3 Days / 3 Nights
2 Days / 1 Night
ဒီခရီးစဥ်လေးက ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မြို့နဲ့ နာမည်ကြီး Beach တစ်ခုဖြစ်တဲ့ ပတ္တယားကမ်းခြေမြို့တို့ကို ၄ ညအိပ် – ၅ ရက်နဲ့ လည်ပတ်တဲ့ Plan လေးပါ… မတိုလွန်း မရှည်လွန်းတဲ့ ဒီခရီးစဥ်မှာ Cultural Sightseeing ၊ Ocean World ၊ Theme Park ၊ Dinner Cruise ၊ Shopping ၊ Tropical Garden နဲ့ Beach တို့ကို သက်တောင့်သက်သာလည်ပတ်နိုင်အောင် စနစ်တကျအစီအစဥ်ဆွဲထားပါတယ်… ထိုင်းနိုင်ငံအတွင်းမှာတော့ ဘန်ကောက်မှာ ခရီးစဥ်စတင်ပါမယ်… Day 5 မှာတော့ ဘန်ကောက်ကနေဘဲ ပြန်လည်ထွက်ခွာပြီး ခရီးစဥ်ပြီးဆုံးပါမယ်…
Destination နဲ့ Highlight တွေများပြားတဲ့ ထိုင်းနိုင်ငံကို အကောင်းဆုံး၊ အထိမိဆုံး၊ ကုန်ကျစရိတ်နဲ့အချိန်အကျစ်လျစ်ဆုံး လည်ပတ်ဖို့အတွက် Customised Tour Plan တွေကိုလည်း မိတ်ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်ရေးဆွဲပေးပါတယ်… အဲ့ဒီအပြင် မိမိရဲ့အားလပ်ရက်အတိုအရှည်၊ ခရီးစဥ်၊ Budget နဲ့ မိမိလည်ပတ်ချင်တဲ့နေရာတွေပေါ်မူတည်ပြီး Tour Plan ကို လိုအပ်သလို MIC က ပြင်ဆင်ရေးဆွဲပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစကနေအဆုံးထိ အမှားအယွင်းမရှိ၊ အလေအလွင့်မရှိ အသေးစိတ်စီစဥ်ပေးပါတယ်…

ထိုင်းနိုင်ငံရဲ့မြို့တော် Bangkok က အင်ဒိုချိုင်နားကျွန်းဆွယ်တစ်ခုလုံးရဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်... သူက မိုးမျှော်အဆောက်အအုံကြီးတွေအမြောက်အများနဲ့ ခေတ်မှီဆန်းသစ်တယ်... ဒီဘက်ရာစုခေတ်ရဲ့ နည်းပညာထွန်းကားတယ်... တမြို့လုံးက International ဆန်တယ်... အမြဲစည်ကားတယ်... သပ်ရပ်သန့်ရှင်းမှုရှိတယ်... ဒါပေမယ့် ၂၁-ရာစုရဲ့ အဲ့ဒီခေတ်မှီတိုးတက်မှုတွေနဲ့အပြိုင် ထိုင်းရိုးရာဟန်ပန်တွေကလည်း နေရာအနှံ့တည်တံ့နေဆဲဖြစ်ပြီး ဓလေ့ရိုးရာ၊ ခေတ်သစ်၊ ရိုးရာသစ်တွေနဲ့ ကြွယ်ဝခမ်းနားတဲ့မြို့ကြီးဖြစ်ပါတယ်...

လှပတဲ့ ကမ်းခြေမြို့ဖြစ်တဲ့ Pattaya က ထိုင်းနိုင်ငံရဲ့ နာမည်ကြီးကမ်းခြေမြို့တွေထဲက တစ်မြို့ပါ... လှပကြည်လင်တဲ့ပင်လယ်ရေနဲ့ Nightlife တွေကြောင့်ပတ္တယားမြို့က ခရီးသွားတွေနဲ့အမြဲစည်ကားပါတယ်... သူ့အနားက Nong Nooch Pattaya Garden ကတော့ မြေဧက ၅၀၀ ကျော်မှာ အပင်မျိုးစိတ် ၁၂,၀၀၀ ကျော်ရဲ့ အပင်ပေါင်း ၁၈,၀၀၀ ကျော်ကို စိုက်ပျိုးပြသထားတဲ့ ဥယျာဥ်ကြီးပါ... ဒီဥယျာဥ်ကြီးက ကမ္ဘာပေါ်မှာ အရေးပါဆုံး၊ အကြီးမားဆုံးနဲ့ အလှပဆုံး အပူပိုင်းဒေသဥယျာဥ်ကြီးတွေထဲတစ်ခု ဖြစ်ပါတယ်...
