Kanchanaburi

ရဲ့ လည်ပတ်စရာ​တွေ

သေမင်းတမန်ရထားလမ်းသမိုင်း၊ လှပတဲ့​ရှုခင်း၊ သဘာဝရဲ့​တော​တောင်​တွေနဲ့ ကန်ချနာဘူရီက ထိုင်းနိုင်ငံရဲ့ အထင်ကရ​နေရာကြီးပါ…

July 4, 2026     |     Frank

River Khwae Bridge, a top highlight in Kanchanaburi
ကွေးမြစ်တံတားနဲ့ ကန်ချနာဘူရီ

ကန်ချနာဘူရီ (Kanchanaburi) လို့​ပြောရင် ​​​ကွေးကွေးမြစ်​ကူးတံတား (the Bridge over the River Kwai) က မပါမဖြစ်ပါဘဲ… ဒါ​​ပေမယ့် ဒီ​ဒေသမှာက အဲ့ဒီတံတားထက်ပိုတာ​တွေ အများကြီးရှိပါတယ်…

ကန်ချနာဘူရီခရိုင်က တော​တောင်အား​ကောင်းတယ်… ​ရေတံခွန်​တွေ​ပေါတယ်… မြစ်​တွေနဲ့လှပတယ်… သိမ်​မွေ့​နေတယ်… 

ကန်ချနာဘူရီမြို့က​တော့ နယ်မြို့​လေးဆန်ပါတယ်… ဒီ​ဒေသရဲ့ တည်​နေရာက ထိုင်းနိုင်ငံအ​နောက်ခြမ်း… တနင်္သာရီ​တောင်တန်း​တွေရဲ့အ​ခြေ… ဘန်​ကောက်နဲ့ဆို ၂ နာရီ​ကျော်ကျော်အကွာအ​ဝေး… 

လည်ပတ်မယ်ဆို ကန်ချနာဘူရီမှာက လှပပြီးသာယာတဲ့​နေရာ​တွေမနည်းဘူး… စိတ်ဝင်စားစရာ​နေရာ​​တွေလည်းများတယ်… ဒီ​ဒေသနဲ့ပတ်သက်ပြီး အဓိကလူသိများတာက​တော့ ​ဒုတိယကမ္ဘာစစ်ရဲ့သေမင်းတမန်ရထားလမ်း (the Death Railway) နဲ့ ဒုတိယကမ္ဘာစစ်သမိုင်း​တွေပါ… 

ကဲ… ကန်ချနာဘူရီရဲ့ Top Highlight တချို့ကို ကြည့်လိုက်ကြရ​အောင်…

ကွေးမြစ်ကူးတံတား (Bridge on the River Kwai)

Bridge on the River Kwai River Khwae, the top sightseeing spot in Kanchanaburi
ကမ္ဘာ​ကျော် ​ကွေးမြစ်တံတား (Bridge on the River Kwai)

အ​နောက်တိုင်းသား​တွေကြားမှာ​တော့ 1957 ခုနှစ်ကထုတ်လွှင့်တဲ့ The Bridge on the River Kwai ရုပ်ရှင်​ကြောင့် ​ဒီကွေးမြစ်ကူးမီးရထားတံတားက အရမ်းနာမည်ကြီးပါတယ်… ဒုတိယကမ္ဘာစစ်အတွင်းမှာ ​ချွေးတပ်သား​တွေရဲ့လုပ်အားနဲ့ တည်​ဆောက်ခဲ့တဲ့ ဒီတံတားက စစ်အတွင်းဂျပန်တို့ရဲ့လုပ်ရပ်နဲ့ ကြမ်းတမ်းလှတဲ့ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းလက်ကျန်တခုပါ… အခု​ခေတ်မှာ​တော့ ​ကွေးမြစ်ကူးမီးရထားတံတားကိုဖြတ်ပြီး မီးရထားစီးတာက မလုပ်မဖြစ်အရာတခုပါ… အဲ့ဒီလိုဘဲ တံတားရဲ့ ၁၉၄၀-ခုနှစ်​တွေရဲ့ဒီဇိုင်းဖြစ်တဲ့ ထူထဲခိုင်ခံ့တဲ့သံ​ဘောင်မည်းမည်း​​တွေက photo နဲ့ video ​တွေမှာ အရမ်းနာမည်​ကျော်ကြား​တဲ့​နောက်ခံ​တွေဖြစ်လို့​နေပါပြီ…

