Home > Destinations > Cambodia > Timeless Laos Heritage

The Best of Cambodia

Culture Tour

Phnom Penh, Siem Reap

5 Nights, 6 Days

Angkor Wat, the most recommended and unmissable place to visit in Sieam Reap, Cambodia

Trip Overview

  • Cultural Sightseeing
  • Destinations: Phnom Penh, Siem Reap
  • UNESCO World Heritage Site: Angkor Archaeological Park

CAMBODIA
MOSAIC
HERITAGE

ဒီ ၅ညအိပ်-၆ရက် ခရီးစဥ်​လေးက Cambodia ရဲ့ Top Highlight ​တွေကို ထိ​တွေ့မယ့် ခရီး​လေးပါ… ခရီးစဥ်ကို မြို့​တော်ဖြစ်တဲ့ ဖနွမ်ပင် (Phnom Penh) မှာ စတင်ပါမယ်… ဖနွမ်ပင်မှာ လည်ပတ်ပြီးရင် Siem Reap (ဆီယမ်ရိ) မြို့ကိုကားနဲ့သွားမှာပါ… အဲ့ဒီလမ်းက လမ်း​ကောင်းပြီး လမ်းတ​လျှောက် ခမာ​ကျေးရွာ​တွေမပြတ်သ​လောက်ရှိလို့ ခမာ​တို့ရဲ့ကျေးလက်ကမ္ဘာကို တစွန်းတစမြင်ရမှာပါ… ဆီယမ်ရိမှာ​​တော့ UNESCO ရဲ့ ကမ္ဘာ့ယဥ်​ကျေးမှုအ​မွေအနှစ်စာရင်းဝင် ကမ္ဘာ​ကျော်အန်​ကောဝပ်​ကျောင်း​တော်အပါအဝင် Highlight ​တွေကို လည်ပတ်​လေ့လာမှာပါ… Departure ကိုတော့ Siem Reap မြို့ရဲ့ Angkor International Airport က​နေ ထွက်ခွာမှာဖြစ်ပါတယ်…

ဒီ Itinerary ​လေးက ပင်ပန်းတာ​တွေမဖြစ်​စေဘဲ အားလပ်ရက်ခရီးပုံစံနဲ့ ​​အေး​အေးလူလူ လည်ပတ်​လေ့လာတဲ့ ပုံစံမျိုး​လေးပါ… ခရီးစဥ်ကလည်း ၅ညအိပ်-၆ရက်မို့လို့ မတိုမရှည်​လေးပါ… ဒီခရီးစဥ်အတိုင်းမလည်ဘဲ မိမိရဲ့ အားလပ်ရက်ကာလအတိုအရှည်၊ ခရီးစဥ် Budget နဲ့ မိမိလည်ပတ်ချင်တဲ့​နေရာ​တွေ ​ပေါ်မူတည်ပြီး အ​ကောင်းဆုံး၊ အထိမိဆုံး၊ ကုန်ကျစရိတ်နဲ့အချိန်အကျစ်လျစ်ဆုံး လည်ပတ်ဖို့အတွက် Customised Tour Plan ​တွေကိုလည်း မိတ်​ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်​ရေးဆွဲ​​ပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစက​နေအဆုံးထိ အမှားအယွင်းမရှိ၊ အ​​လေအလွင့်မရှိ အ​သေးစိတ်စီစဥ်​ပေးပါတယ်…

Destination Overview

Phnom Penh, the capital and tour attraction of Cambodia

Phnom Penh (ဖနွမ်ပင်)

Phnom Penh က က​မ္ဘောဒီယားနိုင်ငံရဲ့မြို့​တော်ဖြစ်ပြီး​ လျင်မြန်တဲ့အရှိန်တခုနဲ့ ​ပြောင်းလဲ​နေပါတယ်… ဒီမြို့ရဲ့မြို့​တော်သက်တမ်းကလည်း နှစ်​ပေါင်း ၆၀၀ နီးပါးရှိ​တော့ အ​တွေ့အကြုံကြွယ်ဝတဲ့ သက်တမ်းရင့်မြို့ကြီးတမြို့ပါ… အ​​ရှေ့​တောင်အာရှရဲ့ Highlight ​​တွေထဲကတခုဖြစ်တဲ့ ဖနွမ်ပင်မြို့က သမိုင်း​ခြေရာအထပ်ထပ်နဲ့ ​၂၁-ရာစု​ခေတ်သစ်​ရေစီး​ကြောင်း​တွေ​ ရော​နှော​နေတဲ့ Narrative တခုမို့ Travel Itinerary ​တွေထဲမှာ မပါမဖြစ်​နေရာတခုအဖြစ် နာမည်ကြီးပါတယ်…

Bayon Temple, one of the best things to do in Siem Reap, Cambodia

Siem Reap (ဆီယမ်ရိ)

ဆီယမ်ရိမြို့က​တော့ ကမ္ဘာ​ကျော်အန်​ကောဝပ်​ကျောင်း​တော်ကြီးတည်ရှိတဲ့မြို့ပါ… ဒီဘုရား​ကျောင်းက UNESCO စာရင်းဝင် Angkor Archaeological Park (အန်​ကော​ရှေး​ဟောင်းသုသ​တေသနဥယျာဥ်) ထဲမှာရှိပြီး သူ့ပတ်ဝန်းကျင်မှာ သူ့လို​ရှေး​ဟောင်း Temple ​တွေနဲ့မို့ Siem Reap မြို့ကို ​တကမ္ဘာလုံးအလည်လာကြပါတယ်… လည်ပတ်လို့အရမ်း​ကောင်းတဲ့ဒီမြို့ရဲ့ည​နေခင်းစည်းချက်တခုဖြစ်တဲ့ Pub Street ကလည်း အပန်း​ပြေ​ပျော်ရွှင်စရာည​နေခင်းတွေအတွက် အသက်ဝင်လှတဲ့ဆွဲ​ဆောင်မှုတခုဖြစ်ပါတယ်…

