Culture
Tour
Bangkok, Chiang Mai,
Pattaya
6 Nights
7 Days
Doi Inthanon
(2,565 m)
3 Days / 2 Nights
2 Days / 2 Nights
2 Days / 1 Night
ဒီခရီးစဥ်က ထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးအကြီးဆုံးမြို့လည်းဖြစ်တဲ့ ဘန်ကောက်မြို့၊ နိုင်ငံမြောက်ပိုင်းမှာအကြီးဆုံးဖြစ်တဲ့ နာမည်ကျော် ချင်းမိုင်မြို့ (Chiang Mai) ၊ လူကြိုက်များတဲ့ ပတ္တယားကမ်းခြေမြို့ (Pattaya) တို့ကို လည်ပတ်မယ့် ခရီးစဥ်ပါ… ကြာချိန်က ၆ ညအိပ် – ၇ ရက်မို့ မတိုမရှည်လေးပါ… ထိုင်းနိုင်ငံအတွင်းမှာ ချင်းမိုင်မြို့မှာ ခရီးစဥ်စတင်မှာဖြစ်ပြီး Departure ကိုတော့ Bangkok ကနေ ထွက်ခွာမှာဖြစ်ပါတယ်… ဒီ Plan က ထိုင်းနိုင်ငံရဲ့ Major Highlight တွေထဲက အတော်များများကို ထိတွေ့မှာမို့ အချိန်နဲ့ငွေကုန်ကျမှုကျစ်လျစ်ပါတယ်…
Destination နဲ့ Highlight တွေများပြားတဲ့ ထိုင်းနိုင်ငံကို အကောင်းဆုံး၊ အထိမိဆုံး၊ ကုန်ကျစရိတ်နဲ့အချိန်အကျစ်လျစ်ဆုံး လည်ပတ်ဖို့အတွက် Customised Tour Plan တွေကိုလည်း မိတ်ဆွေတို့လိုအပ်သလို MIC က စနစ်တကျပြင်ဆင်ရေးဆွဲပေးပါတယ်… အဲ့ဒီအပြင် မိမိရဲ့အားလပ်ရက်အတိုအရှည်၊ ခရီးစဥ်၊ Budget နဲ့ မိမိလည်ပတ်ချင်တဲ့နေရာတွေပေါ်မူတည်ပြီး Tour Plan ကို လိုအပ်သလို MIC က ပြင်ဆင်ရေးဆွဲပေးပါတယ်… လည်ပတ်တဲ့အခါမှာလည်း ခရီးစဥ်အစကနေအဆုံးထိ အမှားအယွင်းမရှိ၊ အလေအလွင့်မရှိ အသေးစိတ်စီစဥ်ပေးပါတယ်…

မြန်မာ့သမိုင်းမှာ ဇင်းမယ်လို့သိထားကြတဲ့ ချင်းမိုင်က ရှေးတချိန်က လန်းနားပြည် (Lanna Kingdom) ရဲ့ မြို့တော်ပါ... Lanna Kingdom ကတော့ တောင်တွေဝန်းရံထားတဲ့ ရှေးတိုင်းပြည်ဖြစ်ပြီး နှစ်ပေါင်း ၃၀၀ နီးပါးလောက်တည်တံ့ခဲ့ပါတယ်... ဒီခေတ်မှာတော့ ချင်းမိုင်က ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ အကြီးဆုံးမြို့ပါ... မြို့ကိုလွှမ်းခြုံထားတဲ့ ခေတ်သစ်မြို့ပြပုံရိပ်ရဲ့အလယ်မှာ The Phae Gate နဲ့ Wat Chedi Luang တို့လို သမိုင်းရဲ့အရိပ်တွေနဲ့ချင်းမိုင်က ခရီးသွားတိုင်းအကြိုက်တွေ့ကြတဲ့ Destination တခုဖြစ်ပါတယ်...

ထိုင်းနိုင်ငံရဲ့မြို့တော် Bangkok က အင်ဒိုချိုင်နားကျွန်းဆွယ်တစ်ခုလုံးရဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်... သူက မိုးမျှော်အဆောက်အအုံကြီးတွေအမြောက်အများနဲ့ ခေတ်မှီဆန်းသစ်တယ်... ဒီဘက်ရာစုခေတ်ရဲ့ နည်းပညာထွန်းကားတယ်... တမြို့လုံးက International ဆန်တယ်... အမြဲစည်ကားတယ်... သပ်ရပ်သန့်ရှင်းမှုရှိတယ်... ဒါပေမယ့် ၂၁-ရာစုရဲ့ အဲ့ဒီခေတ်မှီတိုးတက်မှုတွေနဲ့အပြိုင် ထိုင်းရိုးရာဟန်ပန်တွေကလည်း နေရာအနှံ့တည်တံ့နေဆဲဖြစ်ပြီး ဓလေ့ရိုးရာ၊ ခေတ်သစ်၊ ရိုးရာသစ်တွေနဲ့ ကြွယ်ဝခမ်းနားတဲ့မြို့ကြီးဖြစ်ပါတယ်...

