အရှေ့တောင်အာရှရဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ လာအိုက လည်ပတ်လို့ အရမ်းကောင်းနိုင်ငံတစ်ခုပါ… သူ့မှာ လှပတဲ့တောတောင်ရေမြေရှုခင်းတွေ၊ တိတ်ဆိတ်ငြိမ်သက်မှုသန္တရသတွေ၊ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ သမိုင်းကြောင်းတွေ၊ လာအိုယဥ်ကျေးမှုတွေ၊ ထိုင်းအစားအသောက်နဲ့ အနည်းငယ်ကွဲပြားပြီး စားလို့ကောင်းတဲ့ လာအိုအစားအသောက်တွေ အစုံအလင်ရှိနေတာမို့ လည်ပတ်သူတွေအကြိုက်တွေ့ကြတဲ့ နိုင်ငံလေးပါ…
လာအိုကို လည်ပတ်ပြီး သူ့ရဲ့အလှဆုံး အမိုက်ဆုံးတွေကို ခံစားချင်တယ်ဆို ဒီ Blog မှာ အခုပြောပြမယ့် မြို့ ၄ မြို့ကိုကို အဓိကထားပြီး လည်ပတ်လိုက်ပါ…
အေးစိမ့်နေတဲ့ရာသီဥတုနဲ့ တစ်မြို့လုံးသာယာပြီးအရမ်းလှတဲ့မြို့ကို လည်ချင်ရင် ဗီယက်နမ်တောင်ပိုင်းက ထင်းရှူးပင်တွေဖုံးလွှမ်းထားတဲ့ ဒါလတ်မြို့ကို ကိုယ့်ရဲ့ Travel itinerary ထဲ ထည့်ရမှာပါ… ပြီးတော့ ဒီမြို့က ဗီယက်နမ်လူမျိုးတွေကိုယ်တိုင် အရမ်းကြိုက်ကြတဲ့မြို့ပါ… အဲ့ဒီအပြင် ဒါလတ်မြို့က ဗီယက်နမ်ရဲ့ Top Highlight တွေထဲကတစ်ခုပါ…
ဒါလတ်မြို့က ဗီယက်နမ်တောင်ပိုင်းရဲအလယ်မှာရှိတဲ့ Langbiang Plateau (လန်ဘီယန်ကုန်းမြင့်) ပေါ်က တောင်ပေါ်မြို့… သူ့ရဲ့အမြင့်ပေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၀၀ ဝန်းကျင်…
ဗီယက်နမ်နိုင်ငံ (Vietnam) ဟာ အရှေ့တောင်အာရှမှာ လည်ပတ်လို့အကောင်းဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုပါ…
တစ်ချိန်က အင်ဒိုချိုင်းနား (Indochina)လို့ ခေါ်ခဲ့ကြတဲ့ ဒီနိုင်ငံမှာ ကမ်းရိုးတန်းအလှကြွယ်ဝပါတယ်… လှပသာယာတဲ့ကမ်းခြေတွေလည်း မနည်းလှပါဘူး… သူထိစပ်နေတဲ့ပင်လယ်က ပစ်ဖိတ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ် (South China Sea) ပါ… ထူးခြားတာက ဗီယက်နမ်ရဲ့ကမ်းခြေတွေမှာတွေ့ရတဲ့ ပင်လယ်ရေက နောက်ကျိနေတာမရှိဘဲ အရမ်းလှပပါတယ်…
ဗီယက်နမ်စစ်ပွဲတွေရဲ့လက်ကျန်ဖြစ်တဲ့ ကူချီဥမင်တွေက ဗီယက်နမ်ကိုအလည်သွားသူတွေအတွက် မလည်မဖြစ် လည်ပတ်လေ့လာရမယ့် နေရာတစ်ခုပါ… ဒီဥမင်တွေကို နေ့ဝက်လောက်အလည်သွားတာက ယခင်စစ်အေးတိုက်ပွဲကာလရဲ့ အရေးပါဆုံး သမိုင်းတစ်ခုကို သေချာလေ့လာသလိုလည်း ဖြစ်ပါတယ်…
အယုဒ္ဓယမြို့က ထိုင်းနိုင်ငံရဲ့ သမိုင်းနဲ့ရှေးဗုဒ္ဓဘာသာဗိသုကာတွေကို အများကြီးလေ့လာလို့ရတဲ့ ခရီးသွား Highlight တွေထဲကတစ်ခုပါ…
တချိန်က ကမ္ဘာ့အကြီးဆုံးမြို့လို့ဆိုတဲ့ ဒီမြို့ဟာ 1350 ကနေ 1767 အထိ နှစ်ပေါင်း ၄၀၀ ကျော် တည်တံ့ခဲ့တဲ့ ရှေးမြို့တော်ကြီးပါ…
လာအို (Laos) ရဲ့မြေပြန့်လွင်ပြင်မှာရှိတဲ့ မြို့တော်ဗီယန်ကျင်းမြို့ (Vientiane) ကနေ မနက် ၈ နာရီ ၈ မိနစ်မှာထွက်လာတဲ့ ကျည်ဆန်ရထား (Bullet train) ဟာ တောတောင်အထပ်ထပ်နဲ့ ဥမင်လှိုဏ်ခေါင်းရှည်အများကြီးကို ဖြတ်သန်းပြီးတဲ့နောက် မနက် ၉:၅၃ မှာ တောင်ပေါ်ဒေသရဲမြို့ဖြစ်တဲ့ လွမ်ပရာဘမ်ကို ဆိုက်ရောက်ပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
2024
Mosaic Indochina
I
All rights reserved.