Mosaic Blogs > Southeast Asia > Laos
by Amy | December 30, 2024
အရှေ့တောင်အာရှရဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ လာအိုက လည်ပတ်လို့ အရမ်းကောင်းနိုင်ငံတစ်ခုပါ… သူ့မှာ လှပတဲ့တောတောင်ရေမြေရှုခင်းတွေ၊ တိတ်ဆိတ်ငြိမ်သက်မှုသန္တရသတွေ၊ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ သမိုင်းကြောင်းတွေ၊ လာအိုယဥ်ကျေးမှုတွေ၊ ထိုင်းအစားအသောက်နဲ့ အနည်းငယ်ကွဲပြားပြီး စားလို့ကောင်းတဲ့ လာအိုအစားအသောက်တွေ အစုံအလင်ရှိနေတာမို့ လည်ပတ်သူတွေအကြိုက်တွေ့ကြတဲ့ နိုင်ငံလေးပါ…
လာအိုကို လည်ပတ်ပြီး သူ့ရဲ့အလှဆုံး အမိုက်ဆုံးတွေကို ခံစားချင်တယ်ဆို ဒီ Blog မှာ အခုပြောပြမယ့် မြို့ ၄ မြို့ကိုကို အဓိကထားပြီး လည်ပတ်လိုက်ပါ…
ဗီယန်ကျင်းမြို့က လာအိုနိုင်ငံရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ပါ… ဒီမြို့က လာအို-ထိုင်းနယ်နိမိတ်မျဥ်းပေါ်မှာ တည်ရှိတာမို့လို့ ကမ္ဘာပေါ်က ရှားရှားပါးပါးမြို့တော်အနည်းငယ်မှာ သူကပါဝင်ပါတယ်…
ဗီယန်ကျင်းကိုလည်ပတ်ရင် အများဆုံးသတိထားမိကြတာနဲ့ အကြိုက်တွေ့ကြတာက သူကမြို့တော်ဖြစ်ပေမယ့် တည်တည်ငြိမ်ငြိမ်လေးနဲ့ငြိမ်းချမ်းနေတာကိုပါဘဲ… မြို့ထဲမှာကိုက အဲ့ဒီရသကို ခံစားရတာပါ…
လည်မယ်ဆို ဒီမြို့မှာထူးခြားတဲ့နေရာတွေ ရှိပါတယ်… Buddha Park ရဲ့ ရုပ်ထုတွေက တခြားမှာရှာလို့မရနိုင်ဘူး… Wat Sisaket က သန္တရသဆန်ပြီး လှပတယ်… Patuxay Monument က ခန့်ထည်တယ်… စသဖြင့် လည်ပတ်စရာတွေနဲ့ လှပတဲ့ Vientiane ပါဘဲ…
Vang Vieng ရဲ့ ပတ်ဝန်းကျင်ရှုခင်းအလှက သူတင်မကဘဲ လာအိုတခုလုံးရဲ့ တကယ့် Highlight ပါ… မြို့ထဲကိုရောက်လို့ ရုတ်တရက်ဆို ‘ဒီမြို့က ဘာမှမဟုတ်ပါလား’ လို့ ထင်မိမှာပါ… ဒါဆို မြို့အပြင်ကိုထွက်ကြည့်လိုက်… သူ့ရဲ့အရမ်းကိုလှလွန်းတဲ့ မြင်ကွင်းတွေကို တကွက်ပြီးတကွက်ခံစားရပါလိမ့်မယ်…
ဒီမြို့မှာ ရှုခင်းတွေခံစားရုံတင်မဟုတ်ဘဲ ကိုယ့်ရဲ့ Holiday ကို အမြဲအမှတ်ရနေစေမယ့် Activity တွေကလည်းအပြည့်ရှိပါတယ်…
Hot Air Balloon ဒါမှမဟုတ် Paramotor စီးပြီး မြေပြင်ကနေထိုးထိုးထောင်ထောင်ထွက်နေတဲ့ ကျောက်တောင်ကြီးတွေရဲ့ သိပ်လှတဲ့မြင်ကွင်းကို ခံစားမလား… စိမ်းစိုနေတဲ့တောတောင်တွေထဲမှာ အရမ်းရင်ခုန်စရာ Zipline စီးမလား… အရမ်းသာယာတဲ့ Nam Song မြစ်ထဲမှာ Kayak လှော်ရင်းငြိမ့်မလား… Blue Lagoon တွေမှာ ရေကူးမလား… စသဖြင့် Vang Vieng မှာ အရမ်းပျော်စရာတွေ အရမ်းများပါတယ်…
လွမ်ပရာဘမ်မြို့က UNESCO World Heritage တစ်ခုပါ… ဒီမြို့တစ်မြို့လုံးရဲ့ အဆောက်အအုံတွေမှာ ၁၉-ရာစုအကုန်နဲ့ ၂၀-ရာစုအစောပိုင်းကာလတွေရဲ့ ပြင်သစ်ကိုလိုနီခေတ်ဗိသုကာလက်ရာနဲ့ လာအိုရိုးရာဟန်တွေကို အချိုးအစားကျကျပေါင်းစပ်ထားတဲ့ဒီဇိုင်းတွေကို ရှုမငြီးတွေ့ရမှာပါ…
