ဒီခရီးစဥ်မှာ လာအိုနိုင်ငံရဲ့ Top Highlight တွေကို အဓိကထားပြီး လည်ပတ်မှာပါ… Tour Length က သက်တောင့်သက်သာဖြစ်တဲ့ ၅ ညအိပ် – ၆ ရက်ပါ… လာအိုနိုင်ငံအတွင်းမှာ မြို့တော်ဖြစ်တဲ့ ဗီယန်ကျင်းမြို့ (Vientiane) ကိုရောက်ရှိမှုနဲ့အတူ ခရီးစဥ်ကိုစတင်မှာဖြစ်ပြီး သမိုင်းဝင်တောင်ပေါ်မြို့ဖြစ်တဲ့ လွမ်ပရာဘမ် (Luang Prabang) ကနေထွက်ခွာတာနဲ့အတူခရီးစဥ်ကို အဆုံးသတ်မှာပါ..
ဒီ Tour Itinerary အတိုင်းမလည်ဘဲ မိမိရဲ့ အားလပ်ရက်ကာလအတိုအရှည်၊ ခရီးစဥ် Budget နဲ့ မိမိလည်ပတ်ချင်တဲ့နေရာတွေ ပေါ်မူတည်ပြီး မိမိစိတ်တိုင်းကျ Customised Tour Plan တွေကိုလည်း မိတ်ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်ရေးဆွဲပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစကနေအဆုံးထိ အမှားအယွင်းမရှိ၊ အလေအလွင့်မရှိ အသေးစိတ်စီစဥ်ပေးပါတယ်…
ဗီယန်ကျင်းက လာအိုနိုင်ငံရဲ့မြို့တော်အပြင် အရှေ့တောင်အာရှရဲ့ သက်တမ်းရင့်မြို့တော်တခုပါ… ပြီးတော့ လာအို-ထိုင်းနယ်နိမိတ်ပေါ်မှာတည်ရှိလို့ International Border ပေါ်မှာတည်ရှိတဲ့ ရှားရှားပါးပါးနိုင်ငံ့မြို့တော်တွေထဲကတစ်ခုလည်း ဖြစ်ပါတယ်… အခုအချိန်မှာ ဗီယန်ကျင်းကခေတ်သစ်ထဲကို ခြေလှမ်းကျဲကျဲနဲ့ အလျင်အမြန်တိုးဝင်နေတာမို့ ဓလေ့ယဥ်ကျေးမှုတွေနဲ့ Changing Society တစ်ခုရဲ့ပုံရိပ်တွေ ရောပြွမ်းနေတဲ့ အရမ်းစိတ်ဝင်စားစရာ Destination တစ်ခုဖြစ်လို့နေပါတယ်…
Vang Vieng မြို့ရဲ့ Highlight တွေက မြို့ဝန်းကျင်က အံ့မခန်းသဘာဝအလှတွေပါ… စိမ်းစိမ်းစိုစို ထိုးထိုးထောင်ထောင်နဲ့ မတ်စောက်လှတဲ့ ကျောက်တောင်နဲ့တောင်တန်းအမြင့်ကြီးတွေ၊ ထုံးကျောက်လှိုဏ်ဂူကြီးတွေနဲ့ Nam Xong River တို့က ဗန်ဗီယန်ရဲ့ တန်ဖိုးဖြတ်မရတဲ့ရတနာတွေပါဘဲ… အဲ့ဒါတွေအပြင် အဲ့ဒီနေရာတွေမှာ Outdoor Activity အလန်းစားတွေကို တခုပြီးတခုဆက်တိုက် စိတ်ကြိုက်လုပ်ပြီး ပျော်ရွှင်ရတာတွေကြောင့် ဒီမြို့က Outdoor Activity Fan တွေရဲ့ Top Choice တွေထဲက တခုဖြစ်ပါတယ်…