ဘန်ကောက်ကို စရောက်တဲ့နေ့မှာ Ocean World ကိုလည်ပတ်ပါမယ်… ညနေပိုင်းမှာတော့ ဘန်ကောက်ရဲ့နာမည်ကြီးညစျေးကြီးတခုဖြစ်တဲ့ Jodd Fairs Night Market ကိုလည်ပတ်ပါမယ်… အဲ့ဒီနောက် ညစာသုံးဆောင်ပြီး ဟိုတယ်မှာညအိပ်အနားယူပါမယ်…
Day 2 မှာ The Grand Palace နဲ့ မြဘုရား (Emerald Buddha) ၊ ထိုင်းနိုင်ငံရဲ့အလှဆုံးဘုရားတစ်ဆူဖြစ်တဲ့ Wat Arun ၊ ခေတ်မှီလှပကြီးမားခမ်းနားတဲ့ ICONSIAM Shopping Mall တို့ကို Sightseeing လည်ပတ်ပါမယ်… ညနေစောင်းရဲ့အစီအစဥ်က ဘန်ကောက်မြို့ရဲ့နာမည်ကျော် Dinner Cruise ဖြစ်ပါတယ်… အရမ်းလှပသာယာတဲ့ ကျောက်ဖယားမြစ် (Chao Phraya River) မှာ Cruise စီးပြီး မြစ်တဖက်တချက်က ဘန်ကောက်ရဲ့ရှုမငြီးအလှကိုခံစားရင်း ညနေလေတဖြူးဖြူးထဲမှာ ညစာသုံးဆောင်ပါမယ်…
Day 3 မှာ ပျော်ရွှင်စရာ Activity တွေစုံလင်လှတဲ့ Theme Park ဖြစ်တဲ့ Dream World မှာ လည်ပတ်ဆော့ကစားအပန်းဖြေပါမယ်… နေ့လည်ကနေ ညနေစောင်းအထိမှာတော့ ဘန်ကောက်မြို့လယ်က နာမည်ကျော် Shopping Mall တွေဖြစ်တဲ့ MBK နဲ့ Central World တို့မှာ Shopping လုပ်ပါမယ်…
Day 4 မှာ ဘန်ကောက်ကနေ ပတ္တယားကမ်းခြေမြို့ကို ညအိပ်သွားပါမယ်… ဒီနေ့ Plan မှာ Nong Nooch Pattaya Garden ကြီးကို ဝင်ရောက်လည်ပတ်တာပါပါတယ်…
Day 5 မှာတော့ Pattaya ကနေ Bangkok မှာရှိတဲ့လေဆိပ်ကိုသွားပြီး ထိုင်းနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပါတယ်… လေဆိပ်ကိုရောက်ရင်တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်ဆောင်မှုတွေ ပြီးဆုံးမှာဖြစ်ပါတယ်…
လေယာဥ်ချိန်ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ရက်အတိုအရှည်ပြောင်းလဲနိုင်သလို မိမိစိတ်ကြိုက် Itinerary ကိုလည်း MIC က လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်ရေးဆွဲပေးပါတယ်…
7 DAYS . 4 DESTINATIONS
ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင် နဲ့ ပတ္တယားကမ်းခြေတို့ရဲ့ Highlight တွေကို လည်ပတ်မယ့် ဒီခရီးစဥ်က ထိုင်းနိုင်ငံရဲ့ သမိုင်း၊ ယဥ်ကျေးမှု၊ ထေရဝါဒဗုဒ္ဓဘာသာနဲ့ လှပတဲ့ပင်လယ်ကမ်းခြေတို့ကို ထိတွေ့ချင်သူတွေအတွက် အလွန်သင့်တော်ပါတယ်… အဲ့ဒီအပြင် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့အားလပ်ရက်အတိုအရှည်၊ ကိုယ်လည်ပတ်ချင်တဲ့နေရာတွေ၊ ကိုယ်သုံးချင်တဲ့ Budget တွေပေါ်မူတည်ပြီးလည်း MIC က ခရီးစဥ်ကို လိုအပ်သလိုပြင်ဆင်ရေးဆွဲပေးပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.