July 20, 2026 | Frank
လာအိုရဲ့နာမည်ကျော် Vang Vieng မြို့က ကျောက်တောင်တွေ၊ စိမ်းလန်းတဲ့တောင်တွေ ဝိုင်းနေတဲ့ကြားထဲက မြို့လေးပါ… သူ့ဘေးမှာ နမ်ဆောန် (Nam Song) မြစ်ကလည်း တသွင်သွင်စီးနေပါတယ်… ဒီမြစ်ရဲ့ပတ်ဝန်းကျင်မှာတော့ မိုးမတ်နေတဲ့ ကျောက်တောင်ကြီးတွေရယ်၊ လာအိုကျေးလက်မြင်ကွင်းရယ်တွေပါ…
Vang Vieng က ကမ္ဘာလှည့်ခရီးသည်တွေ (အထူးသဖြင့် ကမ္ဘာအနှံ့ကလူငယ်တွေ) နဲ့ စည်ကားအသက်ဝင်နေတတ်ပါတယ်…
ခရီးသွားလုပ်ငန်းမှာ နာမည်ကြီးပေမယ့် Vang Vieng က သူ့အတိုင်းဆို ဘာမှသိပ်ထွေထွေထူးထူးမရှိလှပါဘူး… မြို့ထဲမှာ ဟိုတယ်တွေ စားသောက်ဆိုင်ဆိုင်တွေများတယ်… အိမ်တွေက တခြားနေရာတွေမှာ တွေ့ရတာတွေထက် ပိုမထူးခြား… ညစျေးက သာမန်…
ဒါပေမယ့် မြို့အပြင်ခပ်လှမ်းလှမ်းတွေကို သွားရင်တော့ ဒီမြို့ဘာလို့နာမည်ကြီးတာကို တွေ့ပါပြီ… ကောင်းကင်ပြာပြာအောက်က မိုးမိုးမတ်မတ်ကျောက်တောင်၊ တောတောင်စိမ်းစိမ်းတွေနဲ့အလှက ထင်းခနဲပါဘဲ…
Vang Vieng နာမည်ကြီးတာ အရမ်းမိုက်တဲ့ရှုခင်းတွေကြောင့်သာမကဘဲ အားလပ်ရက် Activity တွေ စုံလင်တာကြောင့်လည်း ပါပါတယ်… Hot-air balloon စီးပြီး ထိုးထောင်နေတဲ့ကျောက်တောင်ကြီးတွေရဲ့ သဘာဝကိုမြင်ရတာ၊ တောင်တွေပေါ်တက်ပြီး သည်းထိတ်ရင်ဖိုခံစားရတဲ့ Zipline စီးရင်း အရမ်းလန်းတဲ့မြင်ကွင်းတွေကို ခံစားတာ၊ သာယာတဲ့ နမ်ဆောန် (Nam Song) မြစ်ရေတိမ်တိမ်မှာ မမေ့နိုင်စရာ Kayak လှေလှော်တာ၊ မြို့ရဲ့အပြင်ခပ်လှမ်းလှမ်းတွေက သိပ်ပြီးသာယာလှပတဲ့ Blue Lagoon (ရေအိုင်) တွေမှာ ရေကူးတာ၊ နမ်းစေး (Nam Xay) တောင်ထိပ်ကနေ ကြည့်မဝ ဓါတ်ပုံရိုက်မဝနိုင်အောင် အရမ်းလန်းတဲ့ ရှုခင်းကိုကြည့်တာ အစရှိသဖြင့် ပျော်စရာတွေများလို့ လာအိုရဲ့ နာမည်ကြီးနေရာတစ်ခု ဖြစ်နေတာပါ…
ဒီမြို့က အခုမှ ပေါ်လာတဲ့မြို့တော့ မဟုတ်ပါဘူး… ရှေးဟောင်းလင်းဇင်းပြည်ရဲ့ခေတ်၊ ၁၄ ရာစုကတည်းက ရှိနေခဲ့တာပါ… အဲ့ဒီခေတ်တွေတုန်းမှာ ဒီမြို့ကို မူဝမ်ဆောန် (Mouang Song) လို့ခေါ်ပါတယ်…
Vang Vieng ဆိုတဲ့ နာမည်ကတော့ ပြင်သစ်ကိုလိုနီခေတ် ၁၈၉၀ ထဲကနှစ်တွေမှာ ပြင်သစ်တွေက မှည့်ခေါ်ခဲ့တာလို့ဆိုပါတယ်…
ကျောက်တောင်ကြီးတွေရဲ့ နောက်ကွယ်မှာ တိတ်တိတ်ဆိတ်ဆိတ်လေးရှိနေခဲ့တဲ့ Vang Vieng က အတိတ်ကာလတစ်ခုလုံးမှာ ကုန်သွယ်ရေးဆုံချက်မြို့လေးပါ… အဲ့ဒီထက်လည်း သူကမပိုခဲ့ပါဘူး…
၁၉၉၀ ရဲ့ နှစ်တွေမှာတော့ လာအိုက ခရီးသွားလုပ်ငန်း (Tourism) ကို ဖွင့်လှစ်လိုက်ပါတယ်… အဲ့ဒီလိုနဲ့ Vang Vieng က ခရီးသွားလောကထဲ ရောက်လာပြီး စီးပွားစတင်ဖွံ့ဖြိုးလာပါတယ်…
ဒီစိမ်းစိုတဲ့ ပတ်ဝန်းကျင်ကို စပြီးလည်ပတ်ခံစားသူတိုင်း ကြိုက်နှစ်သက်ရာနေ ဒီမြို့လေးက တစစစည်ကားလာပါတယ်… အခုတော့ သူက လာအိုမှာ မလည်မဖြစ်နေရာတစ်ခု ဖြစ်နေပါပြီ…
Vang Vieng ရဲ့ ပတ်ဝန်းကျင်အလှတွေ၊ Holiday activity အလန်းစားတွေကို ခံစားချင်ရင်တော့ MIC ကို ဆက်သွယ်လိုက်ပါ… ခရီးစဥ်အမျိုးမျိုးကို လိုအပ်သလို ပြင်ဆင်ရေးဆွဲပေးပြီး မလိုအပ်တာ ဘာတစ်ခုမှ အကုန်အကျမရှိစေဘဲ အသက်သာဆုံး၊ စျေးအမှန်ဆုံးတွေနဲ့ နေရာအစုံကို ခရီးသွားဖို့ဆိုရင် MIC ကိုသာ ဆက်သွယ်လိုက်ပါ…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.