမ်းကြီးမားတဲ့ ဥယျာဥ်နဲ့ အထဲမှာရှိတဲ့ ကဖေးက ပြောစမှတ်ပြုရမယ့်နေရာပါဘဲ… ထင်းရှူးပင်တွေလွှမ်းပြီး အရိပ်အာဝါသအရမ်းကောင်းတဲ့ အဲ့ဒီနေရာက ရောက်ရင် တနေကုန် Chill ပြီး အေးဆေးငြိမ့်လို့အရမ်းကောင်းပါတယ်… Garden ရဲ့အလယ်မှာ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးကြောင့်လည်း စိမ့်နေတယ်လို့ ခံစားရစေပါတယ်…

A delightful and relaxing train ride from Dalat to Trai Mat, only 7 kilometres in distance, is available at Dalat Railway Station.
Dalat Plateau Train runs from Dalat to Trai Mat.

ဒါလတ်မြို့မှာ Cable Car စီးရင်း တောင်ကုန်းတောင်တန်းတွေရဲ့ ရှုခင်းကိုတဝကြီးခံစားရတာမိုက်တယ်… မြို့ထဲက Highlight တွေက လည်လို့ကောင်းတယ်… ပေ ၅၀၀၀ နီးပါးရှည်တဲ့ Zipline စီးတာ၊ ထင်းရှူးတောထဲမှာ Alpine Coaster စီးတာ စသဖြင့် Activity အစုံလုပ်လို့ရတယ်… Langbiang တောင်ထိပ်ကို Trekking လုပ်လို့ရပြီး (Trekking အဆင်မပြေတဲ့သူတွေက ကားနဲ့တက်လို့ရပါတယ်) တောင်ထိပ်ကနေ ရင်သပ်ရှုမောစရာမြင်ကွင်းကြီးနဲ့ အပန်းဖြေလို့ရတယ်… ဖျော်ဖြေမှုဆန်တဲ့ Dalat Train ခရီးတိုလေးစီးလို့ရတယ်… အစရှိသဖြင့် ဓါတ်ပုံရိုက်မဝ၊ Video ရိုက်မဝတဲ့ Trip လေးကို ဒါလတ်မှာ ရနိုင်ပါတယ်…

Admin ဗီယက်နမ်ရောက်တိုင်း ဗီယက်နမ်လူမျိုးတွေကို သူတို့အကြိုက်ဆုံး အလည်ပတ်ချင်ဆုံးနေရာတွေကို မေးကြည့်ဖြစ်ပါတယ်… သူတို့အဖြေများတာက ဒီ Dalat မြို့ပါဘဲ…

Dalat Gallery

Dalat is famous for its beautiful landscapes, cool alpine weather, sightseeing highlights and gorgeous indoor and outdoor cafés.
A pleasant lake-side café filled with Vietnamese
Dalat Railway Station is a tourist attraction of Dalat.
Dalat Train Station was recognized as a national historical monument in 2001.
The 20th-century architecture of Dalat Railway Station is a national historical monument in Vietnam and a top attraction in Dalat.
Inside the train station of Dalat. In 2001, the building earned the recognition as a national historical monument.
A train ride from Dalat to Trai Mat is a highlight and a thing to do in Dalat.
Dalat Plateau trains have luxurious interiors.
Comfortable sofa seats of Dalat trains offer passengers a great experience.
Delightful interiors of Dalat Plateau Train
Hiking and trekking in Langbiang Mountain is one of the things to do in Dalat.
Langbiang Mountain Base Camp
Dalat, a popular vacation city, has enjoyable outdoor cafés in large gardens.
Secret Garden with delightful cafés
Alpine coaster ride near Datanla Waterfall in Dalat is a recommended experience and activity in the hill-station city in Vietnam
The Datanla Alpine Coaster is a popular activity.
Dalat has several fun activities for holiday makers including the 1500-meter zipline and high rope course.
The 1500-meter-long zipline near Datanla Waterfalls
Enjoying breathtaking sunset views from a bar is something not to miss in Dalat.
Mesmerizing sunset views from a bar
Dalat’s night market is an unmissable experience in the city.
Vibrant Night Market of Dalat
Best package tours and travel itineraries of Vietnam, Cambodia, Laos and Thailand

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+95 9 761 352 059

mosaicindochina@gmail.com

1199, Htu Par Yone Street 3, Thaketa, Yangon, Myanmar

2024

Mosaic Indochina

I

All rights reserved.