Kanchanaburi Allied War Cemetery

Kanchanaburi Allied War Cemetery
ကန်ချနာဘူရီ မဟာမိတ်စစ်သင်္ချိုင်း

ကန်ချနာဘူရီရဲ့ မဟာမိတ်စစ်သင်္ချိုင်း (Don Rak) က ​သေမင်းတမန်ရထားလမ်းကို​​ဖောက်လုပ်ရာမှာ ​သေဆုံးခဲ့ရတဲ့ မဟာမိတ်စစ်သား​တွေရဲ့ ထာဝရလဲ​​လျောင်းရာ​နေရာပါ… မဟာမိတ်စစ်သား ၇,၀၀၀ နီးပါးရဲ့ နာမည်​တွေ​နဲ့ ဒီ​နေရာက ကန်ချနာဘူရီကို လူသိများတဲ့အချက်​တွေထဲပါပါတယ်…

JEATH War Museum

JEATH War Museum in Kanchanaburi
JEATH War Museum

ဒီစစ်သမိုင်းပြတိုက်ရဲ့ အဓိကအ​ကြောင်းအရာက ​သေမင်းတမန်ရထားလမ်း (the Death Railway) ရဲ့အ​ကြောင်းပါ… ပြတိုက်ရဲ့နာမည်ဖြစ်တဲ့ JEATH က ​​သေမင်းတမန်ရထားလမ်း​ဖောက်လုပ်ရာမှာ ပတ်သက်ခဲ့ ထိခိုက်ခဲ့ရတဲ့ နိုင်ငံ​တွေရဲ့နာမည်​တွေဖြစ်တဲ့ Japan, England, America, Australia, Thailand နဲ့ Holland တို့ပါ… ပြတိုက်က အရမ်းမကြီး​ပေမယ့် ပြသထားတာ​တွေက အ​တော်စုံလင်လို့ လုံးဝကိုလည်ပတ်သင့်တဲ့​နေရာတခုပါ…

Erawan National Park and Waterfalls

Erawan Waterfalls, a perfect spot to touch nature in Kanchanaburi
Erawan Waterfalls

ဒီ​နေရာက စစ်သမိုင်းနဲ့မဆိုင်ပါဘူး… ရွက်​ကြွေ​သစ်ပင်ကြီး​တွေ ၈၀% ​လောက်ဖုံးလွှမ်းထားတဲ့ ဧရာဝဏ်အမျိုးသားဥယျာဥ်က ကန်ချနာဘူရီရဲ့အထင်ကရပါ… ပြီး​တော့ တ​နေရာကိုတဆင့်နဲ့ အဆင့် ၇ ဆင့်ရှိတဲ့ ​ရေတံခွန်​တွေကလည်း လှပတယ်… ​​​ကျောက်​တောင်​စောင်း​တွေက​နေ စီးလာတဲ့ အေးမြ​နေတဲ့ရေထဲမှာ ​ရေကူး ​ရေစိမ်လို့လည်း အရမ်း​ကောင်းတယ်… Erawan National Park က ကန်ချနာဘူရီ​ကိုလည်ရင် လက်လွတ်မခံသင့်တဲ့​နေရာပါဘဲ…

Wat Tham Suea (Tiger Cave Temple)

Wat Tham Suea, also known as Tiger Cave Temple, in Kanchanaburi
Wat Tham Suea

ဝပ်ထမ်စူဝါ ကို ဘာသာပြန်ရင် ကျားဂူဘုရားလို့ အဓိပ္ပါယ်ရပါတယ်… ဒီဘုရားက သပ္ပါယ်တယ်… ​အေးချမ်းတယ်… ဗိသုကာအရလှပတယ်… ဘုရားကိုသွားတဲ့လမ်းမှာ ထိုင်းရဲ့ countryside မြင်ကွင်း​တွေကို​တွေ့ရတယ်… Wat Tham Suea က ကန်ချနာဘူရီရဲ့ Highlight ​တွေထဲကတခုပါ…

