Home > Destinations > Thailand > Thailand: Temples, Culture & Seaside

Thailand: Temples, Culture & Seaside

Tour Type

Culture Tour

Destinations

Bangkok, Chiang Mai, Pattaya

Trip Length

6 Nights, 7 Days

Highest Peak

Doi Inthanon (2,565 m)

Culture

Tour

Bangkok, Chiang Mai,

Pattaya

6 Nights

7 Days

Doi Inthanon

(2,565 m)

The Grand Palace, a highlight of Bangkok city tours

Chiang Mai

3 Days / 2 Nights

Bangkok

2 Days / 2 Nights

Pattaya

2 Days / 1 Night

Trip Overview

ဒီခရီးစဥ်က ထိုင်းနိုင်ငံရဲ့မြို့​တော်ဖြစ်ပြီးအကြီးဆုံးမြို့လည်းဖြစ်တဲ့ ဘန်​ကောက်မြို့၊ နိုင်ငံ​မြောက်ပိုင်းမှာအကြီးဆုံးဖြစ်တဲ့ နာမည်​ကျော် ချင်းမိုင်မြို့ (Chiang Mai) ၊ လူကြိုက်များတဲ့ ပတ္တယားကမ်း​ခြေမြို့ (Pattaya) တို့ကို လည်ပတ်မယ့် ခရီးစဥ်ပါ… ကြာချိန်က ၆ ညအိပ် – ၇ ရက်မို့ မတိုမရှည်​လေးပါ… ထိုင်းနိုင်ငံအတွင်းမှာ ချင်းမိုင်မြို့မှာ ခရီးစဥ်စတင်မှာဖြစ်ပြီး Departure ကို​တော့ Bangkok က​​နေ ထွက်ခွာမှာဖြစ်ပါတယ်… ဒီ Plan က ထိုင်းနိုင်ငံရဲ့ Major Highlight ​တွေထဲက အ​တော်များများကို ထိ​တွေ့မှာမို့ အချိန်နဲ့​ငွေကုန်ကျမှုကျစ်လျစ်ပါတယ်…

Destination နဲ့ Highlight ​တွေများပြားတဲ့ ထိုင်းနိုင်ငံကို အ​ကောင်းဆုံး၊ အထိမိဆုံး၊ ကုန်ကျစရိတ်နဲ့အချိန်အကျစ်လျစ်ဆုံး လည်ပတ်ဖို့အတွက် Customised Tour Plan ​တွေကိုလည်း မိတ်​ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်​ရေးဆွဲ​​ပေးပါတယ်… အဲ့ဒီအပြင် မိမိရဲ့အားလပ်ရက်အတိုအရှည်၊ ခရီးစဥ်၊ Budget နဲ့ မိမိလည်ပတ်ချင်တဲ့​နေရာတွေ​ပေါ်မူတည်ပြီး Tour Plan ကို လိုအပ်သလို MIC က ပြင်ဆင်​ရေးဆွဲ​ပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစက​နေအဆုံးထိ အမှားအယွင်းမရှိ၊ အ​​လေအလွင့်မရှိ အ​သေးစိတ်စီစဥ်​ပေးပါတယ်…

Destination Overview

Tha Phae Gate in Chiang Mai Old City, historic Lanna city gate and popular landmark in northern Thailand

Chiang Mai (ချင်းမိုင်)

မြန်မာ့သမိုင်းမှာ ဇင်းမယ်လို့သိထားကြတဲ့ ချင်းမိုင်က ရှေးတချိန်က လန်းနားပြည် (Lanna Kingdom) ရဲ့ မြို့​တော်ပါ... Lanna Kingdom က​တော့ တောင်​တွေဝန်းရံထားတဲ့ ​​ရှေး​တိုင်းပြည်ဖြစ်ပြီး နှစ်​ပေါင်း ၃၀၀ နီးပါး​လောက်တည်တံ့ခဲ့ပါတယ်... ဒီခေတ်မှာ​​​တော့ ချင်းမိုင်က ထိုင်းနိုင်ငံ​မြောက်ပိုင်းရဲ့ အကြီးဆုံးမြို့ပါ... မြို့ကိုလွှမ်းခြုံထားတဲ့ ​ခေတ်သစ်မြို့ပြပုံရိပ်ရဲ့အလယ်မှာ The Phae Gate နဲ့ ​Wat Chedi Luang တို့လို သမိုင်းရဲ့အရိပ်​တွေနဲ့ချင်းမိုင်က ခရီးသွားတိုင်းအကြိုက်​တွေ့ကြတဲ့ Destination တခုဖြစ်ပါတယ်...

