ဒီ ၇ညအိပ်-၈ရက် ခရီးစဥ်က ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်း ဒါနန်းမြို့ (Da Nang) မှာ စတင်ပြီး နိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ ဟနွိုင်းမြို့ (Hanoi) မှာ ပြီးဆုံးပါမယ်… ဒီခရီးစဥ်မှာ အလယ်ပိုင်းရဲ့ Top Highlight တွေဖြစ်တဲ့ Ba Na Hills နဲ့ Golden Bridge ၊ Hoi An Old Town နဲ့ Basket Boat Ride ၊ မြောက်ပိုင်းရဲ့ Top Highlight တွေဖြစ်တဲ့ Fansipan တောင်ထိပ် နဲ့ Ha Long Bay Cruising တို့ကို အခြားပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာ Sightseeing တွေနဲ့ စနစ်တကျစီစဥ်ထားပါတယ်…
အဲ့ဒီအပြင် Destination နဲ့ Highlight တွေများပြားတဲ့ ဗီယက်နမ်နိုင်ငံကို အကောင်းဆုံး၊ အထိမိဆုံး၊ ကုန်ကျစရိတ်နဲ့ အချိန်အကျစ် လျစ်ဆုံး လည်ပတ်ဖို့အတွက် Customised Tour Plan တွေကိုလည်း မိတ်ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်ရေးဆွဲပေးပါတယ်… အဲ့ဒီအပြင် မိမိရဲ့အားလပ်ရက်အတိုအရှည်၊ ခရီးစဥ်၊ Budget နဲ့ မိမိလည်ပတ်ချင်တဲ့နေရာတွေပေါ်မူတည်ပြီး Tour Plan ကို လိုအပ်သလို MIC က ပြင်ဆင်ရေးဆွဲပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစကနေအဆုံးထိ အမှားအယွင်းမရှိ၊ အလေအလွင့်မရှိ အသေးစိတ်စီစဥ်ပေးပါတယ်…
ပင်လယ်ရေပြာပြာနဲ့ သိပ်လှတဲ့ My Khe Beach (မီခဲကမ်းခြေ) ရဲ့အလှနဲ့ ဒါနန်းမြို့က ဗီယက်နမ်အလယ်ပိုင်းမှာ အကြီးဆုံးမြို့ပါ… ဒါနန်းက ခေတ်မှီတယ်… ကြီးမားတယ်… ပိုပြီးကြီးမားသစ်လွင်လာနေတယ်… အနီးတဝိုက်မှာ လည်ပတ်စရာတွေပေါများတယ်… စျေးဝယ်လို့ကောင်းတယ်… မြို့နဲ့မလှမ်းမကမ်းမှာ အရမ်းနာမည်ကြီးတဲ့ Ba Na Hills နဲ့ Golden Bridge ကြီးရှိတယ်… မြို့လယ်က Dragon Bridge ကလည်း ဗိသုကာဆန်းတယ်… View အရမ်းလှတဲ့ Linh Ung Pagoda က စိတ်ကြည်နူးစရာကောင်းတယ်… Highlight တွေများတဲ့ ဒါနန်းမြို့က ဗီယက်နမ် Tour Plan တွေရဲ့ မပါမဖြစ်နေရာတခုပါဘဲ…
ဟွေးအန်းမြို့ရဲ့ Old Town က UNESCO World Heritage Site ပါ… ဒီ Old Town က ၁၅-ရာစုနဲ့ ၁၉-ရာစုကြားမှာ အာရှတိုက်နဲ့ဥရောပတိုက်ကကုန်သည်တွေရဲ့ ဆုံရပ်ကုန်သွယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ပါတယ်… ထူဘွန်မြစ် (Thubon River) ကမ်းပေါ်မှာတည်ရှိတဲ့ Hoi An Old Town မှာ အရင်ခေတ်တွေရဲ့လက်ကျန် ရှေးအဆောက်အအုံ ၁,၀၀၀ ကျော်ကို စနစ်တကျထိန်းသိမ်းထားပါတယ်… ရောင်စုံမီးပုံးလေးတွေရဲ့အလှနဲ့ အသက်ဝင်လှတဲ့ ဒီ Old Town က ကမ္ဘာအနှံ့က ခရီးသွားတွေကို အရမ်းဆွဲဆောင်နိုင်ပါတယ်… အဲ့ဒီအပြင် ဒီမြို့အပြင်နားလေးက Cam Thanh ဆိုတဲ့ရွာလေးရဲ့ဓနိတောတွေထဲမှာ Basket Boat စီးတာကလည်း ဗီယက်နမ်ခရီးစဥ်တွေရဲ့ Highlight တခုဖြစ်ပါတယ်…