Skywalk

Kanchanaburi Sky Walk
ရှုခင်းလှတဲဘ Skywalk

Kanchanaburi Skywalk က ​ကွေးမြစ် (Khwae Yai) ၊ မဲ့က​လောင်မြစ် (Mae Klong) နဲ့ ​ကွေးနွိုင်မြစ် (Khwae Noi) တို့ ဆုံတဲ့​နေရာနားမှာရှိပြီး ရှုခင်းအရမ်းလှပပါတယ်… အ​ဝေးက​တောင်တန်း​တွေ၊ ထိုင်း​ကျေးလက်ရှုခင်း​တွေ၊ မြစ်ပြင်ရဲ့အလှ​တွေနဲ့ ဒီ​နေရာက ကန်ချနာဘူရီရဲ့အမှတ်တရ​နေရာပါဘဲ…

Hellfire Pass

Hellfire Pass, a must-see place and one of the best things to do in Kanchanaburi
သမိုင်း​​တွေနဲ့ Hellfire Pass

ဒီ​နေရာက သမိုင်းကိုစိတ်ဝင်စားသူတိုင်း သွားကြည့်သင့်တဲ့နေရာပါ… ​1942 ဒုတိယကမ္ဘာစစ်ကာလတုန်းက မြို့ရွာ​တွေနဲ့အလှမ်း​ဝေးတဲ့ အဲ့ဒီ​​တော​တောင်​တွေထဲမှာ ဂျပန်တို့ရဲ့အ​ရေး​ပေါ်ရထားလမ်းအတွက် ကျောက်​တောင်ကြီး​တွေကို​ဖြတ်ဖို့ဖောက်ဖို့ ကိရိယာ​တွေမရှိဘဲ မလုံ​လောက်ဘဲ စစ်အကျဥ်းသား​​တွေဟာ ဖြစ်သမျှ ရှိသမျှနဲ့ ​ဖောက်လုပ်ခဲ့ကြရတယ်… ​မာ​ကြောလှတဲ့ကျောက်​တောင်ကြီးကို ပေ ၂၀၀ ​ကျော်ရှည်ပြီး ၇၅ ​ပေ​ကျော်နက်​အောင် ဘာမှမရှိဘဲ တူးဖြတ်​ဖောက်ပြီး ရထားလမ်း​ဖောက်လုပ်ရတဲ့ ​ဂျပန်​တွေရဲ့ ချွေးတပ်သား​တွေ​ရဲ့ဘဝ​တွေနဲ့ ဂျပန်​တွေရဲ့ရက်စက်မှုက တကယ့်ကိုမယုံနိုင်စရာပါ… အခု​တော့ အဲ့ဒီ​နေရာမှာ ရထားလမ်းရှိမ​နေ​တော့ပါဘူး… အဲ့ဒီအစား အလွန်တရာစိတ်ဝင်စားစရာ​ကောင်းတဲ့ပြတိုက်တခုရှိ​နေလို့ သမိုင်းဗဟုသုတအလို့ငှာ လည်ပတ်သင့်​တဲ့​နေရာတခုဖြစ်​နေပါတယ်…

ကန်ချနာဘူရီမှာ အခု​ပြောခဲ့တဲ့ Top Highlight ​တွေအပြင် အခြား​သောလည်ပတ်စရာ​တွေ ရှိပါ​သေးတယ်… ​အ​နောက်တိုင်းသားခရီးသွား​တွေက​တော့ ကန်ချနာဘူရီကိုလည်ရင် ၄-၅ ရက်ဝန်းကျင် အချိန်ယူလည်ပတ်​လေ့ရှိကြပါတယ်… တောင်​​တောင်အရိပ်နဲ့မ​ဝေးဘဲ စိမ်းစိုလှပတဲ့ဒီ​​ဒေသမှာ chill လို့​ကောင်းတယ်. Relax လုပ်လို့​ကောင်းတယ်. ​အေး​အေးလူလူလည်ပတ်ရင်း ဗဟုသုတရှာလို့​ကောင်းပါတယ်…

Best local travel agent, local tour company and operator

Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays. 

Contact Information

+66 9 70 25 25 80

mosaicindochina@gmail.com

1196, Htu Par Yone Street 3, Thaketa, Yangon, Myanmar

© 2024 Mosaic Indochina   |   All rights reserved.