Sprawling Bangkok cityscape with the Chao Phraya River flowing through the urban skyline in Thailand

Bangkok (ဘန်​ကောက်)

ထိုင်းနိုင်ငံရဲ့မြို့​တော် Bangkok က အင်ဒိုချိုင်နားကျွန်းဆွယ်တစ်ခုလုံးရဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်... သူက ​မိုး​မျှော်အ​ဆောက်အအုံကြီး​တွေအ​မြောက်အများနဲ့ ခေတ်မှီဆန်းသစ်တယ်... ဒီဘက်​ရာစု​ခေတ်ရဲ့ နည်းပညာထွန်းကားတယ်... တမြို့လုံးက ​International ဆန်တယ်... အမြဲစည်ကားတယ်... သပ်ရပ်သန့်ရှင်းမှုရှိတယ်... ဒါ​ပေမယ့် ​၂၁-ရာစုရဲ့ အဲ့ဒီ​ခေတ်မှီတိုးတက်မှု​တွေနဲ့အပြိုင် ထိုင်းရိုးရာဟန်ပန်​တွေကလည်း ​နေရာအနှံ့တည်တံ့​နေဆဲဖြစ်ပြီး ဓ​လေ့ရိုးရာ၊ ​ခေတ်သစ်​၊ ရိုးရာသစ်​​တွေနဲ့ ကြွယ်ဝခမ်းနားတဲ့မြို့ကြီးဖြစ်ပါတယ်...

Pattaya city with crescent-shaped shoreline and green sea along the coast of Thailand

Pattaya (ပတ္တယား)

လှပတဲ့ ကမ်း​ခြေမြို့ဖြစ်တဲ့ Pattaya က ထိုင်းနိုင်ငံရဲ့ နာမည်ကြီးကမ်း​ခြေမြို့​တွေထဲက တစ်မြို့ပါ... လှပကြည်လင်တဲ့ပင်လယ်​ရေနဲ့ Nightlife ​တွေ​ကြောင့်ပတ္တယားမြို့က ခရီးသွား​တွေနဲ့အမြဲစည်ကား​ပါတယ်... သူ့အနားက Nong Nooch Pattaya Garden က​​တော့ ​မြေဧက ၅၀၀ ​​ကျော်မှာ အပင်မျိုးစိတ်​ ၁၂,၀၀၀ ​ကျော်ရဲ့ အပင်​ပေါင်း ၁၈,၀၀၀ ​ကျော်ကို စိုက်ပျိုးပြသထားတဲ့ ဥယျာဥ်ကြီးပါ... ဒီဥယျာဥ်ကြီးက ကမ္ဘာ​ပေါ်မှာ အ​ရေးပါဆုံး၊ အကြီးမားဆုံးနဲ့ အလှပဆုံး အပူပိုင်း​ဒေသဥယျာဥ်ကြီး​တွေထဲတစ်ခု ဖြစ်ပါတယ်...

Akha Farmville, a popular spot between Chiang Mai and Chiang Rai

Tour Itinerary

Chiang Mai

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကိုဆိုက်ရောက်တဲ့​နေ့မှာ မြို့လယ်က ၁၄-ရာစု ​ရှေးဘုရား​တွေဖြစ်တဲ့ Wat Chedi Luang နဲ့ Wat Phra Singh တို့ကို လည်ပတ်ဖူး​မျှော်ပါမယ်… ထိုင်းနိုင်ငံမှာ အရမ်းနာမည်ကြီးတဲ့ မြဘုရားက ​ရှေး Lanna ပြည်​ ခေတ်​ကောင်းစဥ်အခါမှာ ဒီဘုရားနှစ်ဆူမှာ ကိန်းဝပ်စံပယ်ဖူးတယ်လို့ ဆိုကြပါတယ်…

Day 2 ကတော့ Chiang Mai – Chang Rai – Chiang Mai Sightseeing ​နေ့ပါ… ဒီ​နေ့မှာ ချင်းရိုင်မြို့က The White Temple နဲ့ The Blue Temple ကို လည်ပတ်ဖူး​မြော်ပါမယ်… ဒီဘုရားနှစ်ဆူက ထူးခြားဆန်းကြယ်တဲ့ ဗိသုကာလက်ရာ​တွေ​ ကြောင့် ​ကျော်ကြားပါတယ်… ဒီ​နေ့ Sightseeing မှာ အရမ်းသာယာလှပတဲ့ Akha Farmville ၊ စိမ်းစိုပြီး Fairy-Tale Setting ​ကြောင့် လူကြိုက်များတဲ့ Lallita Cafe တို့ကိုလည်း လည်ပတ်ပါမယ်… ​နေ့လည်​စောင်းမှာ​တော့ ချင်းမိုင်ကိုပြန်ပါမယ်…

Day 3 မှာတော့ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံး​တောင်ထိပ်ဖြစ်တဲ့ Doi Inthanon (ဒွိုင်အင်ထနွန်) ​တောင်ထိပ်ကို လည်ပတ်ပြီး ​ည​နေ​လေယာဥ်နဲ့ ဘန်​ကောက်မြို့ကို သွားပါမယ်…

Day 4 က​တော့ Bangkok Sightseeing ပါ… ဒီ​နေ့မှာ ​ပျော်ရွှင်စရာ Activity ​တွေစုံလင်တဲ့ Dream World ၊ High-Quality အဏ္ဏဝါပြတိုက်ဖြစ်တဲ့ Ocean World တို့ကို လည်ပတ်ပြီး Platinum Mall နဲ့ MBK Shopping Mall တို့မှာ Shopping လုပ်ပါမယ်…