သူ့ရဲ့နောက်ထပ် Highlight တစ်ခုက ရှေးတချိန်က လင်းဇင်းပြည်ရဲ့မြို့တော်ဆိုတဲ့ သူ့ရဲ့သမိုင်းပါဘဲ… ပြီးတော့ သူ့မှာ လာအိုဟန်ပန်နဲ့ အရမ်းလှပတဲ့ Wat Xiengthong လိုမျိုး ဘုရားတွေရှိပါတယ်… နောက်တစ်ခုက မဲခေါင်မြစ်ရဲ့အလှပါ… လွမ်ပရာဘမ်က မဲခေါင်မြစ်ကမ်းပေါ်မှာတည်ရှိတာမို့ Mekong River Cruising လုပ်တာက နာမည်ကြီးပါတယ်…
လွမ်ပရာဘမ်မြို့အပြင်က ကွမ်စီရေတံခွန်က အရှေ့တောင်အာရှဒေသမှာ အလှဆုံးရေတံခွန်တွေထဲတစ်ခုပါ… ဒီရေတံခွန်ကိုလည်ပတ်တာက Luang Prabang Tour ရဲ့ အစိတ်အပိုင်းထဲကတစ်ခုပါဘဲ…
လာအိုတောင်ပိုင်းရဲ့အလှတစ်ခုဖြစ်တဲ့ ပါက်ဆဲက လူသိအရမ်းမများတဲ့နေရာဆိုပေမယ့် ရောက်ဖူးလည်ဖူးတဲ့သူတိုင်း အရမ်းကြိုက်ကြပါတယ်… ပါက်ဆဲမြို့က လာအိုရဲ့အကြီးဆုံးမြို့တွေထဲကတစ်ခုပါ…
ကော်ဖီစိုက်ပျိုးရာဒေသမို့ ပါက်ဆဲမှာ Coffee က Highlight တစ်ခုဖြစ်နေပါတယ်… မြို့ထဲတဝိုက်မှာ ကော်ဖီဆိုင်ထိုင်၊ ကော်ဖီသောက်ရင်း ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ရှိနေတဲ့ ပါက်ဆဲကိုခံစားရတာ အတော်မိုက်ပါတယ်…
ပါက်ဆဲရဲ့ဝန်းကျင်မှာ UNESCO World Heritage တစ်ခုဖြစ်တဲ့ Vat Phou လို့ခေါ်တဲ့ ခမာဟန်နဲ့ဘုရားကျောင်းအပြိုအပျက်ကြီးရယ်၊ ရေတံခွန်တွေပေါများတဲ့ Bolaven Plateau (ဘိုလဗန်ကုန်းမြင့်) ရယ်၊ နိုင်ငံရဲ့တောင်ဘက်အဖျားနားက Four Thousand Island လို့ခေါ်တဲ့နေရာရယ် စတာတွေက အရမ်းနာမည်ကြီးပါတယ်…
အဲ့ဒီ မြို့ ၄ မြို့က လာအိုရဲ့ top attraction တွေပါ… တစ်မြို့ချင်းမှာ လည်စရာနေရာတွေ များတာကြောင့် သေချာလေး plan လုပ်ပြီး လည်ပတ်သင့်ပါတယ်… လာအိုက အခုအချိန်မှာ ၂၁-ရာစု ‘ပိုးလမ်းမသစ်’ လို့ခေါ်ကြတဲ့ တရုတ်ပြည်ရဲ့ Belt and Road Initiative မှာ ပါဝင်နေလို့ အရှိန်အဟုန်ပါတဲ့ အပြောင်းအလဲလမ်းကြောင်းပေါ်ကို ရောက်နေပါတယ်…
Admin ရဲ့ လာအိုခရီးစဥ်တိုင်းမှာ လာအိုရဲ့မြင်သာတဲ့ပြောင်းလဲမှုတွေကို အမြဲတွေ့မြင်ရပါတယ်… ဒီကုန်းတွင်းပိတ်နိုင်ငံလေးမှာ နောက်ထပ်လျင်လျင်မြန်မြန်ပြောင်းလဲလာနိုင်တဲ့ အလားအလာတွေကိုလည်း အများကြီးတွေ့ရပါတယ်… ဒါကြောင့်မို့ ခရီးသွားပြီး ဗဟုသုတရချင်သူတွေအနေနဲ့ အခုလက်ရှိအလှတရားတွေ မပျောက်သွားခင်၊ အရမ်းကြီးမားတဲ့ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲကြီးတွေ ရောက်မလာခင်မှာ ဒီနိုင်ငံလေးရဲ့အခုလက်ရှိအနေအထားကို နှံ့နှံ့စပ်စပ်လေး လည်ပတ်လေ့လာထားသင့်လှပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
2024
Mosaic Indochina
I
All rights reserved.