လွမ်ပရာဘမ်မြို့က UNESCO World Heritage Site ၊ ရှေးဟောင်းလင်းဇင်းပြည် (Lan Xang Kingdom) ရဲ့မြို့တော်ဟောင်းနဲ့ လာအိုယဥ်ကျေးမှုစတင်ရာနေရာဖြစ်ပါတယ်… အခုခေတ်မှာတော့ ပြင်သစ်ကိုလိုနီခေတ်ဗိသုကာတွေ၊ လာအိုဟန်တွေ၊ ထေရဝါဒဘုန်းတော်ကြီးကျောင်းတွေ၊ အဆင့်ဆင့်အထပ်ထပ်နဲ့ အရမ်းလှပတဲ့ကွမ်စီရေတံခွန် (Kuang Si Waterfalls) လိုမျိုး သဘာဝအလှတွေ စတာတွေနဲ့ လွမ်ပရာဘမ်က လာအိုနိုင်ငံကိုလည်ပတ်တဲ့ Tour Plan တိုင်းရဲ့ မပါမဖြစ်အစိတ်အပိုင်းတစ်ခုပါ…
ဒုတိယနေ့မှာတော့ ဒီခရီးစဥ်ရဲ့ Highlight တစ်ခုဖြစ်တဲ့ ကျည်ဆန်ရထားကိုစီးပြီး ဗန်ဗီယန်မြို့ကိုသွားပါမယ်… ဗန်ဗီယန်ကိုရောက်ရင် ဟိုတယ် Check-in ဝင်ပါမယ်… နေ့လည်မှာတော့ ဒီမြို့ရဲ့နာမည်ကြီး Activity တစ်ခုဖြစ်တဲ့ Hot-Air Balloon စီးပြီး သဘာဝရဲ့အံ့ဘနန်းအလှတွေကို ခံစားပါမယ်…
တတိယနေ့က ဗန်ဗီယန်ရဲ့ နာမည်ကျော် Outdoor Activity တွေရဲ့နေ့ပါ… ဒီနေ့ရဲ့ Plan က Water Cave ၊ Zipline ၊ Kayaking ၊ Blue Lagoon ၊ Nam Xay Viewpoint တို့ဖြစ်ပါတယ်…
Day 4 မှာတော့ လွမ်ပရာဘမ်မြို့ကို ကျည်ဆန်ရထားနဲ့သွားပါမယ်… လွမ်ပရာဘမ်ကိုရောက်ရင် လမ်းလျှောက်လည်ပတ်လို့ အရမ်းကောင်းမွန်တဲ့ ဒီမြို့မှာ ကိုယ့်စိတ်တိုင်းကျ ကိုယ်ပိုင်လည်ပတ်ပါမယ်… လည်ပတ်တဲ့အခါ လွယ်ကူအောင် MIC က အသေးစိတ် ကူညီညွှန်ကြားပြသပေးပါတယ်…
Day 5 မနက်ပိုင်းမှာတော့ မဲခေါင်မြစ် (Mekong River) ကိုဆန်တက်ပြီး Pak Ou လှိုဏ်ဂူတွေဆီကို အလည်သွားမှာပါ… အပြင်အဆင်မရှိဘဲ နဂိုအတိုင်းလေးရှိနေတဲ့ Pak Ou Cave တွေထဲမှာ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်အဟောင်းတွေကိုတွေ့ရမှာပါ… နေ့လည်ပိုင်းမှာတော့ အရှေ့တောင်အာရှရဲ့ အလှဆုံးရေတံခွန်တွေထဲကတစ်ခုဖြစ်တဲ့ Kuang Si Waterfalls ကို အလည်သွားမှာပါ…
Day 6 မှာတော့ Luang Prabang International Airport ကိုသွားပြီး လာအိုနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပါတယ်… လေဆိပ်ကိုရောက်ရင်တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်ဆောင်မှုတွေ ပြီးဆုံးမှာဖြစ်ပါတယ်…
လေယာဥ်ချိန်ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ရက်အတိုအရှည်ပြောင်းလဲနိုင်သလို မိမိစိတ်ကြိုက် Itinerary ကိုလည်း MIC က လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်ရေးဆွဲပေးပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.