Siem Reap နဲ့ ပတ်သက်ပြီး သိမှတ်စရာ ၄ ခု

July 13, 2026     |     Amy

Angkor Wat at sunrise
UNESCO စာရင်းဝင် အံ့ဘနန်း အန်​ကောဝပ်

ကမ္ဘောဒီးယားနိုင်ငံမှာ လည်ပတ်လို့ အကောင်းဆုံးနေရာကို ပြပါဆိုရင် ဆီယမ်ရိကိုပြရမှာပါ… ပြီး​တော့ ဆီယမ်ရိမြို့က ကမ္ဘာပေါ်မှာ အရမ်းကျော်ကြားတဲ့ ရှေးဟောင်းခမာဘုရားကျောင်း အန်ကောဝပ် (Angkor Wat) ကို လည်ပတ်ဖို့ တံခါးပေါက်မြို့ပါ… 

ခမာအတိတ်တွေ ထုံမွှမ်းတဲ့ဒီမြို့မှာ သမိုင်းအ​ထောက်အထား အ​ဆောက်အအုံ​တွေနဲ့ လည်ပတ်စရာ​တွေ ​​ပေါများတယ်… ​ဒေသခံ ခမာလူမျိုးတွေက ဖော်ရွေကြတယ်… ခရီးသွားတွေအတွက် လုံခြုံမှုရှိတယ်… စျေးနှုန်းသင့်တင့်ပြီး စားလို့ကောင်းတဲ့ စားသောက်ဆိုင်တွေ၊ ကဖေးတွေက မြို့ရဲ့ဟိုးနားသည်နားမှာ အနှံ့ဘဲ…

ဆီယမ်ရိက သာမန်တော့မဟုတ်ပါဘူး… ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး လည်ပတ်စရာ နေရာတွေထဲမှာပါတယ်… ဒီမြို့ကို လည်မယ်ဆို တချို့အချက်တွေကို သိထားသင့်ပါတယ်… အဲ့ဒီထဲက တချို့ကို MIC နဲ့အတူ လေ့လာကြည်ရအောင်…

၁) ဆီယမ်ရိက ကမ္ဘောဒီးယားရဲ့ ဒုတိယအကြီးဆုံးမြို့…

Downtown Siem Reap, the top destination in Cambodia
ဆီယမ်ရိမြို့

ဆီယမ်ရိက ကမ္ဘောဒီးယားနိုင်ငံမှာ မြို့တော်ဖနွမ်းပင်ပြီးရင် အကြီးဆုံးမြို့ပါ… မြို့ရဲ့ လူဦးရေက ၁ သိန်း နဲ့ ၂ သိန်းကြားမို့လို့ လူ​နေမသိပ်သည်းပါဘူး… အဲ့ဒါကြောင့် ကားတွေနဲ့ပိတ်နေတဲ့ လမ်းတွေကို တွေ့ရမှာမဟုတ်ပါဘူး… ဒီအချက်က လူတိုင်းကြိုက်တဲ့ အချက်တစ်ခုပါ…

သူက ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း​တွေနဲ့ စည်ကားပြီး ခရီးသွားလုပ်ငန်းမြို့တော်လိုဖြစ်နေပါတယ်… တရားဝင်ကြေငြာထားတာတော့ မဟုတ်ပါဘူး…

၂) ဒီမြို့ရဲ့ အလယ်ကဖြတ်စီးနေတဲ့ ဆီယမ်ရိမြစ်က သဘာဝမြစ် မဟုတ်ပါဘူး…

Siem River in the city

မြို့ထဲလမ်းလျှောက်ရင် တွေ့ရတဲ့ ဆီယမ်ရိမြစ် (Siem Reap River) က လွန်ခဲ့တဲ့ နှစ် ၁,၀၀၀ ကျော်တုန်းက လူအင်အားသုံးပြီးတူးခဲ့တဲ့ ရေလမ်းကြောင်းကနေစခဲ့တာပါ… 

ဆီယမ်ရိမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ကူလန်တောင်ပေါ်ကနေ စီးနေတဲ့ ဖူးဝက်ခ်မြစ် (Puok River) ရဲ့ မြစ်ရေကို ရှေးဟောင်းအန်ကောမြို့ (Angkor) အတွက် မဟာဗျူဟာကျကျတူးပြီး ရေလမ်းဖော်ပေးခဲ့ကြတာပါ… ဒီစီမံကိန်းကို ရှေးခမာဘုရင်တွေအဆက်ဆက် လုပ်ခဲ့ကြတာပါ…

နှစ် ၁,၀၀၀ ကျော်လာတဲ့ အခုကာလမှာတော့ ဆီယမ်ရိမြစ်က တကယ့်မြစ်တစင်းရဲ့ ဣန္ဒြေအပြည့်နဲ့ ဖြစ်နေပါပြီ… သူ့ကြောင့်လည်း မြို့ထဲတဝိုက်က သာယာစိုပြည်နေတာပါ…

၃) ဆီယမ်ရိက လည်လို့ကောင်းတယ်…

Bayon Temple in Siem Reap
အံ့သြစရာဗိသုကာနဲ့ ​ဘေယွန်​ဘုရားကျောင်း​တော်

သူ့ရဲ့ အဓိကလည်ပတ်ရမယ့်နေရာက ကမ္ဘာကျော်အန်ကောဝပ် (Angkor Wat) ဘုရားကျောင်းတော်ကြီးပါဘဲ…