ဗီယက်နမ်ရဲ့ အကျော်ကြားဆုံးနေရာတခုဖြစ်တဲ့ Ba Na Hills က အမြင့်ပေ ၄၉၀၀ နီးပါးရှိတဲ့တောင်ကြီးပါ… Ba Na Hills က အရမ်းလှပတဲ့ Golden Bridge ၊ ဥရောပဗိသုကာတွေနဲ့ French Village ၊ အေးမြတဲ့သမပိုင်းရာသီဥတု ၊ စုံလင်လှတဲ့ ပျော်ရွှင်စရာ Activity တွေ ၊ အရှည်လျားဆုံးအနေနဲ့ ဂင်းနစ်စံချိန်တင်တဲ့ Cable Car စသဖြင့်တွေနဲ့ အရမ်းစုံလင်တာမို့ လည်ပတ်သူတိုင်း အကြိုက်အတွေ့ဆုံးနေရာတခုဖြစ်ပါတယ်…
ဗီယက်နမ်နိုင်ငံရဲ့မြို့တော် Hanoi က နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ပြင်သစ်ကိုလိုနီခေတ်လက်ကျန်တွေ၊ ဗီယက်နမ်ဟန်နဲ့ ဗုဒ္ဓဘာသာအဆောက်အအုံတွေ၊ သူ့ရဲ့ Old Quarter ရဲ့စည်ကားလှတဲ့လမ်းသွယ်တွေနဲ့ ကျော်ကြားပါတယ်… ဖွေးဖွေးလှုပ်နေတဲ့ဗီယက်နမ်အလံတွေအောက်က ဗီယက်နမ်ဆန်တဲ့ဟနွိုင်းမြို့ပြပုံရိပ်တွေကလည်း ‘ဗီယက်နမ်ဟေ့’ လို့ ပြောနေသယောင်ပါဘဲ…
ဗီယက်နမ်မြောက်ဖျားပိုင်းက တောင်ပေါ်မြို့ဖြစ်တဲ့ Sa Pa က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၂၀၀ ဝန်းကျင်မှာ တည်ရှိပါတယ်… ဒီမြို့မှာ အကျော်ကြားဆုံးက Fansipan တောင်ထိပ်ပါ… ဒီတောင်ထိပ်က ဗီယက်နမ်၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား ၄ နိုင်ငံစလုံးမှာ အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး အမြင့်ပေ 10,300 ကျော်ရှိပါတယ်… သူ့ကို အင်ဒိုချိုင်းနားရဲ့ခေါင်မိုး (The Roof of Indochina) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်… ဒီတောင်ထိပ်ကို Funicular နဲ့ Cable Car စီးပြီး အတက်အဆင်းလုပ်တာ၊ အမြင့်ပေ ၁၀,၀၀၀ အထက်မှာရှိတဲ့ တောင်ထိပ်ကနေ တိမ်ပင်လယ်တွေဝေနေတဲ့ View ကို ခံစားတာက နောင်နှစ်ပေါင်းများစွာအထိ မမေ့နိုင်မယ့်အတွေ့အကြုံပါဘဲ…
Ha Long Bay ဆိုတာက UNESCO World Heritage Site ဖြစ်ပြီး ဗီယက်နမ်ရဲ့အမှတ်အသားတခုပါ… စိမ်းမြနေတဲ့ ပင်လယ်ရေပြင်ထဲကနေ မတ်စောက်ထိုးထောင်ထွက်နေတဲ့ ကျောက်တောင်ကြီး ၂,၀၀၀ နီးပါးရဲ့အလှက ဒဏ္ဍာရီဆန်လွန်းလှတဲ့မြင်ကွင်းတခုပါ… အဲ့ဒီကျွန်းကြီး ကျောက်တောင်ကြီးတွေကြားထဲမှာ 5-Star Luxury Cruise ကို ညအိပ်စီးပြီး အပန်းဖြေတာက အရမ်း Unique ဖြစ်ပါတယ်…
ဒီခရီးစဥ်ကို ဗီယက်နမ်အလယ်ပိုင်နဲ့မြောက်ပိုင်းရဲ့ Top Highlight တွေနဲ့ စနစ်တကျကျစ်ကျစ်လျစ်လျစ် ပေါင်းစပ်ရေးဆွဲထားပါတယ်… ကဲ… အောက်မှာ ခရီးစဥ်လေးကို ကြည့်လိုက်ကြရအောင်…