လှပတဲ့ ကမ်းခြေမြို့ဖြစ်တဲ့ Pattaya က ထိုင်းနိုင်ငံရဲ့ နာမည်ကြီးကမ်းခြေမြို့တွေထဲက တစ်မြို့ပါ... လှပကြည်လင်တဲ့ပင်လယ်ရေနဲ့ Nightlife တွေကြောင့်ပတ္တယားမြို့က ခရီးသွားတွေနဲ့အမြဲစည်ကားပါတယ်... သူ့အနားက Nong Nooch Pattaya Garden ကတော့ မြေဧက ၅၀၀ ကျော်မှာ အပင်မျိုးစိတ် ၁၂,၀၀၀ ကျော်ရဲ့ အပင်ပေါင်း ၁၈,၀၀၀ ကျော်ကို စိုက်ပျိုးပြသထားတဲ့ ဥယျာဥ်ကြီးပါ... ဒီဥယျာဥ်ကြီးက ကမ္ဘာပေါ်မှာ အရေးပါဆုံး၊ အကြီးမားဆုံးနဲ့ အလှပဆုံး အပူပိုင်းဒေသဥယျာဥ်ကြီးတွေထဲတစ်ခု ဖြစ်ပါတယ်...
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကိုဆိုက်ရောက်တဲ့နေ့မှာ မြို့လယ်က ၁၄-ရာစု ရှေးဘုရားတွေဖြစ်တဲ့ Wat Chedi Luang နဲ့ Wat Phra Singh တို့ကို လည်ပတ်ဖူးမျှော်ပါမယ်… ထိုင်းနိုင်ငံမှာ အရမ်းနာမည်ကြီးတဲ့ မြဘုရားက ရှေး Lanna ပြည် ခေတ်ကောင်းစဥ်အခါမှာ ဒီဘုရားနှစ်ဆူမှာ ကိန်းဝပ်စံပယ်ဖူးတယ်လို့ ဆိုကြပါတယ်…
Day 2 ကတော့ Chiang Mai – Chang Rai – Chiang Mai Sightseeing နေ့ပါ… ဒီနေ့မှာ ချင်းရိုင်မြို့က The White Temple နဲ့ The Blue Temple ကို လည်ပတ်ဖူးမြော်ပါမယ်… ဒီဘုရားနှစ်ဆူက ထူးခြားဆန်းကြယ်တဲ့ ဗိသုကာလက်ရာတွေ ကြောင့် ကျော်ကြားပါတယ်… ဒီနေ့ Sightseeing မှာ အရမ်းသာယာလှပတဲ့ Akha Farmville ၊ စိမ်းစိုပြီး Fairy-Tale Setting ကြောင့် လူကြိုက်များတဲ့ Lallita Cafe တို့ကိုလည်း လည်ပတ်ပါမယ်… နေ့လည်စောင်းမှာတော့ ချင်းမိုင်ကိုပြန်ပါမယ်…
Day 3 မှာတော့ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ Doi Inthanon (ဒွိုင်အင်ထနွန်) တောင်ထိပ်ကို လည်ပတ်ပြီး ညနေလေယာဥ်နဲ့ ဘန်ကောက်မြို့ကို သွားပါမယ်…
Day 4 ကတော့ Bangkok Sightseeing ပါ… ဒီနေ့မှာ ပျော်ရွှင်စရာ Activity တွေစုံလင်တဲ့ Dream World ၊ High-Quality အဏ္ဏဝါပြတိုက်ဖြစ်တဲ့ Ocean World တို့ကို လည်ပတ်ပြီး Platinum Mall နဲ့ MBK Shopping Mall တို့မှာ Shopping လုပ်ပါမယ်…
Day 5 မှာ The Grand Palace နဲ့ မြဘုရား (Emerald Buddha) ၊ ထိုင်းနိုင်ငံရဲ့အလှဆုံးဘုရားတစ်ဆူဖြစ်တဲ့ Wat Arun ၊ ခေတ်မှီလှပကြီးမားခမ်းနားတဲ့ ICONSIAM Shopping Mall တို့ကို လည်ပတ်ပါမယ်… ညနေစောင်းရဲ့အစီအစဥ်က ဘန်ကောက်မြို့ရဲ့နာမည်ကျော် Dinner Cruise ဖြစ်ပါတယ်… အရမ်းလှပသာယာတဲ့ ကျောက်ဖယားမြစ် (Chao Phraya River) မှာ Cruise စီးပြီး မြစ်တဖက်တချက်က ဘန်ကောက်ရဲ့ရှုမငြီးအလှကိုခံစားရင်း ညနေလေတဖြူးဖြူးထဲမှာ ညစာသုံးဆောင်ပါမယ်…