Day 5 မှာ The Grand Palace နဲ့ မြဘုရား (Emerald Buddha) ၊ ထိုင်းနိုင်ငံရဲ့အလှဆုံးဘုရားတစ်ဆူဖြစ်တဲ့ Wat Arun ၊ ​ခေတ်မှီလှပကြီးမားခမ်းနားတဲ့ ICONSIAM Shopping Mall တို့ကို လည်ပတ်ပါမယ်… ည​နေ​စောင်းရဲ့အစီအစဥ်က ဘန်​ကောက်မြို့ရဲ့နာမည်​ကျော် Dinner Cruise ဖြစ်ပါတယ်… အရမ်းလှပသာယာတဲ့ ​ကျောက်ဖယားမြစ် (Chao Phraya River) မှာ Cruise စီးပြီး မြစ်တဖက်တချက်က ဘန်​ကောက်ရဲ့ရှုမငြီးအလှကိုခံစားရင်း ည​နေ​လေတဖြူးဖြူးထဲမှာ ညစာသုံး​ဆောင်ပါမယ်…

Day 6 မှာ ဘန်​ကောက်က​နေ ပတ္တယားကမ်း​ခြေမြို့ကို ညအိပ်သွားပါမယ်… ဒီ​နေ့ Plan မှာ Nong Nooch Pattaya Garden ကြီးကို ဝင်​ရောက်လည်ပတ်တာပါပါတယ်… 

Day 7 မှာ​​​တော့ Pattaya က​နေ Bangkok မှာရှိတဲ့​လေဆိပ်ကိုသွားပြီး ထိုင်းနိုင်ငံက​နေ ထွက်ခွာမှာဖြစ်ပါတယ်… ​လေဆိပ်ကို​ရောက်ရင်​တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်​ဆောင်မှု​တွေ ပြီးဆုံးမှာဖြစ်ပါတယ်…

လေယာဥ်ချိန်​ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ရက်အတိုအရှည်​ပြောင်းလဲနိုင်သလို မိမိစိတ်ကြိုက် Itinerary ကိုလည်း MIC က လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်​ရေးဆွဲ​ပေးပါတယ်…

Other Tours to Thailand

Bangkok Grand Palace complex, one of Thailand’s most famous landmarks and top tourist attractions

City to Coast: Bangkok & Pattaya

5 DAYS . 2 DESTINATIONS

Top Highlight ​တွေကို ထိ​တွေ့မယ့် Bangkok Sightseeing ၊ ကမ္ဘာ့အ​လှဆုံးပန်းခြံကြီးတစ်ခုဖြစ်တဲ့ Nong Nooch Garden ၊ ​ပျော်စရာ​ကောင်းတဲ့ ပတ္တယားကမ်း​ခြေမြို့တို့ကို လည်ပတ်မယ့် ဒီခရီးစဥ်က Shopping နဲ့ ​​အေး​အေး​ဆေး​ဆေးလည်ပတ်ချင်သူ​တွေအတွက် သင့်​တော်ပါတယ်… လည်ပတ်စရာများပြားတဲ့ထိုင်းနိုင်ငံရဲ့ ​အခြား Highlight ​တွေကိုထပ်ဖြည့်ချင်ရင် (ဒါမှမဟုတ်) ကိုယ်ရဲ့အားလပ်ရက်အတိုအရှည်​ပေါ်မူတည်ပြီး ပြင်ဆင်ချင်ရင်လည်း MIC က အ​သေးစိတ်ပြင်ဆင်စီစဥ်​ပေးပါတယ်…

City to Coast: Bangkok & Pattaya

5 DAYS . 2 DESTINATIONS

Top Highlight ​တွေကို ထိ​တွေ့မယ့် Bangkok Sightseeing ၊ ကမ္ဘာ့အ​လှဆုံးပန်းခြံကြီးတစ်ခုဖြစ်တဲ့ Nong Nooch Garden ၊ ​ပျော်စရာ​ကောင်းတဲ့ ပတ္တယားကမ်း​ခြေမြို့တို့ကို လည်ပတ်မယ့် ဒီခရီးစဥ်က Shopping နဲ့ ​​အေး​အေး​ဆေး​ဆေးလည်ပတ်ချင်သူ​တွေအတွက် သင့်​တော်ပါတယ်… လည်ပတ်စရာများပြားတဲ့ထိုင်းနိုင်ငံရဲ့ ​အခြား Highlight ​တွေကိုထပ်ဖြည့်ချင်ရင် (ဒါမှမဟုတ်) ကိုယ်ရဲ့အားလပ်ရက်အတိုအရှည်​ပေါ်မူတည်ပြီး ပြင်ဆင်ချင်ရင်လည်း MIC က အ​သေးစိတ်ပြင်ဆင်စီစဥ်​ပေးပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.