အန်ကောဝပ်ဆိုပေမယ့် သူတစ်ခုတည်းကို လည်ရမှာ မဟုတ်ပါဘူး… သူ့နားမှာ Bayon ဘုရားကျောင်းလိုမျိုး မလည်မဖြစ်ဆိုတဲ့ ဘုရားကျောင်းကြီးတွေ ရှိသေးတယ်… လွန်ခဲ့တဲ့ နှစ် ၈၀၀ ကျော်တုန်းက တည်ဆောက်ခဲ့တဲ့ အဲ့ဒီဘုရားကျောင်းတော်ကြီးတွေမှာ လေ့လာစရာတွေက မကုန်မခမ်းနိုင်စရာတွေပါ…

Siem Reap မှာက ရှေးဟောင်းဘုရားကျောင်းတွေချည်းဘဲ မဟုတ်ဘဲ တခြားလည်ပတ်စရာ၊ လေ့လာစရာတွေ ရှိပါသေးတယ်… 

ညနေတိုင်း၊ ညတိုင်းရဲ့ အကောင်းဆုံးနေရာဖြစ်တဲ့ Pub Street က အရမ်းမိုက်တယ်… Cambodia Landmine Museum ကလည်း ဗဟုသုတရတယ်… ဘန်တေးဆရေး လိပ်ပြာဥယျာဥ် (Banteay Srey Butterfly Centre) ကိုလည်း လူကြိုက်များတယ်…

အဲ့ဒီနေရာတွေအပြင် တခြားလည်စရာတွေလည်း ရှိလို့ အနောက်တိုင်းသားတွေက ဆီယမ်ရိမှာ ၄-၅ ရက်ကနေ တပတ်လောက်အထိ နေထိုင်လည်ပတ်တတ်ကြပါတယ်…

၄) ဆီယမ်ရိကိုလည်ပတ်တာက ကုန်ကျစရိတ် မကြီးပါဘူး…

Amy in Siem Reap, the gateway city to Angkor Wat and Bayon Temple in Cambodia

လည်ပတ်တဲ့အခါ ကုန်ကျစရိတ်က တယောက်နဲ့တယောက် မတူကြတာ သဘာဝပါ… ဒီနေရာမှာ အကြမ်းဖျင်းပြောလို့ရတာက ဆီယမ်ရိကို လည်ပတ်တာ ကုန်ကျစရိတ်အရမ်းမများပါဘူး ဆိုတာပါဘဲ… 

ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံကတော့ အင်ဒိုချိုင်းနားကျွန်းဆွယ် (Indochina Peninsula) မှာ ကုန်ကျစရိတ်အကြီးဆုံးပါ… သူ့နိုင်ငံသုံးငွေကြေး ရီယယ် (Riel) ရှိပေမယ့် အမေရိကန်ဒေါ်လာနဲ့သုံးလို့ရပါတယ်… ပြဿနာက ကုန်ပစ္စည်းတိုင်း စျေးကြီးတာပါ… ဘာမဆို ဒေါ်လာနဲ့ တွက်ပြီး ပေးရတာကြောင့်လည်း ပိုဆိုးပါတယ်…

ဒါ​​ပေမယ့် ထူးခြားတာက ဆီယမ်ရိမှာ စားသောက်ရသက်သာတဲ့ ဆိုင်ကြီးတွေ ရှိနေတာပါဘဲ… ဒီအချက်က လည်ပတ်သူတွေကို စိတ်ချမ်းသာစေပါတယ်…

ဟိုတယ်တွေကအမျိုးမျိုးရှိကြလို့ ကိုယ်တတ်နိုင်တဲ့ ဘတ်ဂျတ်ထဲ အံဝင်အောင် ရှာလို့ရပါတယ်…

ခြုံငုံပြီးကြည့်ရင် ဆီယမ်ရိကို လည်ပတ်ရတာ စရိတ်မထောင်းပါဘူး… မြန်မာလူမျိုးတွေက ဆီယမ်ရိကို သွားလည်ရင် ၂ ညအိပ်လောက်ဘဲ လည်ပတ်ကြတာမို့လို့ ကုန်ကျစရိတ်က ပြဿနာတစ်ခု မဟုတ်ပါဘူး…

Food in Siem Reap is colorful, reasonable, cheap, and tasty.
ဆီယမ်ရိမှာ စား​သောက်ရလွယ်ကူတယ်...

ဆီယမ်ရိကို မလိုအပ်တာတွေ လုံးဝမကုန်ကျဘဲ သက်သက်သာသာနဲ့ လည်ပတ်ချင်ရင်၊ နှစ် ၈၀၀ ကျော်သက်တမ်းရှိတဲ့ အန်ကောဝပ်တို့ ဘေယွန်ဘုရားကျောင်း (Bayon Temple) တို့ ရဲ့ သမိုင်းတွေနဲ့ အံ့မခန်းဗိသုကာအကြောင်းတွေ နဲ့ အခြားရသင့်တဲ့ ဗဟုသုတတွကေို လည်ပတ်ရင်း ရချင်ရင်၊ ကိုယ့်ဘတ်ဂျတ်အလိုက် အကောင်းဆုံးလည်ပတ်ချင်ရင် MIC ကိုသာ ဆက်သွယ်လိုက်ပါ…

MIC က ခရီးစဥ်အမျိုးမျိုးကို မိမိလိုချင်တဲ့ဘတ်ဂျတ်နဲ့ စနစ်တကျတွက်ချက်ပြီး အကောင်းဆုံးပုံစံရအောင် စီစဥ်ပေးတယ်… လည်ပတ်တဲ့အခါ ဗဟုသုတအမျိုးမျိုးကို မလစ်ဟင်းအောင် အကောင်းဆုံးကြိုးစားတယ်… MIC နဲ့ ခရီးတွေသွားပြီး အကောင်းဆုံးအတွေ့အကြုံတွေကို ဖြတ်သန်းလိုက်ပါ…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.