Day 6 မှာ ဘန်ကောက်ကနေ ပတ္တယားကမ်းခြေမြို့ကို ညအိပ်သွားပါမယ်… ဒီနေ့ Plan မှာ Nong Nooch Pattaya Garden ကြီးကို ဝင်ရောက်လည်ပတ်တာပါပါတယ်…
Day 7 မှာတော့ Pattaya ကနေ Bangkok မှာရှိတဲ့လေဆိပ်ကိုသွားပြီး ထိုင်းနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပါတယ်… လေဆိပ်ကိုရောက်ရင်တော့ MIC ရဲ့ ခရီးစဥ်စီစဥ်ဝန်ဆောင်မှုတွေ ပြီးဆုံးမှာဖြစ်ပါတယ်…
လေယာဥ်ချိန်ပေါ်မူတည်ပြီး ခရီးစဥ်နဲ့ရက်အတိုအရှည်ပြောင်းလဲနိုင်သလို မိမိစိတ်ကြိုက် Itinerary ကိုလည်း MIC က လိုအပ်တဲ့အတိုင်း ကြိုတင်ပြင်ဆင်ရေးဆွဲပေးပါတယ်…
5 DAYS . 2 DESTINATIONS
Top Highlight တွေကို ထိတွေ့မယ့် Bangkok Sightseeing ၊ ကမ္ဘာ့အလှဆုံးပန်းခြံကြီးတစ်ခုဖြစ်တဲ့ Nong Nooch Garden ၊ ပျော်စရာကောင်းတဲ့ ပတ္တယားကမ်းခြေမြို့တို့ကို လည်ပတ်မယ့် ဒီခရီးစဥ်က Shopping နဲ့ အေးအေးဆေးဆေးလည်ပတ်ချင်သူတွေအတွက် သင့်တော်ပါတယ်… လည်ပတ်စရာများပြားတဲ့ထိုင်းနိုင်ငံရဲ့ အခြား Highlight တွေကိုထပ်ဖြည့်ချင်ရင် (ဒါမှမဟုတ်) ကိုယ်ရဲ့အားလပ်ရက်အတိုအရှည်ပေါ်မူတည်ပြီး ပြင်ဆင်ချင်ရင်လည်း MIC က အသေးစိတ်ပြင်ဆင်စီစဥ်ပေးပါတယ်…
5 DAYS . 2 DESTINATIONS
Top Highlight တွေကို ထိတွေ့မယ့် Bangkok Sightseeing ၊ ကမ္ဘာ့အလှဆုံးပန်းခြံကြီးတစ်ခုဖြစ်တဲ့ Nong Nooch Garden ၊ ပျော်စရာကောင်းတဲ့ ပတ္တယားကမ်းခြေမြို့တို့ကို လည်ပတ်မယ့် ဒီခရီးစဥ်က Shopping နဲ့ အေးအေးဆေးဆေးလည်ပတ်ချင်သူတွေအတွက် သင့်တော်ပါတယ်… လည်ပတ်စရာများပြားတဲ့ထိုင်းနိုင်ငံရဲ့ အခြား Highlight တွေကိုထပ်ဖြည့်ချင်ရင် (ဒါမှမဟုတ်) ကိုယ်ရဲ့အားလပ်ရက်အတိုအရှည်ပေါ်မူတည်ပြီး ပြင်ဆင်ချင်ရင်လည်း MIC က အသေးစိတ်ပြင်ဆင်စီစဥ်ပေးပါတယ်…
Cultural sightseeing? Honeymoons? Family vacations? Adventures? Cruises? Beach time? You name it. Mosaic Indochina is here for your most enjoyable and memorable holidays.
© 2024 Mosaic Indochina | All rights reserved.