ဗီယက်နမ်အလယ်ပိုင်းက Da Nang မြို့ကိုရောက်ပြီးနောက် ဒုတိယနေ့မှာ Da Nang နဲ့ Hoi An ကို Sightseeing လုပ်ပါမယ်… ဒီနေ့ Plan မှာ Linh Ung Pagoda ၊ Son Tra Marina Cafe ၊ Shopping ၊ Basket Boat Ride ၊ Hoi An Old Town တို့ပါဝင်ပါတယ်…
တတိယနေ့မှာတော့ Golden Bridge ရှိတဲ့ Ba Na Hills ကို လည်ပတ်မှာဖြစ်ပြီး ညနေပိုင်းမှာ လေယာဥ်နဲ့ ဟနွိုင်းမြို့ကိုသွားပါမယ်…
Day 4 မှာတော့ ဟနွိုင်းကနေ တောင်ပေါ်မြို့ဖြစ်တဲ့ Sa Pa မြို့ကိုသွားပါမယ်… Sa Pa ကိုရောက်ရင် Instagram Photo တွေမှာ နာမည်ကြီးတဲ့ Moana Cafe ကို လည်ပတ်ပါမယ်…
Day 5 မှာ ဗီယက်နမ်ရဲ့ Top Highlight တခုဖြစ်တဲ့ Fansipan Summit ကို Funicular နဲ့ Cable Car စီးပြီး သွားပါမယ်… နေ့လည်ပိုင်းမှာတော့ Hmong တိုင်းရင်းသားကျေးရွာတရွာဖြစ်တဲ့ Cat Cat Village ကို လည်ပတ်ပါမယ်…
Day 6 မှာ ဟနွိုင်းကိုပြန်သွားပြီး Hanoi Halfday Sightseeing လုပ်ပါမယ်… ဒီ Sightseeing မှာ Temple of Literature ၊ Ho Chi Minh Mausoleum ၊ Train Street တို့ပါဝင်ပါတယ်…
Day 7 မှာ ဟနွိုင်းကနေ Ha Long Bay ကိုသွားပြီး ဟလောင်းပင်လယ်အော်ရဲ့ ကျွန်းပေါင်း ၂၀၀၀ နီးပါးရှိတဲ့ အံ့မခန်းသဘာဝပတ်ဝန်းကျင်မှာ 5-Star Luxury Cruise ကို ညအိပ်စီးပြီး အပန်းဖြေမှာပါ… Day 8 မှာတော့ Ha Long Bay ကနေ Noi Bai International Airport ကိုသွားပြီး ဗီယက်နမ်နိုင်ငံကနေ ထွက်ခွာပါမယ်… လေဆိပ်ကိုရောက်ရင်တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်ဆောင်မှုတွေ ပြီးဆုံးမှာဖြစ်ပါတယ်…
လေယာဥ်ချိန်ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ရက်အတိုအရှည်ပြောင်းလဲနိုင်သလို မိမိစိတ်ကြိုက် Itinerary ကိုလည်း MIC က လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်ရေးဆွဲပေးပါတယ်…
6 DAYS . 3 DESTINATIONS
ဒီခရီးစဥ်မှာ အရှေ့တောင်အာရှရဲ့နာမည်အကြီးဆုံးနေရာတွေထဲက ၂ ခုဖြစ်တဲ့ Fansipan တောင်ထိပ်နဲ့ UNESCO World Heritage ဖြစ်တဲ့ Ha Long Bay တို့ကို အဓိကထားလည်ပတ်မှာပါ… ဒီ ၂ နေရာက ဗီယက်နမ်နိုင်ငံရဲ့ မြောက်ပိုင်းမှာရှိပါတယ်… ဗီယက်နမ်မြောက်ပိုင်းဆိုတာကလည်း တနိုင်ငံလုံးမှာ ဗီယက်နမ်အဆန်ဆုံးနေရာလို့ ဗီယက်နမ်လူမျိုးတွေကိုယ်တိုင် ပြောစမှတ်ပြုကြတဲ့နေရာပါ… ဒီ Program လေးကို ကိုယ်လိုချင်သလိုပြင်ချင်ရင် MIC ကို အချိန်မရွေးဆက်သွယ်လိုက်ပါ…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.