Tour Itinerary

Phnom Penh

Phnom Penh မြို့က ဒီခရီးစဥ်ရဲ့အစပါ… ဒုတိယ​နေ့မှာ​တော့ ဖနွမ်ပင်မြို့ကို Full Day Sightseeing လုပ်ပါမယ်… က​မ္ဘောဒီးယားနိုင်ငံရဲ့ Royal Palace ရယ်၊ သူ့ရဲ့ယဥ်​ကျေးမှု Overview ကို ​မြင်​တွေ့​လေ့လာနိုင်တဲ့ National Museum ရယ်၊ သူ့ရဲ့ 1975-79 ကြမ်းတမ်းလှတဲ့ ပြည်တွင်းစစ်ကာလကို​ ​လေ့လာနိုင်တဲ့ S-21 Museum နဲ့ Killing Fields ရယ်ကို ​လေ့လာမှာပါ… အ​ရှေ့​တောင်အာရှကို လည်ပတ်​လေ့လာရင် က​မ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုတို့ရဲ့ ရှည်လျားတဲ့ပြည်တွင်းစစ်သမိုင်းကို ချန်လှပ်ထားလို့မရပါဘူး…

Siem Reap

Day 3 မှာ ဖနွမ်ပင်မြို့က​နေ ဆီယမ်ရိမြို့ကို ကားနဲ့သွားပါမယ်… မြို့နှစ်မြို့ကြားက ခမာ​ကျေးလက်တခွင်လုံးက 1970 က​နေ 1980 မတိုင်ခင်​လေးအထိ ကြမ်းတမ်းတဲ့စစ်​မြေ​ပြင်ဖြစ်ခဲ့ပါတယ်… အခု​တော့ ​ကောင်းမွန်​ချော​​​မွေ့တဲ့လမ်းမကြီးရယ်၊ တိတ်ဆိတ်ငြိမ်သက်​နေတဲ့ ခမာ​ကျေးလက်ရယ်၊ လမ်းတ​လျှောက်အဆက်မပြတ်တဲ့ ရွာ​တွေရယ်​တွေ​က ​ခေတ်​ဟောင်းသမိုင်းနဲ့ ဘာမှမပတ်သက်သလိုပါဘဲ…

Day 4 က​တော့ Angkor Archaeological Park ထဲက ကမ္ဘာ​ကျော်တဲ့ ​အံ့ဘနန်းရှေး​ဟောင်းခမာဗိသုကာ​တွေကို ​လေ့လာခံစားမှာပါ… ဒီ​နေ့ Sightseeing မှာ အန်​ကောဝပ် (Angkor Wat)၊ ​ဘေယွန်ဘုရား​ကျောင်း (Bayon Temple)၊ ထပရွမ်ဘုရားကျောင်း (Ta Phrom) နဲ့ Angkor Thom (​ရှေးခမာမြို့​တော်​ဟောင်း) တို့ ပါဝင်ပါတယ်… အဲ့ဒီ Monument ​တွေက နှစ်​ပေါင်း ၈၀၀ နဲ့အထက်သက်တမ်းရှိကြပါတယ်…

Day 5 မှာ​တော့ Phnom Kulen ​လို့​ခေါ်တဲ့ သဲ​ကျောက်​တောင်ကုန်းကြီးနဲ့ ဘန်​တေးစ​ရေးဘုရားကျောင်း (Banteay Srei Temple) ကို အလည်သွားပါမယ်… Phnom Kulen က လွန်ခဲ့တဲ့နှစ်​ပေါင်း ၁၂၀၀ ​ကျော်​လောက်က ခမာဘုရင်​ ဒုတိယ​မြောက်ဇေယျဝါမန် (Jayavarman II) က အဲ့ဒီ​ဒေသကို ​ရှေး​ဟောင်းဂျားဗားပြည် (Java) က​နေ လွတ်လပ်​ရေး​ကြေငြာခဲ့တဲ့ ခမာ​အောင်​မြေပါ… အဲ့ဒီလွတ်လပ်ရေး​ကြေငြာတာက အင်ဒိုချိုင်းနားတခုလုံးကိုလွှမ်းမိုးမယ့် အန်​ကော​ခေတ်ရဲ့အစပါဘဲ… Banteay Srei က​တော့ ၁၀-ရာစု (လွန်ခဲ့တဲ့နှစ် ၁,၀၀၀) မှာတည်ခဲ့တဲ့ အလွန်တရာလက်ရာမြောက်လှတဲ့ ဟိန္ဒူဘုရား​ကျောင်းပါ… 

Day 6 မှာ​တော့ ဟိုတယ် Checkout ထွက်ပြီး Departure အတွက် Angkor International Airport ကို သွားပါမယ်… ​လေဆိပ်ကို​ရောက်ရင်​တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်​ဆောင်မှု​တွေ ပြီးဆုံးမှာဖြစ်ပါတယ်…

လေယာဥ်ချိန်​ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ရက်အတိုအရှည်​ပြောင်းလဲနိုင်သလို မိမိစိတ်ကြိုက် Itinerary ကိုလည်း MIC က လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်​ရေးဆွဲ​ပေးပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.